ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း

18/03/2020 11:30 AM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

    ကောက်ရိုးသည် စပါးစိုက်ပျိုးသော ဒေသတိုင်းတွင် အလွယ်တကူရရှိနိုင်သော ကုန်ကြမ်းပစ္စည်းဖြစ်သည်။ သို့သော် ကောက်ရိုးကိုစားသုံးသော ပမာဏ၏ ၄၅ % မှ ၅၀ % ကိုသာ ခန္ဓာကိုယ်မှ အသုံးချနိုင်ပါသည်။ ကောက်ရိုးတွင် အသားဓာတ်အကြမ်း ၃-၅ %၊ မီးစုန်းဓာတ် ၀.၁၂- ၀.၁၆ % ၊ ထုံးဓာတ် ၀.၄ %၊ အမျှင်ဓာတ် ၁၀-၁၂ %၊ ဆီလီကာ ၃-၅ % ပါဝင်ပါသည်။

    ကောက်ရိုးသည် အစာကြမ်းဖြစ်၍ အမျှင်ဓာတ်များစွာပါဝင်ခြင်း၊ နိုက်ထရိုဂျင်သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်ပါဝင်မှု နည်းပါးခြင်းတို့ကြောင့် သာမန်ကောက်ရိုးကျွေးခြင်းဖြင့် ကိုယ်အလေးချိန် တစ်နေ့လျှင် (၀.၁၄) ကျပ်သားနှုန်းသာ တိုးနိုင်ခြင်းကြောင့် ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်လာမည် မဟုတ်ပါ။

    ကောက်ရိုးကို ယူရီးယား (ပုလဲ) ဓာတ်မြေဩဇာဖြင့် ပြုပြင်ကျွေးမွေးပါက မပြုပြင်သောကောက်ရိုးထက် ကျွဲနွားများနှစ်ခြိုက်စွာ (၃၀-၅၀ % ) ပိုမိုစားနိုင်ခြင်း၊ အသားဓာတ် ပါဝင်မှုများလာကာ အာဟာရဓာတ်တန်ဘိုးမြင့်မားလာ၍ အစာချေနိုင်စွမ်းတိုးတက်လာခြင်း၊ ကိုယ်အလေးချိန်တိုးတက်စေခြင်း၊ မျိုးပွားမှုဆိုင်ရာကောင်းမွန်ခြင်း၊ နို့ထုတ်လုပ်မှုတိုးတက်လာ၍ နို့တွင် အဆီဓာတ်ပါဝင်မှုများလာခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ပြီး အစာနုဖြည့်စွက်စာပမာဏကိုလည်း လျှော့ချနိုင်သဖြင့် ကုန်ကျစရိတ်လည်း သက်သာစေနိုင်ပါသည်။

ကောက်ရိုးပြုပြင်ခြင်း၊ နေရာရွေးချယ်ခြင်း

ကောက်ရိုးပြုပြင်ရန်အတွက် လွယ်ကူစွာသယ်ယူနိုင်သည့် နွားတင်းကုပ်နှင့်နီးသောနေရာ၊ ရေမဝပ်နိုင်သောနေရာ ညီညာဖြန့်ဖြူးသော မြေပြင်ပေါ်  စုပုံဖုံးအုပ် သိုလှောင်ခြင်းနည်းဖြင့် ပြုပြင်နိုင်ပါသည်။

လိုအပ်သောပစ္စည်း

- ပုလဲဓာတ်မြေဩဇာ (၅၀) ကျပ်သား (ကောက်ရိုး ၁၀ ပိဿာ ပြုပြင်ရန်အတွက်)

- ရေ (၃.၅) ဂါလံ (၅ % ဖျော်ရည်ပြုလုပ်ရန်)

- ပလတ်စတစ်စ (ကောက်ရိုးခင်းရန်နှင့် ဖုံးအုပ်ရန်)

- ရေပန်းကရား

- ကောက်ရိုးနင်းသိပ်ရန် လူ (၄-၅) ယောက်

    မြေပြင်ပေါ်တွင် ပလတ်စတစ်ကိုခင်းပြီး (၁၅-၂၀) စင်တီမီတာ (လက်တစ်မိုက်မှ တစ်ထွာသာသာ) အမြင့်ရှိ ကောက်ရိုးတစ်လွှာခင်းပြီး ယူရီးယားဖျော်ရည်ကို ရေပန်ကရားဖြင့် နှံ့အောင်ဖျန်းပါ။

    ကောက်ရိုးများကြား လေခိုအောင်မှုနည်းစေရန် ခြေထောက်ဖြင့်နင်းပြီး ကောက်ရိုးအားလုံးကုန်သည်အထိ တစ်လွှာပြီးတစ်လွှာခင်း၍ ပုလဲဓာတ်မြေဩဇာဖျော်ရည်အားလုံး ကုန်အောင်ဖျန်းပါ။ ကောက်ရိုးကို လေလုံအောင် ပလတ်စတစ်စဖြင့် သေချာစွာ ဖုံးအုပ်ရပါမည်။

    ပြုလုပ်သိုလှောင်ပြီး (၁၄-၂၁)ရက် အကြာတွင် စတင်ကျွေးနိုင်ပါသည်။ ပြုပြင်ပြီးကောက်ရိုးသည် အမိုးနီးယားအနံ့ရ၍ နူးညံ့ပျော့ပျောင်းပြီး အဝါညစ်ရောင် ပြောင်းလာပါမည်။ မကျွေးမီ အတန်ကြာအောင် လေသလပ်ထားခြင်းဖြင့် စူးရှသော အမိုးနီးယားဓာတ်ငွေ့ ကင်းစင်မည်ဖြစ်ပါသည်။

    ယူရီးယားကောက်ရိုးကို ကျွဲနွားများ အသက် (၆) လကျော်မှ စတင်ကျွေးသင့်သည်။ မှိုတက်နေလျှင် မကျွေးရပါ။ ပြုပြင်ပီးကောက်ရိုးကို သီးသန့် (သို့) ပဲဖတ်၊ နှမ်းဖတ်၊ ဖွဲနု၊ မြက်၊ ပဲနွယ်ပင်၊ ဘောစကိုင်း စသည့်အစာများနှင့် ရောကျွေးနိုင်ပါသည်။ 

ဖွဲနုနှင့် ရောကျွေးခြင်း

    နွားတစ်ကောင်စားနိုင်သည့် ပြုပြင်ပြီးကောက်ရိုးအလေချိန် စုစုပေါင်း (၁၅-၂၀ %) အလေးချိန်ရှိ ဖွဲနုနှင့် ရောကျွေးနိုင်ပါသည်။ 

    ဥပမာ - ခိုင်းနွားကြီးတစ်ကောင်သည် တစ်ရက်လျှင် ပြုပြင်ပြီးကောက်ရိုး (၈) ပိဿာ စားနိုင်ပါက ဖွဲနု (၁.၂) ပိဿာ (သို့) (၁.၆) ပိဿာ ရောကျွေးရပါမည်။

နှမ်းဖတ်နှင့်ရောကျွေးခြင်း

    နွားတစ်ကောင်စားနိုင်သည့် ပြုပြင်ပြီးကောက်ရိုးစုစုပေါင်း၏ (၁၀ %) အလေးချိန်ရှိ နှမ်းဖတ်နှင့် ရောကျွေးပါ။ ဥပမာ - ပြုပြင်ပြီးကောက်ရိုး (၈) ပိဿာကျွေးရမည်ဆိုလျှင် နှမ်းဖတ် (၈၀) ကျပ်သား ရောကျွေးရပါမည်။

    မြန်မာနိုင်ငံတွင် ကောက်ရိုးစားသုံးသော ကျွဲနွားများဖြင့် လယ်ယာလုပ်ငန်းကို ဆောင်ရွက်နေရပါသည်။ ကောက်ရိုးထက် ဈေးနှုန်းသက်သာပြီး အလွယ်တကူရှိနိုင်သော တိရစ္ဆာန်အစားအစာကို ရှာဖွေ၍မရနိုင်သေးသဖြင့် ရှိရင်းစွဲကောက်ရိုးကို အာဟာရတန်ဖိုး ပိုမိုပြည့်စုံစေပြီး ကျွဲနွားများ နှစ်ခြိုက်စွာစားနိုင်စေရန် ယူရီးယား (ပုလဲ) ဖြင့် ပြုပြင်ကျွေးမွေးခြင်းဖြင့် အစာနုကုန်ကျစရိတ်သက်သာစေပြီး ကိုယ်အလေးချိန်တိုးလာကာ ကျန်းမာဝဖြိုးအင်အားတိုးပြီး နို့ထွက်နှုန်းပိုမိုကောင်းမွန်သည့် ကျွဲနွားများ တိုးပွားလာနိုင်မည် ဖြစ်ပါကြောင်း ရေသားတင်ပြလိုက်ရပါသည်။

 (ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်