၁ ။ ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေး အသင်းမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ၊ ခတ္ထိယကျေးရွာ အတွင်း ရှိ ငါးမွေးမြူရေး ကန်များ အတွင်း စုပ်ခွက်ငါး ( Sucker fish) များ ဝင်ရောက် ဖျက်ဆီးလျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည် ။ ဒီဇင်ဘာလ ၁၅ ရက် ၊ ၂၀၁၇ ရက်နေ့တွင် Facebook Account ပိုင်ရှင် ko Htet မှ ၎င်းပိုင်ဆိုင်သော ငါးကန်များ နှင့် အနီးပတ်ဝန်းကျင်ရှိ လုပ်ငန်းရှင်များပါ စုပ်ခွက်ငါး ပြသနာနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသဖြင့် သတင်းစတင်ရရှိခဲ့ပါသည် ။ အဆိုပါကျေးရွာ သို့ ၂၁.၁၂.၂၀၁၇ ရက်နေ့တွင်BANCA အသင်း မှ ဦးအောင်မြင့်ဦး ( Project Coordinator) ၊ ဦးသော်ဖြိုးရွှေ ( Program Officer) ၊ မအိသ ဉ္ဇာအောင် ( Program assistant) ၊ မခိုင်ဆွေဝါ ( Volunteer) တို့ပါဝင်သော အဖွဲ့သည် ပဏာမ ဆန်းစစ်လေ့လာမှူများ ပြုလုပ်နိုင်ရန် သွားရောက်လေ့လာခဲ့ပါသည် ။
၂ ။ BANCA အသင်းမှာ တာဝန်ရှိသူများသည် တွံတေးမြို့နယ် ၊ ခတ္ထိယကျေးရွာ သို့ ၂၁.၁၂.၂၀၁၇ ရက် နေ့လည်ပိုင်းတွင် ငါးကန်ပိုင်ရှင် ဦးထက်ဖြိုးဟန်၏ ငါးကန်သို့ရောက်ရှိပြီး ငါးကန်ရှိ တာဝန်ရှိသူများနှင့် ဆွေးနွေးမေးမြန်းခြင်း ၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၎င်းစုပ်ခွက်များသည် အဆိုပါဒေသရှိ ငါးမွေးမြူရေးကန်များအတွင်းသို့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် စတင်ဝင်ရောက်လာကြောင်းဦးစွာ သိရှိရပါသည်။ ဆက်လက်ပြီး တိုင်းထွာခြင်း ၊ အလေးချိန် ချိန်တွယ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ စုပ်ခွက်ငါးများအား လေ့လာ တိုင်းတာမှုများ ပြုလုပ်ချက်အရ တစ်ကောင်လျှင် အမြီးဖျား ခေါင်းဖျား အလျား ၁၆ လက်မ - ၁၈ လက်မအထိ ရှိပြီး တစ်ကောင်လျှင် ၄၆ - ၄၈ ကျပ်သားအထိ ရှိကြောင်း သိရှိရပါသည်။ ရှေ့ရေယက်တောင် အလျား ၈.၉ လက်မ ရှိကြောင်း တိုင်းထွာ ရရှိခဲ့ပါသည် ။ ခန့်မှန်းခြေ သက်တမ်း ( ၇ လ ) ကျော်ရှိကြောင်း သိရှိရပါသည်။ ၎င်းငါးများ ကို ဒေသအခေါ် မြွေပွေးငါးခူ ဟု ခေါ်ဆိုနေကြပြီး ကိုယ်ခန္ဓာတစ်လျှောက် ဆူးငယ်လေးများ ပါရှိပြီး မတော်တဆ ထိခိုက်မိပါက အဆိပ်တက်တက်ကြောင်း သိရှိရပါသည်။ သို့သော်လည်း ပြင်းထန်လွန်းသည့် အဆိပ်မဟုတ်ပါ။
၃ ။ ခတ္တိယကျေးရွာတွင် ငါးကန်လုပ်ငန်းရှင်ပေါင်း ၄၀ ကျော်ရှိပြီး ငါးကန် ဧက ၈၀၀၀ ခန့် ရှိကြောင်း သိရှိရပါသည် ။ အဓိကမွေးမြူသောငါးအမျိုးအစားများမှာ ငါးကြင်း ၊ ငါးမြစ်ချင်းနှင့် ငါးကြင်းခေါင်းပွတို့ကို မွေးမြူပါသည် ။ ထိုင်ဝမ်ငါးခုံးမနှင့် ရေချိုငါးမုတ် (Pacu)တို့ကိုလည်း အနည်းငယ်မွေးမြူကြပါသည် ။ အဆိုပါ ငါးကန်များ အားလုံးတွင် စုပ်ခွက်ငါးများ ဝင်ရောက် ဖျက်ဆီးလျက်ရှိပြီး လွန်ခဲ့သော ၃ နှစ်၊ (၂၀၁၄)ခုနှစ်မှစ၍ အရှုံးနှင့် ရင်ဆိုင်နေရပါသည် ။ ဧက ၄၀ ငါးကန် တစ်ကန်အား ငါးဖော်ချိန်တွင် စုပ်ခွက်ငါး ပိဿာ ချိန် ၂၀၀၀ ကျော် (ကောင်ရေ ၄၀၀၀ ခန့်) ထွက်ရှိနေခြင်း ၊ ငါးကန်အလုပ်သမားများ ခြေလက်တို့တွင် စုပ်ခွက်ငါးများကြောင့် ဒဏ်ရာ ရရှိစေခြင်း ၊ ငါးကြင်း၊ငါးခေါင်းပွတို့အား ကျွေးမွေးသော အစာတောင့်များအား စုပ်ခွက်ငါးများမှ လုယက်စားသောက် သည့် အတွက် မွေးမြူထားသည့်ငါးများ အစာဝလင်စွာမစားရခြင်း ၊ စုပ်ခွက်ငါးများ၏ ဆူးတောင်များ နှင့်ထိခိုက်မှှုများဖြစ်ကာ ဒဏ်ရာဖြစ်ပေါ်ပြီး သေဆုံးမှုဖြစ်ပေါ်ခြင်း ၊ ငါးမွေးကန်၏ ကန်ဘောင်နံရံများ အား တူးဆွခြင်းကြောင့် ကန်ဘောင်ပျက်စီးခြင်းများ ဖြစ်ပေါ် လျက်ရှိပါသည်။ ထို့ကြောင့် ငါးကန်လုပ်ငန်းရှင်များ ရည်မှန်းထားသည့် ငါးထွက်နှုန်းများ လျော့ကျကာ အရှုံးနှင့်ရင်ဆိုင်နေရပါသည် ။
၄။ အဆိုပါငါးများအား စားသောက်သည့် အခြားမည်သည့် သတ္တဝါမှ မရှိခြင်းကြောင့် လွတ်လပ်စွာ ပေါက်ဖွား ရှင်သန်လျက်ရှိပါသည် ။ ငှက်နှင့် အခြား ရေပျော်ငှက်များ သည်လည်း စုပ်ခွက်ငါးများအား ဖမ်းဆီးစားသောက်မှုမရှိခြင်း ၊ ဒေသရင်း ငါးမျိုးစိတ်များဖြစ်သည့် ငါးရံ့၊ ငါးဘတ် စသည့် အသားစားကြူးသည့် ငါးများပင် စုပ်ခွက်ငါးများအား ဖမ်းဆီးစားသောက်မှုမရှိသည့် အတွက် အလွန်ပွားများလျှက်ရှိနေပါသည် ။ လက်ရှိအချိန်တွင် စားသုံးသူမရှိခြင်း ၊ ဝယ်လက်မရှိခြင်းကြောင့် ဖမ်းဆီးရမိသော ငါးများအား ကန်ငယ်တခုအတွင်း သိုလှောင်ကာ သေဆုံးသည်အထိ ထားရှိပြီး ဖြေရှင်းနေရပါသည် ။ရေအနည်းငယ်ရှိသော ကန်အတွင်း ၌ပင် ဗွက်ရည်များအကြား တစ်လကျော် ကြာသည်အထိ ထားရှိသော်လည်း ကောင်းမွန်စွာ အသက်ရှင်နေကြောင်းတွေ့ရှိခဲ့ရပါသည် ။ ငါးကန်နေ လုပ်သားများသည် ၎င်းအားကို စားသောက်ကြည့်ရာ ခန္ဓာကိုယ်ယားယံခြင်း ၊ ကိုယ်တွင်းရောဂါဟောင်းများ ပြန်လည်ဖြစ်ပွားခြင်းတို့ရှိကြောင်း သိရှိရပါသည် ။ ဒေသခံလုပ်ငန်းရှင်များ ပြောပြချက်အရ ငါးသတ်ဆေးများ ၊ လျှပ်စစ်ရှော့တိုက်ခြင်းများ ဆောင်ရွက်သော်လည်း မျိုးလျှော့နည်းခြင်းမရှိပဲ ဆက်လက်ပွားများနေကြောင်းသိရှိရပါသည် ။
စုပ်ခွက်ငါး မြန်မာနိုင်ငံသို့ဝင်ရောက်လာခြင်း အကြောင်းအရင်း
စုပ်ခွက်ငါးများသည် မြန်မာဒေသရင်းမျိုးစိတ်များမဟုတ်ပဲ ပြင်ပမှတင်သွင်းလာသော မျိုးစိတ်များဖြစ်ပါသည် ။ အဓိကအားဖြင့် အလှမွေးငါး လုပ်ငန်းရှင်များသည် ပြည်ပ နိုင်ငံများ စုပ်ခွက်ငါး မျိုးစိတ်များအား ပြည်တွင်းအလှမွေးငါး မွေးမြုသူများသို့ တစ်ဆင့်ရောင်းချပြီး မွေးမြူသူများထံတွင်အကောင်ကြီး ဖြစ်လာပြီး ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပဲ နီးစပ်ရာ မြစ်ချောင်းများအတွင်း စွန့်ပစ်ခြင်းကြောင့် လည်းကောင်း ၊ ဘာသာရေး ဓလေ့ထုံးစံအရ ငါးလွှတ်ခြင်းများတွင် ၎င်းငါးများအား မြစ်ချောင်းများ ၊ ရေကန်များ အတွင်း လွှတ်ချမှုတို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနှံံ့အပြားရောက်ရှိ ပျံ့ပွားလျက်ရှိနေပြီဖြစ်ကြာင်း သိရှိရပါသည် ။
နေထိုင်စားသောက်ပုံ နှင့် သားပေါက်ပွားပုံ
စုပ်ခွက်ငါးသည် ရေအောက်တွင် အဓိက ကျက်စားပြီး ရေအောက်မှော်ပင်များ ၊ ကြာပင်များ ၊ ကန်စွန်းရွက်များကို နှစ်ခြိုက်စွာ စားသောက်လေ့ရှိပါသည် ။ ရေနေ သတ္တဝါငယ်များ ၊ အင်းဆက်သားလောင်းများ ၊ ငါးသားလောင်းငယ်များ ကိုလည်းစားသောက်လေ့ရှိပါသည် ။ စုပ်ခွက်ငါးသည် အထီး ၁၆ လက်မ ၊ အမ ၁၈ လက်မ ခန့်ရှိပြီး သဘာဝတွင် ( လက်မ ၂၀) အထိ ကြီးထွားနိုင်ပါသည် ။ အလေးချိန် ၃ ပေါင် အထိရှိနိုင်ပါသည် ။အမ တစ်ကောင်သည် တစ်ကြိမ်ဥ လျှင် (ဥ ၂၀၀၀) အထိ ဥဥ ပေါက်ပွား နိုင်ပါသည် ။ ရေအောက်ရွံနွံအတွင်း ကျင်းတူးကာ ဥဥ ဖောက်ပွားလေ့ရှိပြီး သားငယ်များအား ထိန်းသိမ်းစောင့်ရှေက်တတ်ပါသည် ။ စုပ်ခွက်ငါး၏ မူရင်းဒေသများမှာ တောင်အမေရိကတိုက် ဖြစ်ပြီး ထိုမှ တဆင့် တင်ပို့ရောင်းဝယ်ဖောက်ကားမှုများကြောင့် နိုင်ငံ အနှံအပြားသို့ရောက်ရှိလာခဲ့ပါသည် ။
သုံးသက်ချက် နှင့် အကြံပြုတင်ပြချက်
စုပ်ခွက်ငါးသည် မြန်မာနိုင်ငံ မြစ်ချောင်းများအတွင်း ပျံ့နှံ့ရောက်ရှိနေပြီး ယခုအခါ တွံတေးမြို့နယ် အပြင် ပဲခူးတိုင်း ဝေါမြို့နယ် ဝန်းကျင် တဝှိုက် နှင့် မိုးယွန်းကြီးအင်း ၊ ရှမ်းပြည်နယ် အင်းလေးကန်အတွင်း အထိပါ ဝင်ရောက် ပျံ့နှံ့နေပြီဖြစ်ပါသည် ။အဆိုပါ ကိစ္စအား စောလျှင်စွာ ကိုင်တွယ်ဖြေရှင်းခြင်း မပြုလုပ်နိုင်ပါက ရေချိုငါးမွေးမြူခြင်းလုပ်ငန်းများ လျော့နည်းလာနိုင်ခြင်း ၊ရေထွက်ပစ္စည်း ထုတ်လုပ်မှု ကျဆင်းခြင်း ၊ သဘာဝငါးသယံဇာတ ရှားပါးလာနိုင်ခြင်း ၊ သဘာဝမြစ်ချောင်းများ တိမ်ကောကာ ရေဝပ်ဒေသများအား ပျက်စီးလာစေနိုင်ခြင်း ၊ရေလုပ်ငန်းနှင့်ပတ်သက်ပြီး လုပ်ကိုင်လျက်ရှိသည့် ရေလုပ်သားများ၏ စီးပွားရေး နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်လာနိုင်ခြင်း ကြောင့် အမြန်ဆုံး ထိရောက်စွာ ဖြေရှင်းသင့်ပါသည် ။ သို့အတွက်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဆက်စပ်ဦးစီးဌာနများ သို့ အကြောင်းကြားကာ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည် ။
#BANCA Facebook page မှ တောင်သူများ၊ ငါးမွေးသူများ သိရှိစေရန် ကူးယူဖော်ပြပါသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်