စျေးကွက်ကောင်းမွန်တဲ့ ကညွှတ်စိုက်ပျိုးရေးကို တောင်သူများ စိတ်ပါဝင်စားလာ

09/01/2020 12:57 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စျေးကွက်အနေအထား ကောင်းမွန်နေသည့် ကညွှတ်စိုက်ပျိုးရေးကို တောင်သူများ စိတ်ဝင်စားမှု များပြားနေကြောင်း ကညွှတ်စီးပွားဖြစ်စိုက်ပျိုးနေသူများက ပြောသည်။

''ကညွှတ်ကို ဘာလို့စိုက်ပျိုးဖြစ်သွားတာလဲဆိုတော့ ကညွှတ်က စျေးကွက်ရှိလို့ပါ။ ကျန်းမာရေးအတွက်လည်း စားသုံးဖို့ အထူးသင့်လျော်တဲ့ သီးနှံတစ်ခု ဖြစ်လို့ပါ။'' á€Ÿá€Ż မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အင်သာကျေးရွာမှ ကညွှတ်စိုက်တောင်သူ မခင်မျိုးသန့်က ပြောသည်။ 

ကညွှတ်ပင်သည် ပူအိုက်စွတ်စိုခြင်းကို ကြိုက်နှစ်သက်သဖြင့် မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံ၊ တောင်သာ၊  ကျောက်ဆည်ဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးနေကြပြီး၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တဝိုက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ် တို့ရှိ ဒေသတချို့၌လည်း အနည်းအကျဉ်း စိုက်ပျိုးလာကြကြောင်း သိရသည်။

''ကညွှတ်က ပြုစုတတ်ရင် လေးငါးနှစ်စားရပါတယ်။ တောင်ပေါ်ဒေသမှာတော့ နွေနဲ့မိုးပဲ ခုတ်ပါတယ်။ ဆောင်းမှာ နားပါတယ်။ ဒေသတွင်း စျေးကွက်ဘဲ ပို့ပါတယ်။ ပြင်ဦးလွင် မန္တလေးတွေကို တင်ပို့ရောင်းချပါတယ်။ တစ်ပိဿာကို အမြင့်ဆုံးစျေးကတော့ ဓာတုလွတ် စိုက်ပျိုးတယ်ဆိုရင် ၈၀၀၀ ကျပ် စျေးရပြီး အနိမ့်ဆုံးစျေးက ၅၀၀၀ ကျပ်အထိ ရပါတယ်။'' á€Ÿá€Ż ၄င်းက ဆိုသည်။

နေအိမ်စားသုံးမှုသာမက ဟိုတယ်စျေးကွက်အထိ စျေးကွက်ကောင်းမွန်နေသည့် ကညွှတ်ပင်ကို စီးပွားဖြစ်စိုက်ပျိုးပါက စတင်စိုက်ပျိုးစဉ်မှ ကညွှတ်ခုတ်ချိန်အထိ တစ်ဧက ကုန်ကျစရိတ်စုစုပေါင်း သိန်း(၂၀) ဝန်းကျင် ကုန်ကျကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM) 

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်