ငါးမျိုးပွားကန် ပြင်ဆင်တူးဖော်နည်း

30/01/2024 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

အချို့က ငါးသားဖောက်မျိုးပွားရန် ကန်ကို သားပေါက်ကန်၊ မိတ်လိုက်ကန်ဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ငါးထီးနှင့် ငါးမ အလွယ်တကူ ထိတွေ့နိုင်ရန်အတွက် မျိုးပွားကန်သည် သေးငယ်ဖို့တော့လိုသည်။ ထောင့်မှန်စတုဂံပုံရှိသင့်သည်။ 

ကန်၏ဧရိယာစတုရန်းပေအကျယ်မှာ ၁၇၂ စတုရန်းပေမှ ၄၃၀ စတုရန်းပေ သို့မဟုတ် ပျှမ်းမျှအလျား ၁၇ ပေ၊ အနံ ၁၀ ပေမှ အလျား ၃၀ ပေ၊ အနံ ၁၅ ပေအတွင်း ကန်ငယ်ကလေးများ ဖြစ်ရပါမည်။ ရေအနက်မှာ ၂ ပေ မှ ၃ပေ အနက်အထိ ရှိရပါမည်။

ကန်အောက်မြေသည် မြေမာဖြစ်ပြီး ရွှံ့ညွန်များ မရှိစေရပါ။ ဖြစ်နိုင်လျှင် ကန်ထဲတွင် ငါးများမိတ်လိုက်၍ ပြေးလွှားကြသည့်အခါတွင် ရေနောက်မလာစေရန် ကန်အောက်ခြေတွင် အမှိုက်များ ရှိမနေရပါ။ ယင်းသို့မဖြစ် လျှင် သဲကြမ်းများဖြင့် ဖုံးထားရပါမည်။ ကန်အောက်တွင် မြက်ပင်၊ ပေါင်းပင်များ မရှိရန် ဆောင်ရွက်ထားဖို့လိုသည်။ သို့မဟုတ်ပါက ငါးဥများသည် အထူးပြုလုပ်ထားသော ဥစုကိရိယာထဲသို့ မကျဘဲ ထိုမြက်ပင်သစ်ပင်များတွင် တွယ်ကပ်နေပေလိမ့်မည်။

ကန်ထဲသို့ ထည့်ထားသောရေသည် ရေကြည်ဖြစ်ရမည်။ အကယ်၍ ရေနောက်သာရှိနေပြီး ရေကြည်မရခဲ့လျှင် ထိုရေကို အနည်ထိုင်ရေလှောင်ကန်ထဲမှ ဖြတ်သွားစေပြီး ရေသွင်းပေါက်မှ သွင်းရပါမည်။

အထူးပြုလုပ်ထားသော မျိုးပွားကန်များမရှိပါက သင့်လျော်သော ကန်မြေနှင့် ရေကောင်းရှိသည့် ကန်ထဲတွင် ငါးလှောင်ခြံများ၊ မျိုးပွားလှောင် ကန်များပြုလုပ်၍ သားဖောက်နိုင်ပါသည်။

မျိုးပွားလှောင်ကန်မှာလည်း ဝါးစိုက်ထူပုံ၊ ဇာပိုက်တပ်ဆင်ပုံများမှာ မျိုးငါးကြီးများ အထီးအမ ခွဲခြားပြီး လှောင်ကန်လုပ်ထားသကဲ့သို့ ပြုလုပ်ရပါသည်။ ဇာပိုက်ကို ငါးအရွယ်အစားလိုက်၍ ၈ ပေ × ၈ ပေ × ၃ ပေ သို့မဟုတ် သင့်လျော်သည့် အရွယ်အစားဇာပိုက်များကို ချုပ်ရပါသည်။

ဤလှောင်ကန်ချုပ်ရာတွင် ခြင်ထောင်ဇာ သို့မဟုတ် အကွက်စိပ်သော ချည်ဇာဖြင့် ချုပ်ရမည်။ ၄င်းချည်သည် ရေတွင်ပွလာသဖြင့် ချည်ကွက်များ ကျဥ်းလာသောကြောင့် ဥများယိုထွက်ခြင်းမှ တားဆီးနိုင်ပေသည်။

မျိုးပွားကန်၏ အောက်ခြေသည် မာကျောပြီး ကျောက်ခဲများ ပေါ်ပါက ငါးများလှုပ်ရှားသည့်အခါ ထိခိုက်နာကျင်စေတတ်ပါသည်။ ဤသို့မဖြစ်ရန် ရေသွင်းပေါက်နားတွင် ရေအနက် လက်မ ၂၀ ခန့်ရှိစေပြီး ရေထုတ်ပေါက် နားတွင် ၂၈ လက်မခန့် ရှိစေရမည်။ ဤသို့ ပြုလုပ်ပေးခြင်းဖြင့် ကန်မှရေထုတ်ရာတွင် ပိုမိုလွယ်ကူစေပါသည်။

အေးမြသောရာသီဥတုတွင် ကန်ရေသည် အနည်းဆုံး ၁ပေခွဲခန့် ရှိရပါမည်။ ရေမသွင်းမီ သားပေါက်ကန်မြေသည် ဥပေါက်ကန်မြေထက် ပိုမိုခြောက်သွေ့သင့်သည်။ အဘယ်ကြောင့်ဆိုသော် သားပေါက်ကန်မြေသည် ပိုမိုမာကျောရန် လိုအပ်သောကြောင့် ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်