ငါးမွေးမြူရန် ကန်အဟောင်းကို ပြန်လည်ပြင်ဆင်နည်း

01/09/2023 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးမွေးကန်အဟောင်းများကို ပြန်လည်ပြင်ဆင်ရာတွင်

(က) ကန်အခြောက်ခံခြင်းကို စတင်ဆောင်ရွက်ခြင်း

 မွေးမြူရေးတစ်ကြိမ်ဆောင်ရွက်မွေးမြူပြီးတိုင်း ရေအပြောင်ထုတ်၍ အခြောက်ခံရပါမည်။ ထိုအချိန်တွင် ငါးရိုင်းများ၊ အပင်မျှောလှေးများ၊ ရွှံ့နွံပုပ်များအား ရှင်းလင်းဖယ်ရှားပစ်ရမည်။ အခြောက်ခံခြင်းကို မြေပတ်ကြားအက် ၁ လက်မခန့်ရရှိသည်အထိ ပြုလုပ်ရပါမည်။ ဖြစ်နိုင်ပါက ကန်အောက်ခြေမြေသားအား ထွန်ယက်ပေးရပါမည်။ ထိုသို့ ထွန်ယက်ပေးခြင်းဖြင့် အောက်ခြေမြေသားများသည် လေထုနှင့် ထိတွေ့ဓာတ်တိုးသဖြင့် မြေသားအတွင်း ပိတ်မိနေသော သြဇာဓာတ်များ ပြန်လည်ရရှိမည် ဖြစ်ပါသည်။ 

(ခ) ထုံးထည့်ခြင်း

 မဖောက်ထုံး(သို့)ဖောက်ထုံး(အိမ်ဆောက်ထုံး)ကို အသုံးပြုနိုင်ပါသည်။ ကန်အခြောက်ခံချိန်၌ ၁ လက်မခန့် ပတ်ကြားအက်လာသော အခါ မဖောက်ထုံးကို တစ်ဧကလျှင် ၂၅ မှ ၅၀ ပိဿာနှုန်း ကန်အနှံ့ဖြူးထည့်ပြီး ရေ ၆ လက်မခန့်သွင်း၍ ပြန်ဖောက်ထုတ်ကာ ပြန်လည်၍ အခြောက်ခံရပါမည်။ ထိုသို့ပြုလုပ်ခြင်းသည် ငါးရိုင်းများနှင့် အခြားတွင်းအောင်းသတ္တဝါများကို သုတ်သင်ရှင်းလင်းနိုင် သည်။

(ဂ) မြေသြဇာထည့်ခြင်း

 ကန်များအတွင်း ထုံးထည့်ပြီးနောက် ကန်၏ ရေသြဇာဓာတ် ကြွယ်ဝလာစေရန် သဘာဝမြေသြဇာ (တိရစ္ဆာန်အညစ်အကြေး) သို့မဟုတ် ဓာတုဓာတ်မြေသြဇာ (ယူးရီးယား၊တီစူပါ) တို့ကို ထည့်ပေး ရပါသည်။ နွား/ကျွဲချေးကို တစ်ဧကလျှင် ပိဿာချိန် ၃၀၀ ခန့်ထည့်သွင်းပေးနိုင်ပြီး ကြက်ချေးဖြစ်ခဲ့ပါက တစ်ဧကလျှင် ပိဿာ ၁၅၀ ခန့်သာ ထည့်သွင်းပေးသင့်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်