မြန်မာနိုင်ငံ ရာသီဥတုစံနှုန်းတွေ ပြောင်းလဲမှုများအတွက် တောင်သူများသိရန်လို

24/06/2019 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုစံနှုန်းစနစ်တွေ ပြောင်းလဲမှုများရှိလာတာကြောင့် တောင်သူလယ်သမားများ သိရှိရန်လိုအပ်ကြောင်း ဇွန်လ (၂၂) ရက်နေ့က Novetel Hotel မှာကျင်းပပြုလုပ်တဲ့ ယောမင်းကြီးဇရပ် ဆွေးနွေးပွဲမှ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုစံတွေ ပြောင်းသွားပြီဖြစ်တဲ့အတွက် မိုးရာသီကာလဟာ စံနှုန်းအသစ်တွေ ဖြစ်လာတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

“မိုးဝင်တာနောက်ကျတာ စောတာကို ရာသီဥတုကို လေ့လာနေသူတွေကတော့ သိတယ်။ လယ်သ မားတွေကျတော့ ဘယ်သိပါ့မလဲ။ လယ်သမားကတော့ အချိန်တန်ရင် လယ်ကွင်းဆင်းတာပေါ့။ ပျိုးကထောင်ပြီ။ မိုးမျှော်ပြီ။ မိုးကမလာဘူး။ အဲတော့ မျိုးတွေပုပ်ကုန်ရော။ ကျွန်တော်တို့ စံတွေပြောင်းသွားပြီ။ ကျွန်တော်တို့ လိုက်လျောညီထွေ ကျင့်သုံးဖို့လိုပါတယ်။ အထူးသဖြင့် လယ်သမားတွေ သိဖို့လိုပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ မိုးရွာသွန်းမှုနှုန်းတွေဟာ ပုံစံအသစ်ဖြစ်နေပြီ”

မြန်မာနိုင်ငံရဲ့ မုတ်သုန်ရာသီမှာ အဝင်နောက်ကျလာတဲ့အတွက်  မိုးရာသီကာလမှာ ယခင်ကထက် ရက် (၄၀) လျော့သွားတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရာသီဥတုစံနှုန်းပြောင်းလဲမှုများ ဖြစ်ပေါ်တာကြောင့် တောင်သူလယ်သမားများကို သက်ဆိုင်ရာ ဌာနများကလည်းအသိပေး ရန်လိုအပ်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်