သတ်မှတ်ထားတဲ့ မြေဩဇာဥပဒေတွေ

21/06/2024 16:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ဥပဒေဆိုတာကတော့ စားသုံးသူရော ထုတ်လုပ်သူကိုရော အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။ ဆိုတော့ မြေသြဇာ ဥပဒေက တားမြစ်ချက်တွေကို လေ့လာကြည့်ရအောင်ခင်ဗျ

တားမြစ်ချက်တွေရဲ့ ပထမဆုံးအချက်ဖြစ်တဲ့ 

အပိုဒ် (၃၁) မှာ မှတ်ပုံတင်လက်မှတ်မရှိဘဲ မြေသြဇာတွေကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း နှင့် တင်သွင်းခြင်း၊ တင်ပို့ခြင်းများ ပြုလုပ်ခွင့်မရှိပါလို့ ဆိုပါတယ်။ 

အပိုဒ် (၃၂) လိုင်စင်မရှိပဲ မြေသြဇာတွေကို စီးပွားရေးအလို့ငှာ သိုလှောင်ခြင်း (သို့) ဖြန့်ဖြူးရောင်းချခွင့်မရှိပါ။ 

အပိုဒ် (၃၃) မြေသြဇာအတုကိုဖြစ်စေ၊ မူလစံချိန်စံညွှန်း နှင့် ကိုက်ညီခြင်းမရှိသော မြေသြဇာကိုထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရ။ 

အထက်ပါ အချက်တွေထဲက တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်တယ်ဆိုရင် ထောင်ဒဏ် (၃) နှစ် အထိ ဖြစ်စေ၊ ငွေဒဏ် (၁၀)သိန်းအထိဖြစ်စေ၊ ဒဏ် (၂)ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒါ့အပြင်ကို ပြစ်မှု နဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းကို သိမ်းဆည်းမှာဖြစ်ပါတယ်။ ပြီးရင် စိုက်ပျိုးရေးဦးစီးဌာနက လွှဲပြောင်းလက်ခံရယူမှာဖြစ်ပါတယ်။ 

နောက်တစ်ခုက 

အပိုဒ် (၃၅) မည်သူမျှ မြေသြဇာကို စိုက်ပျိုးရေးလုပ်ငန်းမှ အပ အခြားနည်း သုံးစွဲခြင်း မပြုရ ဆိုတဲ့ အချက်ပါ။ 

ဒီအချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေကျပ် (၅)သိန်းအထိဖြစ်စေ၊ ပြစ်ဒဏ် (၂)ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဆိုတဲ့အချက်ဖြစ်ပါတယ်။ 

ဒါကတော့ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ပြန်လည်ပြင်ဆင်ထားတဲ့ မြေသြဇာဥပဒေပါ တားမြစ်ချက်နဲ့ ပြစ်ဒဏ်တွေပဲဖြစ်ပါတယ်။ 

ဆိုတော့ ဈေးကွက်ထဲမှာရှိနေတဲ့ မြေသြဇာတွေက တရားဝင် ရောင်းနေတာလား တရားမဝင်ရောင်းနေတာလားကို ဘယ်လို သိနိုင်မလဲဆိုရင် 

မှတ်ပုံတင် နံပါတ်ကို အိတ်ခွံ၊ ဘူးခွံတွေမှာ ရှာကြည့်ပါ။

ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ မြေသြဇာတွေဆိုရင် ထလ နဲ့ မှတ်ပုံတင်နံပါတ် ထုတ်ပေးပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ မြေသြဇာတွေကို တသ နဲ့ မှတ်ပုံတင် နံပါတ် ထုတ်ပေးပါတယ်။ 

ဥပမာ - ထလ တသ

ဒါတွေ မပါရင် မှတ်ပုံတင်ပြီး ရောင်းချနေတဲ့ မြေသြဇာတွေ မဟုတ်ဘူးဆိုတာ လုံးဝ သေချာပါတယ်။ တစ်ချို့က ပုံမှားရိုက်ကြပါသေးတယ်။ ဓာတ်ခွဲတဲ့ အဆင့်မှာ ပေးတဲ့ ဓခ စာအမှတ်ကို ခပ်တည်တည်နဲ့ ရိုက်ထည့်ထားတတ်ကြပါတယ်။ 

အညွှန်းကိုဖတ်ကြည့်ပါ။ မြေအသုံးချရေးဌာနခွဲက မှတ်ပုံတင်တဲ့အချိန်မှာ အညွှန်းစာကို အသေးစိပ်ကြည့်ပါတယ်။ 

ထုတ်လုပ် သို့ တင်သွင်းတဲ့ကုမ္ပဏီရဲ့ အမည်နဲ့လိပ်စာ ပါကို ပါရပါတယ်။

အသုံးပြုပုံ နည်းစနစ်တွေဟာ အားလုံး မြန်မာလိုပဲဖြစ်ရပါတယ်။ ဘာစာမှမပါဘူး၊ စာတော့ပါပါတယ်။ မြန်မာဘာသာမဟုတ်တဲ့ တစ်ခြားဘာသာစကားတွေဖြစ်နေတယ်ဆိုရင် သုံးစွဲဖို့ စဉ်းစားပါ။ 

ပြီးတော့ အင်တာနက်ဖွင့်ပြီး ဒီlinkမှာလည်း စစ်ဆေးကြည့်လို့ရပါတယ်။ https://landusedivision.doa.gov.mm/ 

မှတ်ပုံတင်ခြင်းကနေ တင်သွင်းလား ထုတ်လုပ်လားကနေ ရှာကြည့်လို့ရပါတယ်။ 

ဘာလို့ မှတ်ပုံတင်ထားတဲ့ မြေသြဇာတွေကို သုံးခိုင်းတာလဲ ဆိုတော့

  • အရည်အသွေး စိတ်ချရတယ်။
  • ဓာတ်ခွဲ၊ အပင်မှာစမ်းသပ်ပြီးမှ မှတ်ပုံတင်လက်မှတ်ထုတ်လုပ်ပေးထားတာမို့ ဘာမှန်းမသိတဲ့ မြေသြဇာတွေနဲ့တော့ မတူတာ အမှန်ပါပဲ။ 
  • တာဝန်ယူမှု တာဝန်ခံမှု အကြောင်း ပြောနိုင်တယ်။
  • တရားဝင် တင်သွင်းရောင်းချတာမို့ တာဝန်ယူတာ တာဝန်ခံတာ တွေ ရှိနိုင်ပါတယ်။ 

မှတ်ပုံမတင်ထားတဲ့ မြေသြဇာတွေက အခြားနိုင်ငံတွေကနေ ဈေးပေါပေါနဲ့ တင်သွင်းလာပြီး ဒီဖက်မှာ ဈေးကြီးကြီးနဲ့ရောင်းရလို့ဖြစ်ဖြစ် ကိုယ့်ကျိုးစီးပွားအတွက် လုပ်ကြတာမျိုးက ပိုများပါတယ်။

အရည်အသွေးပိုင်းကတော့ အထူးတလယ်ကြီး ကောင်းမွန်တယ်ဆိုတာမျိုး မရှိနိုင်ပါဘူး၊ ဘာပါလဲ ဆိုတာလည်း အိတ်ခွံပေါ်က ဂဏာန်းသက်သက်သာဖြစ်နိုင်ပါတယ်။ သူတို့ကို ဘယ်လိုမှ လိုက်ပြီးတော့ ဝာာဝန်ယူခိုင်း တာဝန်ခံခိုင်းဖို့ကတော့ မဖြစ်နိုင်ပါဘူး။ မြေသြဇာဥပဒေပါ အထက်ဖော်ပြခဲ့တဲ့ အချက်တွေအတိုင်း တိုင်ကြားလို့ရနိုင်ပါကြောင်းပါခင်ဗျာ။

ဒါကတော့ မှတ်ပုံတင်ထားတဲ့ မြေသြဇာတွေရော မှတ်ပုံမတင်ထားတဲ့ မြေသြဇာတွေအတွက်ရော အကျုံးဝင်ပါကြောင်း..

Reference  https://www.mlis.gov.mm/lsScPop.do?lawordSn=6792 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်