ရည်ရွယ်ချက်တွေ ချမှတ်မယ်

16/06/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်း လုပ်တဲ့အခါမှာ Goal ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင် ဆိုတာ ရှိကိုရှိရပါတယ်။ တောင်သူတစ်ယောက်ဖြစ်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်အကြီးကြီးက သက်သက်ဖြစ်ပြီး လုပ်နေတဲ့ စိုက်ပျိုးစီးပွားရေး လုပ်ငန်းမှာ ရလဒ်က ဘာဖြစ်ရမယ်ဆိုတဲ့ ပန်းတိုင်တွေ ရှိသင့်ပါတယ်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကိုစပြီးတော့ လုပ်မယ်။ ရည်ရွယ်ချက်ပန်းတိုင်ကို ချမှတ်တဲ့အခါမှာ ဘာတွေပါရမလဲ ဆိုတာ ဘယ်အရာတွေကို ထည့်ပြီး စဉ်းစားသင့်လဲ ဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်

ပထမဆုံးက ပုဂ္ဂိုလ်ရေးအရ ပန်းတိုင်ပါ

(က) စိုက်ပျိုးမွေးမြူရေးကို ဝါသနာအရလုပ်တာလား စီးပွားရေး လုပ်ငန်းကြီးအထိ သွားဖို့ ရည်ရွယ်ထားတာမျိုးလား

() အချိန်ဘယ်လောက်ထိပေးပြီး လုပ်နိုင်မလဲ

() ကိုယ့်ရဲ့ တကယ့်ဝင်ငွေ ရလမ်းက စိုက်ပျိုး မွေးမြူရေး ဖြစ်ချင်တာလား

() လတ်ဆတ်ပြီး အန္တရာယ်ကင်းတဲ့ ထုတ်လုပ်မှုကို လုပ်ချင်တာလား

စတဲ့ တစ်ကိုယ်ရည် ချမှတ်ထားတဲ့ ပန်းတိုင်ကို အရင်သိရပါမယ်။ အဲ့ဒါမှ လမ်းကြောင်းကို တစ်ခါတည်း လိုက်နိုင်မှာပါ။ အော်ဂဲနစ် လမ်းကြောင်းလိုက်မယ် လို့ ရည်ရွယ်မှ အော်ဂဲနစ်ဖက်ကို လေ့လာဖြစ်မှာပါ။

အဲ့တော့ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားကြည့်ပါ။ ငါက ဘာကြောင့် ဒီလမ်းကို ရွေးချယ်ခဲ့ရသလဲ ဆိုတာရယ်။ ဘယ်လောက်ထိတော့ အောင်မြင်အောင် လုပ်မလဲဆိုတာရယ်ကို ရည်ရွယ်ချက် တစ်ခု ချလိုက်ပါ။

အဲ့လို ကိုယ့်ရည်ရွယ်ချက်ကို ရွေးပြီရင် ရေးချလိုက်ပါ။ နောက် လိုအပ်ချက်တွေ တွေးတော စဉ်းစားပါ။ စာဖတ်ဖို့လိုတယ်ဆို စာဖတ်ပါ။ နည်းပညာတွေ သိဖို့လိုတယ်ဆို သိအောင်လုပ်ရင် ကိုယ်ပိုင်ရည်ရွယ်ချက်ကို ပြည့်စုံစေနိုင်မှာပါ။

ဒုတိယ ကတော့ စီးပွားရေးအရ ပန်းတိုင် ပါ

စိုက်ပျိုးမွေးမြူရေးကို ဝါသနာအရ လုပ်တယ်ဆိုရင်တောင် ကိုယ့်ထဲကချည်းပဲ စိုက်ထုတ်နေရမယ် ဆို အဆင်မပြေပါဘူး။ သင့်တင့်တဲ့ လုပ်ငန်းလည်ပတ်မှု စရိတ်အထိ ဘယ်လိုလျော့ချမလဲ ဘယ်လိုရှာပြီး လည်ပတ်နိုင်အောင် လုပ်မလဲဆိုတဲ့ အချက်က အရေးကြီးပါတယ်။ ဒီရည်ရွယ်ချက်က စီးပွားရေး အရ မဖြစ်မနေ လုပ်ကိုလုပ်ရမဲ့ ချမှတ်ရမဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာ ရည်ရွယ်ချက်ပန်းတိုင်

သဘာဝကို ချစ်ကြပါ။ ပတ်ဝန်းကျင်က ကိုယ့်ကို ပေးထားတဲ့ လက်ဆောင်တွေကို တန်ဖိုးထားတတ်အောင်လို့ ဒီရည်ရွယ်ချက်ပန်းတိုင်တွေနဲ့ ထိန်းပါ။ ကိုယ်က ထိန်းသိမ်းနိုင်လေလေ ကိုယ့်အကျိုးစီးပွားက အောင်မြင်လေလေဖြစ်မှာပါ။

(က) စိုက်ခင်းဝယ်တုန်းက ပါတဲ့ အရင်းအမြစ်တွေကို ဘယ်လိုထိန်းသိမ်းမလဲ။

() မြေတိုက်စားမှုကို ဘယ်လိုထိန်းချုပ်မလဲ

() သောက်လို့ရတဲ့ စမ်းချောင်းကလေးကို ပိုးသတ်ဆေး အဆိပ်မသင့်အောင် ဘယ်လိုနည်းနဲ့ ကာကွယ်မလဲ။

အဲ့လို အချက်တွေက ပတ်ဝန်းကျင်ကို မထိခိုက်အောင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လို ပန်းတိုင်တွေချမလဲ။ အဲ့အချက်ကို ထည့်သွင်းစဉ်းစားရမှာပါ။ ငါအမြတ်အများကြီးရချင်လို့ အထွက်တိုးချင်လို့ဆိုပြီး ဓာတုမြေသြဇာ တွေ နင်းကန်ထည့်လို့ကတော့ သဘာဝပတ်ဝန်းကျင်ကြီး ပျက်ပြီး အပေါ်မှာ ကိုယ်ချထဲ့တဲ့ ရည်မှန်းချက်ပန်းတိုင် ၂ ခုကိုလည်း ရောက်နိုင်တော့မှာမဟုတ်ပါဘူး။

အဖွဲ့ အစည်း ပန်းတိုင်

စိုက်ပျိုးမွေးမြူရေးကို လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ပြီဆိုကတည်းက တစ်ဦးတစ်ယောက်တည်း သီးသန့်လုပ်ကိုင်လို့ရတာမဟုတ်ပါဘူး။ သွင်းအားစုဝယ်တာကအစ ပစ္စည်းငှားတာ၊ ထုတ်ကုန်တွေကို ထုတ်ရောင်းတာ အဆုံး တစ်ယောက်တည်း လုပ်လို့ရတာမဟုတ်ပါဘူး။ ဒီလို အခြေအနေမှာ ထုတ်ကုန်ရော သွင်းအားစုတွေအတွက်ရော စုပေါင်းပြီး ဝယ်တာမျိုး စုပေါင်းစိုက်ကြတာမျိုးနဲ စုပေါင်းပြီး ရောင်းကြတာမျိုးက ပိုပြီးတော့ အဆင်ပြေတာတွေရှိပါတယ်။ အဲ့အတွက် ကိုယ်ကလည်း အဖွဲ့အစည်းအားဖြင့် ငါဘယ်အဖွဲ့မှာ ဘယ်လောက်ထိ ဖြစ်ချင်သလဲဆိုတာကိုပါ ထပ်ပြီးတော့ ရည်မှန်းချက်လေး ချထားပေးပါ။

ဘယ်လိုရည်မှန်းချက်တွေ ဖြစ်သင့်သလဲ

အောက်မှာ ဥပမာ တစ်ခုပေးထားပါတယ်

၂၀၂၀ ဒီဇင်ဘာလ မှာ မုန်လာထုပ် စိုက်ပြီးပျိုးပြီး ၂ ၕက ရောင်းပြီးသား ဖြစ်နေရမယ်။

အဲ့ဒါက ပန်းတိုင်တစ်ခုပါ။ ပန်းတိုင်တစ်ခု ရည်ရွယ်ချက် တစ်ခုကို ချမှတ်တဲ့အခါမှာ စမတ် (SMART) ဖြစ်ရပါတယ်။ စမတ်ကျရပါတယ်။

စမတ်ကျကျ ရည်မှန်းချက်ပန်းတိုင်ဆိုတာ အပေါ်က ဖော်ပြခဲ့သလိုမျိုး

() Specific - ရှင်းလင်းရပါမယ်။

() Measurable - တိုင်းတာလို့ ရနိုင်ရပါမယ်။

() Attainable - ရနိုင် ရောက်နိုင်တဲ့ အခြေအနေ ဖြစ်ရပါမယ်။

() Rewarding - ကိုယ်တိုင်လည်း စိတ်ကျေနပ်မှု ရှိရပါမယ်။

() Timed - အချိန်သတ်မှတ်ချက်လည်း ပါရပါမယ်။

ကဲ စမတ်ကျတဲ့ တောင်သူကြီးများ ဖြစ်ကြပြီးအောင်မြင်တဲ့ စီမံခန့်ခွဲသူများ ဖြစ်ကြပါစေ။

ထွန်းဝင်းကျော်

Reference

https://www.google.com/url?sa=t&source=web&rct=j&url=http://www.fao.org/3/ca4601en/ca4601en.pdf%3Ffbclid%3DIwAR2_wwg7FzmbgNclVA8AeaJPZJqwmuAU5J94Xnc8UcTf8DWQHBc01Y0pYQ0&ved=2ahUKEwjlpo2UsvTpAhVggUsFHbYMDVMQFjAAegQIBBAB&usg=AOvVaw0Kl-3Wm8sA_pfxIySTKSTH


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်