ပွဲရုံတင်ပို့သည့်စရိတ်နှင့် ပွဲစားခများတွက်ချက်ပါက ကြက်သွန်တစ်ပိဿာလျှင် ၅၀ ကျပ်နှုန်း တောင်သူများကုန်ကျနေ

23/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပွဲရုံသို့ တင်ပို့ရသည့် စရိတ်စကများနှင့် ပွဲစားခများကို တွက်ချက်ပါက ကြက်သွန်တစ်ပိဿာလျှင် ၅၀ ကျပ်နှုန်း ကုန်ကျနေရကြောင်း သိရသည်။

ကြက်သွန်က အရင်းအနှီးများသလို ဈေးကွက်ကောင်းတဲ့ ကာလမှာဆိုလည်း ငွေများများရနိုင်တော့ ဒီဒေသမှာဆို ကြက်သွန်စိုက်တာများတယ်လေ။ ဈေးကွက်အခက်အခဲကတော့ ဈေးကျနေချိန်ဆို တောင်သူတွေက ပွဲရုံကိုသွားပို့ပေးရတယ်။ ဈေးကောင်းနေတဲ့ အချိန်၊ Export ရှိတဲ့အချိန်တွေဆိုရင်တော့ ပွဲစားတွေက ခြံအရောက်လာဝယ်တယ်။ ဈေးကွက်လိုလားလို့ ခြံအရောက်လာဝယ်တဲ့အခါတော့ အခွံပါမကျန် လှောင်ထားသမျှ အကုန်သယ်သွားကြပေမယ့် ဈေးကျနေတဲ့အချိန်ဆိုရင်တော့ ပွဲရုံရှိရာကို သွားပို့ပေးရတယ်။ ကြက်သွန်စိုက်စရိတ်အပြင် သယ်ယူစရိတ်၊ ပွဲရုံအရောက်လမ်းခရီးစရိတ်၊ ပွဲစားခတွေကချည်း တစ်ပိဿာမှာ (၅၀) ကျပ်လောက် ကုန်ကျပါတယ်။

ဟု မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ရွာမှ ကြက်သွန်စီးပွားဖြစ် စိုက်ပျိုးသူ ဦးဝင်းမြင့်ဌေးက ပြောသည်။

    ကြက်သွန်နီစိုက်ပျိုးပါက လုပ်သားစရိတ်၊ သွင်းအားစုစရိတ်များအပါ တစ်ဧကစိုက်ပျိုးစရိတ် ပျမ်းမျှ ကျပ် (၇၀၀,၀၀၀) နှင့် (၈၀၀,၀၀၀) ကြား ကုန်ကျကြောင်း သိရသည်။ 

မနှစ်ကလို တစ်ပိဿာ ၂,၀၀၀ - ၃,၀၀၀ ကျပ် ရတုန်းကတော့ တွက်ခြေကိုက်တာပေါ့။ အခုလို အရှုံးပေါ်တဲ့နှစ်ကျတော့လည်း ရှုံးတယ်။ တစ်ခါတလေလည်း အရင်းပဲရတယ်။ တစ်ခါတလေလည်း အရင်းပြန်မရဘူး။ အခုလို ကိုဗစ်ကာလမှာ တစ်ပိဿာ (၃၅၀) ကျပ်အထိကျသွားတော့ အရင်းကချည်း (၄၅၀) (၅၀၀)လောက် ကုန်ထားတာဆိုတော့ ရှုံးပါတယ်။ တောင်သူတွေကတော့ ဘေးဝင်ငွေမရှိဘူးလေ။ အရှုံးကိုခံသာအောင် စပါး၊ ကြက်သွန်၊ ငရုတ်၊ ပဲ၊ ဆေးရွက်ကြီး စတာတွေကို လှည့်စိုက်ကြရပါတယ်။ လှည့်စိုက်တဲ့အခါကျတော့ စပါးဆို ဝမ်းစာအတွက်ရတာပေါ့။ ကျန်တဲ့ ပိုလျှံတာလေးတွေကိုတော့ လိုတဲ့အပင်တွေထဲ လိုသလိုဖြည့်ရတာပေါ့။

ဟု ဦးဝင်းမြင့်ဌေးက ဆက်လက်ပြောသည်။

    ကြက်သွန်နီဈေးအတက်အကျ စောင့်ဆိုင်းနေချိန်တွင် သိုလှောင်ထားသူများအနေဖြင့် ပျက်စီးဆုံးရှုံးမှု နည်းပါးစေရန်အတွက် ကြက်သွန်နီသိုလှောင်သည့် စနစ်များကို သိရှိကျွမ်းကျင်ထားရန် အထူးလိုအပ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်