ဈေးကွက်ကောင်းမွန်ခိုင်မာသည့် စပျစ်ပင်ကို စိုက်ဧကများတိုးချဲ့စိုက်ပျိုးလာ

05/07/2021 11:00 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    စပျစ်သီးဈေးကွက် ကောင်းမွန်ခိုင်မာနေသည့်အတွက် ရှိရင်းစွဲ စပျစ်စိုက်ဧကများမှ ထပ်မံတိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ကျွန်တော်တို့ ရမည်းသင်းဒေသလောက်တော့ စပျစ်စိုက်ပျိုးမှု မများသေးပေမယ့်လည်း တခြားဒေသတွေမှာလည်း စပျစ်ကို နည်းနည်းချင်းစစိုက်လာကြပြီ။ အခုနောက်ပိုင်းဆိုရင် ပြည်ပမှာ အလုပ်သွားလုပ်နေသူတွေတောင် မြန်မာပြည်ပြန်လာတဲ့အခါ စပျစ်စိုက်ပျိုးရေးကို စီးပွားဖြစ်လုပ်ကိုင်ဖို့အတွက် စိတ်ပါဝင်စားလို့ အချိန်ယူလေ့လာကြတယ်။ စပျစ်စိုက်ပျိုးရေးကို အွန်လိုင်းကနေ တစ်နှစ်လောက် အချိန်ပေးလေ့လာကြတယ်။ ပြီးတော့မှ စိုက်ရက်ကို တွက်ဆပြီး မြန်မာပြည်ပြန်လာပြီး စိုက်ပျိုးကြမယ်။ အခုနှစ်ဆိုရင် စိုက်ပျိုးရာသီချိန်တောင် မရောက်သေးဘူး။ မျိုးကောင်းမျိုးသန့်တွေရဖို့အတွက် စာရင်းကြိုပေး မှာယူသူတွေတောင် ရှိပါတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းဒေသရှိ လပြည့်ဝန်းစပျစ်စိုက်ပျိုးရေးခြံမှ စီမံအုပ်ချုပ်သူ ကိုမင်းဆက်ပိုင်က ပြောသည်။

    စပျစ်သီးပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်သည့်အပြင်၊ စပျစ်သီး အသီးဈေးကွက်အပြင် စပျစ်ဝိုင်ထုတ်လုပ်ရောင်းချသည့် ဈေးကွက်မှာလည်း ကောင်းမွန်ခိုင်မာနေသည့်အတွက် ကျန်တိုင်းဒေသကြီးတချို့မှလည်း စိတ်ပါဝင်စား စိုက်ပျိုးကြသူများ ရှိလာခြင်း ဖြစ်သည်။

စပျစ်သီးပင်ကို စီးပွားဖြစ် စတင်စိုက်ပျိုးဖို့အတွက်ဆိုရင် စိုက်နည်းစနစ်နားလည်ဖို့အပြင် မျိုးကောင်းမျိုးသန့် ရရှိဖို့လည်း လိုအပ်ပါတယ်။ ပျိုးပင်တွေကို ကျွန်တော်တို့ဒေသမှာက နိုဝင်ဘာလလောက်မှာ စပြီးပျိုးထောင်တယ်။ ပျိုးပင်ရင့်အောင် နှစ်လအချိန်ယူပြီး၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာမှ မျိုးတွေကိုဖြန့်ပေးတာပါ။ ကျွန်တော်တို့ဆီက မျိုးထုတ်လိုက်တာနဲ့ စစိုက်မယ့်လူတွေက တန်းစိုက်ပျိုးလို့ရပါပြီ။ ဈေးကွက်မှာတော့ ကျွန်တော်တို့ ရမည်းသင်းဒေသက စပျစ်မျိုးတွေက ဈေးနည်းနည်းပိုတယ်။ ဈေးကြီးလည်း ဈေးကြီးတဲ့အလျှောက် ဝယ်ယူကြပါတယ်။

ဟု ကိုမင်းဆက်ပိုင်က ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် စပျစ်သီးပင်စိုက်ပျိုးရေးကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းဒေသတွင် စိုက်ဧကပမဏအများဆုံးဖြစ်သည်။ စပျစ်စိုက်ပျိုးရာတွင် အများစုမှာ မိရိုးဖလာ (စင်တင်စိုက်နည်းစနစ်) ဖြင့်သာ စိုက်ပျိုးခဲ့ကြပြီး ယခုနောက်ပိုင်းကာလများတွင် အတန်းလိုက် (ကြိုးတန်းစနစ်) စိုက်ပျိုးနည်းဖြင့် စမ်းသပ်စိုက်ပျိုးသူများလည်း များပြားလာကြောင်း သိရသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်