ငါးကန်တွင်းရှိ အင်းဆက်များကို နှိမ်နင်းနည်း

29/12/2023 13:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ငါးမွေးတောင်သူများသည် ငါးမွေးကန်၏ ကန်ရေထဲတွင်ရှိသော ဒုက္ခပေးနိုင်သည့် ပိုးမွှားများကို နှိမ်နင်းရန်လိုအပ်သည်။ ထိုသို့နှိမ်နင်းရာတွင် နည်း(၂)မျိုးဖြင့် နှိမ်နင်းနိုင်သည်။ 

  • (၁) ပိုက်စိပ်တိုက်ခြင်းနှင့်
  • (၂) ဆီဖျန်းခြင်းဖြစ်သည်။

၁။ ပိုက်စိပ်တိုက်ခြင်း

ပိုက်စိပ်တိုက်ရာတွင် ငါးမှုန်များကို ပြုစုကန်အတွင်း မထည့်မီ ပြုစုကန်ကို ၁/၈ လက်မပိုက်ဖြင့် နေ့စဥ်ဆွဲပေးပါ။ ငါးမထည့်မီ ၁ လခွဲခန့် နေ့စဥ် ၂ ခေါက် အပြန်အလှန်ရက်ဆက်ဆွဲပေးရန်လည်း လိုသည်။

၂။ ဆီဖျန်းခြင်း

ပြုစုကန်အတွင်းသို့ ဆီဖျန်းပေးခြင်းဖြင့် အင်းဆက်များကို သေစေနိုင်သည်။ ထိုသို့ဖျန်းရာတွင် မုန်ညင်းဆီ၊ ဖွဲနုဆီများ ကိုသုံးနိုင်သည်။

 

ကန်တစ်ဧကလျှင် ဆီ ၁၅ ပိဿာကို ဆပ်ပြာ ၅ ပိဿာနှုန်းဖြင့် ရောစပ်ဖျော်၍ ကန်ထဲသို့ ဖျန်းလိုက်လျှင် ကန်ရေမျက်နှာပြင်သည် အဆီများဖြင့် ဖုံးလွှမ်းသွားမည်။ ထိုအခါ လေရှူရန် အပေါ်သို့ တက်လာသော အင်းဆက်များ အသက်မရှူနိုင်တော့ဘဲ သေဆုံးသွားမည်။

မှတ်ချက်။ ဆီဖျန်း၍ အင်းဆက်ပိုးနှိမ်နင်းခြင်းကို လေငြိမ်သောအချိန်တွင်သာ အသုံးပြုပါ။ လေတိုက်နေပါက ရေပေါ်ရှိဆီများ လွင့်ပါသွားတတ်၍ ကန်ရေမျက်နှာပြင်တစ်ခုလုံး ဖုံးအုပ်မှု မရှိတော့ချေ။

အထက်ပါနည်း(၂)မျိုးတွင် မိမိတို့အဆင်ပြေရာနည်းကို အသုံးပြုနှိမ်နင်းခြင်းကြောင့် အစားအစာကို ယှဥ်ပြိုင်သော ပိုးများ၊ နေရာဒေသအတွက် ယှဥ်ပြိုင်သော ပိုးရောဂါများ၊ သွေးစုပ်ပိုးများကို နှိမ်နင်းရာရောက်ပြီး ငါးကြီးထွားမှုနှုန်းကို မြှင့်တင်ပေးရာရောက်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်