အတိုးများများနဲ့ငွေချေးတဲ့အခါ နောက်ဆက်တွဲဘာတွေဖြစ်လာမလဲ - အပိုင်း (၁)
တစ်ခါက နယ်မြို့လေးတစ်မြို့မှာ ကိုမောင်နဲ့ မပြုံးဆိုတဲ့ ကြင်စဦးဇနီးမောင်နှံ နှစ်ယောက်ရှိပါတယ်။
မင်္ဂလာဆောင်စဉ်ကရတဲ့ မင်္ဂလာလက်ဖွဲ့ ပိုက်ဆံလေးတွေနဲ့ ဆိုက္ကားတစ်စီးဝယ်ပြီး ယောက်ျားဖြစ်သူက ဆိုက္ကားနင်းပါတယ်။ ဇနီးဖြစ်သူကတော့ ရာသီပေါ် ဟင်းသီးဟင်းရွက်လေးတွေ ရောင်းရင်း ဘဝကို ဖြတ်သန်းနေပါတယ်။တစ်နေ့လုပ်တစ်နေ့စားဘဝတွေမို့ ငွေလည်း မစုနိုင်ရှာပါဘူး။
ဒီလိုနဲ့ ဇနီးဖြစ်သူက မမျှော်လင့်ပဲ ကိုယ်ဝန်ရလာပါတယ်။ အရင်လို ဈေးလည်း ပုံမှန်မရောင်းနိုင်တော့ပဲ ယောက်ျားဖြစ်သူရဲ့ ဝင်ငွေနဲ့ပဲ စားသောက်ရင်း ရှိတာလေးတွေ ထုခွဲရောင်းချပြီး ဖြေရှင်းရပါတယ်။ မွေးခါနီးမှာ မွေးဖွားဖို့ စရိတ် မရှိတာကြောင့် ရပ်ကွက်ထဲက ငွေတိုးချေးသူထံကနေ ၂၀ကျပ်တိုးနဲ့ ငွေ ၃ သိန်းချေးခဲ့ပါတယ်။
ကလေးမွေးဖွားပြီးနောက်ပိုင်းမှာလည်း ယောက်ျားဖြစ်သူရဲ့ ဆိုက္ကားနင်းလို့ရတဲ့ ငွေက စားသောက်ဖို့နဲ့ ကလေးစရိတ်အတွက် မလောက်ငှပါဘူး။ ဒါ့ကြောင့်ချေးထားတဲ့ငွေ ၃သိန်းကို အရင်းရော အတိုးပါ လုံးလုံးမဆပ်နိုင်တဲ့ အခြေအနေဖြစ် နေပါတယ်။
ဒီလိုနဲ့ ငွေချေးပြီး ၆လ အကြာမှာတော့ အတိုးနဲ့အရင်းပေါင်းပြီး ၉သိန်းလောက် ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ ကိုမောင်နဲ့ မပြုံးတို့လင်မယားနှစ်ယောက် ကြံရာမရဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့ ဆိုက္ကားလေးကို ရောင်းချပြီး အကြွေးဆပ်လိုက်ရပါတယ်။
ပိုက်ဆံ ၃ သိန်းချေးရင်းကနေ ၆လအကြာမှာ ဘာကြောင့် ၉သိန်းဖြစ်သွားရတာလဲဆိုတာကို အပိုင်း (၂) မှာဆက်လက်ဖော်ပြသွားပါ့မယ်။
ဆက်စပ်ဆောင်းပါးများ
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
ဗီဒီယို
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီးပါပြီ မှိုဆေးအရင်ဖျန်းရမလားအားဆေးအရင်ဖျန်းရမလား ဘာမှိုဆေးဖျန်းသင့်လဲ
Sawsamson • ဖြေကြားချက် 0 ခု
စပါးပြီးတော့ ဘာသီးနှံတွေ စိုက်ကြဖို့ စိတ်ကူးထားကြလဲဗျ?
Thein Soe Min • ဖြေကြားချက် 3 ခု
ပြောင်းဖူးခင်း ဖောငမြောင်တောင်ကျနေလို့ ဘာဆေးဖျန်းရမလဲ အီမာမက်တင်ဘန်ဇိုအိတ်တော့ဖျန်းထားပါတယ်
cherry lay • ဖြေကြားချက် 1 ခု
ပန်ထိမ်ငိုပန်းစိုက်ရင်ဘယ်ချိန်လောက်စိုက်ရင်အကောင်းဆုံးလဲဗျ၊အရိပ်ကောကြောက်လားဗျ
Paul shan aung. • ဖြေကြားချက် 1 ခု
မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်တစ်အက်ဆစ်နဲ့ရော တွဲသုံးလို့ရလား သိချင်ပါတယ့် မြေခံကိုတော့ ထရိုင်ကိုဒါးမားဖြန်းခဲ့ပါတယ်
Thiha • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
More from Mango Magazine
အားလုံး