ငါးမွေးမြူရေးတွင် တွေ့ကြုံရလေ့ရှိသည့် အခက်အခဲများနှင့် ရောဂါများကို ဖြေရှင်းနည်း

24/02/2022 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အခက်အခဲ(၁) ငါးကန်အောက်စီဂျင်လျော့နည်းခြင်း

ဖြေရှင်းနည်းများ

• ကန်အတွင်းလှိုင်းများထစေရန် ရေပြင်ကိုဝါးလုံးဖြင့်ရိုက်ပေးပါ။ဘောလုံးဖြင့်ပစ်ပါ။

• ငါးကန်ဧရိယာ ၀.၀၁ ဧက လျှင် အောက်စီဖလို/အောက်စီလိုက်ဖ် (၅-၇)ဂရမ် ထည့်ပေးပါ။

• ဖြစ်နိုင်လျှင် ပြင်ပမှသန့်ရှင်းပြီး အောက်စီဂျင်ပါ ပြည့်ဝသည့်ရေကို သွင်းပေးပါ။

• အစာနှင့်မြေဩဇာထည့်ခြင်းကို ရက်အနည်းငယ်ကြာ ရပ်ဆိုင်းထားပါ။

 

အခက်အခဲ(၂) ငါးကန်ရေမျက်နှာပြင်ပေါ်တွင် အနီရောင်အလွှာပေါ်ခြင်း

ဖြေရှင်းနည်းများ

• ကောက်ရိုး(သို့)ငှက်ပျောရွက်တို့ဖြင့် ပြုလုပ်ထားသည့်ကြိုးဖြင့် ကန်ရေပြင်တွင် အနီရောင် အလွှာကို ဖယ်ရှားနိုင်ပါသည်။

• ၀.၀၁ ဧက ကန်အတွက် ပုလဲဓာတ်မြေဩဇာကို ၁၀၀-၁၅၀ ဂရမ် (၆ကျပ်သားမှ ၁၀ ကျပ်သား ခန့်) ကို ၁၀ရက်ခြား(သို့)၁၂ရက်ခြားခန့်  ၂ကြိမ် (သို့) ၃ကြိမ်ခန့်ထည့်ပေးပါ။ (သို့မဟုတ်)

• ၀.၀၁ ဧက ကန်အတွက် ကျောက်ချဉ်(၁၀၀)ဂရမ် (၆ကျပ်သား)ထည့်ပေးပါ။

 

အခက်အခဲ(၃) ငါးကန်တွင် အစိမ်းရောင်ရေညှိ ရေမှော်များ ထူထပ်ပွားများလာပြီး အစိမ်းရောင်အလွှာ ဖြစ်ပေါ်လာခြင်း

ဖြေရှင်းနည်း

• ၀.၀၁ ဧက ကန်လျှင် ဂျစ်ပ်ဆမ် ၆၃ ကျပ်သားခန့်(သို့)

• ဒုတ္ထာ(ကော့ပါးဆာလ်ဖိတ်)၁၀-၁၂ ဂရမ်(၆ကျပ်သားခန့်-၈ကျပ်သားခန့်)သုံးစွဲပါ။ ၎င်းဆေးကို အိတ်ငယ်တွင် ထည့်စည်းပြီး ရေထဲရှိ ဝါးလုံးတိုင်တွင် ကပ်ချည်၍ ရေထဲသို့ ၄လက်မ -၆ လက်မ ခန့် အောက်ချနှစ်ထားပေးပါ။

 

အခက်အခဲ(၄)ငါးကန်ရေနောက်ကျိခြင်း

 

ဖြေရှင်းနည်းများ

• ၀.၀၁ဧက ကန်လျှင် ထုံး ၅၀၀ ဂရမ် (၃၁ ကျပ်သားခန့်)ထည့်ပေးပါ။

• ၀.၀၁ဧကကန်လျှင် ဂျစ်ပ်ဆမ် ၁-၁.၅ ကီလိုဂရမ် (၆၂ကျပ်သား-၉၅ကျပ်သားခန့်)သို့ ၀.၀၁ ဧကလျှင် ကောက်ရိုးခြောက် ၁-၁.၅ ဂရမ် (၆၂ကျပ်သား-၉၅ကျပ်သားခန့်)ကို သတ်မှတ်ထားတဲ့ နည်းစနစ်အတိုင်း(ကောက်ရိုးခြောက်များကို ၁၀ ကျပ်သားခန့် အထုံးများပြုလုပ်ပြီး၊ ကန်ရေ နေရာအနှံ့ပစ်ချပေးပါ။ ၃ ရက်ကြာပြီးနောက် ၎င်းကောက်ရိုးများကို ပြန်လည်ဆယ်ယူပါ။ (သို့မဟုတ်)

• ၀.၀၁ ဧကလျှင် ကျောက်ချဉ် ၂၅၀ ဂရမ် (၁၅ကျပ်သားခန့်)အသုံးပြုပါ။

 

ငါးရောဂါစီမံခန့်ခွဲမှု

အခက်အခဲ (၁) - ငါးအနာအဆာရောဂါ

ဖြေရှင်းနည်းများ

• ၀.၀၁ ဧကကန်အတွက် အိမ်သုံးဆေး ၂၅၀ ဂရမ် (၁၅ကျပ်သားခန့်) (သို့) ထုံး ၃၀ ကျပ်သားခန့် ထည့်သွင်းနိုင်ပါတယ်။ ၎င်းအချိန်အဆသုံးပြီးနောက် နောက်ထပ်သုံးပါက အထက်ပါနှုန်းထားရဲ့ ထက်ဝက်ကို ဆောင်းရာသီနောက်ပိုင်း တစ်လခြား သုံးစွဲနိုင်ပါတယ်။

• ငါးကို ရေ ၁၀ လီတာတွင် ပိုတက်ဆီယမ်ပါမင်ဂနိတ် ၅ ဂရမ် (၀.၃ကျပ်သားခန့်) ထည့်ဖျော်ထား တဲ့ ဖျော်ရည်တွင် ငါးကို ၁၀ စက္ကန့်ခန့် နှစ်ထားနိုင်ပါတယ်။

• ၁ မီတာ(သို့) ၃ ပေအနက်ရှိတဲ့ ၀.၀၁ ဧက ကန်အတွက် ၂.၆၅ ဂရမ် (၁၆ ကျပ်သားခန့်) ပမာဏ ရှိ ဘက်တီးရီးယား ပိုးသတ်ဆေးကို အသုံးပြုနိုင်ပါတယ်။

 

အခက်အခဲ (၂) - အာဂူလပ်စ်(သို့)ကပ်ပါးကောင်တွယ်ကပ်ခြင်း(အာဂူလိုးဆစ်ရောဂါ)

 

ဖြေရှင်းနည်းများ

• ၀.၀၁ ဧက အကျယ် ရေအနက် တစ်ပေကန်အတွက် ကပ်ပါးကောင်များကို သတ်ပေးနိုင်တဲ့ ဆေး(အာဂူလက်ဖ်) ၈ မီလီမီတာထည့်ပါ။

• ၀.၀၁ ဧကအကျယ် ရေအနက် တစ်ပေကန်အတွက် ဆူမီသိယွန် ၂-၃ စီစီနှုန်းဖြင့် ဖျော်ပါ။ အဆစုစုပေါင်း တွက်ပြီးကန်ရေပြင်အနှံ့ဖြန်းပေးပါ။ တစ်ပတ် ၇ ရက်ခြား ၃ ကြိမ်ဖျန်းပေးပါရန်။

Ref: My Culture စီမံကိန်း၏ မိသားစုတစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း (အိတ်ဆောင်စာအုပ်)မှ ကူးယူ ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်