ငွေအမြန်ပေါ်မယ့် ငါးမွေးမြူရေးစနစ်အကြောင်း တစ်စေ့တစ်စောင်း

05/06/2018 10:09 AM တွင် internews internews မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

ငါးခူ၊ ငါးကြင်း၊ ငါးရှဉ့်တွေကို ဗီယက်နမ်နည်းပညာနဲ့ စနစ်တကျ မွေးမြူနိုင်ဖို့အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ကနေ သင်တန်းတွေပို့ချလျက်ရှိနေပါတယ်။ သင်တန်းမှာတော့ ငါးကန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်လုပ်သား သင်တန်းကြီးကြပ်သင်တန်း၊ မန်နေဂျာသင်တန်းတွေကို ရှစ်တန်းအောင်မှ ဘွဲ့ရအထိ ပညာအရည် အချင်းရှိတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ (သို့) ဝါသနာပါသူတွေကို ခေါ်ယူကာ နေစရိတ် စားစရိတ်ငြိမ်း သင်တန်းပေးလျက်ရှိပါတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းပါ ဖန်တီးပေးလျက် ရှိပါတယ်။

- သင်တန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာနတွေမှာ စုံစမ်းနိုင်ပါတယ်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့ သင်တန်းတွေကိုတော့ သုံးလတစ်ကြိမ် ခြောက်လတစ်ကြိမ်စသဖြင့် အလျဉ်း သင့်သလို ပို့ချပေးနေပြီး နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြော်ငြာထည့်သွင်းကာ ကြေညာလျက်ရှိပါတယ်။

- ငါးမျိုးစပ်နည်းကို မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ၂၀၁၈ ခုနှစ်မှာ သင်တန်းပေးဖို့ စီစဉ်နေသလို ငါးမျိုးတွေ ကိုလည်း ရောင်းချပေးဖို့ အစီစဉ်ရှိနေပါတယ်။

မြန်မာနိုင်ငံက မွေးမြူရေးငါးကန်တွေဟာ အကျယ်အဝန်း ၅ ဧကလောက်ကျယ်ဝန်းပြီး ငါးကန်ထဲမှာ ငါးကောင် ရေ ၁၂၀ ခန့်ကို မွေးမြူနေတာကို တွေ့ရပါတယ်။ ရေလုပ်ငန်းနဲ့ အောင်မြင်နေတဲ့ ဗီယက်နမ်လိုနိုင်ငံမျိုးမှာ ကန် သေးသေးလေးနဲ့ အကောင်ရေများများ မွေးမြူတဲ့နည်းကို ကျင့်သုံးနေပြီဖြစ်တာကြောင့် ကုန်ကျစရိတ်နည်းပြီး အမြတ်ပိုရတဲ့အခြေအနေ ရှိနေပါတယ်။

ငါးခူ၊ ငါးကြင်းမွေးမြူရေးမှာ သတိထားရမယ့်အချက်တွေ

- တစ်ဧထက်မကြီးတဲ့ကန်နဲ့ မွေးသင့်တယ်။

- သဘာဝနည်းထက် ငါးမျိုးစပ်ပြီး မျိုးဖောက်မွေးသင့်ပါတယ်။

- ငါးစာတွက် ရေပေါ်စာကို အကျင့်ရအောင်ကျွေးသင့်ပါတယ်။

- ရေကြီးခြင်းကဲ့သို့ သဘာဝဘေးများအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ငါးကန်ဘောင်ကို အမြင့် ၅ ပေအထိ ထားသင့်ပါတယ်။

- အကောင်ရေများများမွေးတဲ့စနစ် ကျင့်သုံးသင့်ပါတယ်။ (တစ်ဧက တစ်ကန်အတွင်း ငါးကောင်ရေ တစ်သိန်းနှစ် သောင်းထိ မွေးနိုင်ပါတယ်။

- ကုန်ကျစရိတ်သက်သာစေရန် တာလပတ်ခင်းပြီး မွေးမြူနိုင်ပါတယ်။

ငွေမြန်မြန်ပေါ်တဲ့ငါးကို အစားထိုးမွေးမြူကြမယ်

တစ်နှစ်ခွဲ နှစ်,နှစ်မွေးရပြီး နှစ်,နှစ်ကျော်မှငွေပေါ်တဲ့ ငါးမြစ်ချင်း၊ ငါးကြင်းအစား သုံးလကနေ ခြောက်လအတွင်း ငွေမြန်မြန်ပေါ်တဲ့ ငါးခူး၊ ငါးရံ့၊ ငါးပြေမ နဲ့ ငါးရှဉ့်ကို အစားထိုးမွေးမြူသင့်တယ်လို့ ပညာရှင်တွေက အကြံပြု ထားပါတယ်။ အကြံပြုချက်တွေကို လေ့လာရအောင်ပါ။

"အသားစားငါးတွေက ရှားပါးလာတယ်။ ရှော့တိုက်ပြီး ငါးဖမ်းခြင်းက ဘေးပတ်ဝန်းကျင်က အကောင်တွေကိုပါ ပျက်စီးစေတယ်။"

အားသာချက်တွေ

- တစ်ဧကခန့်သာရှိတဲ့ ကန်သေးသေးလေးနဲ့ မွေးမြူနိုင်ခြင်း။

- ကန်မတူးနိုင်သူတွေအတွက် တာလပတ်ခင်းကာ မွေးမြူနိုင်ခြင်း။

- ကုန်ကျစရိတ် နည်းသွားခြင်း။

- ငွေမြန်မြန်ပေါ်ခြင်း။

- ရာသီဥတုအန္တရာယ် ကျရောက်ပါက ကန်သေးတဲ့အတွက် ငါးများမထွက်သွားအောင် စီမံခန့်ခွဲရ လွယ်ကူခြင်း။

ငါးရှဉ့်မွေးမြူရေးအတွက် ကောင်းကျိုးတွေကဘာတွေလဲ?

- လယ်သမားကိုယ်တိုင်သားဖောက်ပြီး မွေးမြူနိုင်ခြင်း။

- စပါးစိုက်တဲ့ လယ်ထဲမှာပဲ မွေးမြူနိုင်ခြင်း။ လယ်ကိုဒုက္ခပေးတဲ့ ခရုတွေကို ဖမ်းပြီး ငါးရှဉ့်စာအဖြစ် ပြန်လည် အသုံးပြုနိုင်တဲ့အတွက် လယ်အတွက်ကောင်းရုံတင်မကပဲ ငါးရှယ့်စာအတွက် သီးသန့်ငွေ ကြေးကုန်ကျခြင်း မရှိခြင်း။

ပုံမှန်မဟုတ်တဲ့ ငါးဖမ်းစနစ်တွေကို ရှောင်ကြဉ်ပါ

- မျိုးပွားမှုကို အနှောင်အယှက်ပေးစေတဲ့ ရှော့တိုက်နည်းနဲ့ ငါးဖမ်းတာကို လုံးဝရှောင်ကြဉ်ပါ။

- ငါးမျိုးရေရှည်တည်တံ့မှုကို ဒုက္ခပေးရာရောက်တဲ့ ပိုက်ကွန်သေးဖြင့် ငါးဖမ်းမှုကို ရှောင်ကြဉ်ပါ။

- ငါးရှဉ့်ဖမ်းရာမှာ အနံ့ပြင်းတဲ့ ရှန်ပူ (ခေါင်းလျှော်ရည်)၊ ပရုတ်လုံး သုံးကာ မဖမ်းရ။ (လအနည်းငယ်အတွင်း ငါး သေတတ်ပါတယ်)

Source - Internews နှင့် စိုက်မွေးဆည်ဝန်ကြီးဌာန

ပန်းဖလက်ရယူရန် - http://bit.ly/2mVdizM

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်