ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ငါးအကြေးခွံတွေကို သင် .. လွှင့်ပစ်နေတုန်းပဲလား..?
လူအများစုက ငါးဟင်းမချက်ပြုတ်မီ ငါးအကြေးခွံကို သင်ပြီး စွန့်ပစ်တတ်ကြပါတယ်။ ကျွန်မတို့ စွန့်ပစ် လိုက်တဲ့ငါးအကြေးခွံတွေမှာ ပရိုတင်း(အသားဓါတ်)ကြွယ်ဝစွာပါ ဝင်နေပြီး အဆီဓါတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်များ ပါရှိတဲ့အပြင် ကြွယ်ဝတဲ့ လက်ဆီသင်ဓါတ်(lecithin)လည်း ပါရှိတာကို မှတ်သားခဲ့ရဖူးပါတယ်။
လက်ဆီသင်ဓါတ်က မှတ်ဉာဏ် စွမ်းအားကို ကောင်းစေနိုင်ပြီး ဦးနှောက်အတွင်း ဆဲလ်များ ဆုတ်ယုတ်ပျက်စီးမှု မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ရုံ သာမက လူ့ခန္ဓာကိုယ်အိုမင်းရင့်ရော်မှုကိုလည်း ကြိုတင်ကာကွယ်နိုင် ပါတယ်။
ဒါ့အပြင် ငါးအကြေးခွံထဲမှာ မပြည့်ဝဆီ(unsaturated fat) တွေ ပါရှိလို့ သွေးကြောနံရံမှာ ကိုလက် စထရော(cholesterol) အများအပြား မကပ်ငြိရအောင် ကာကွယ်တားဆီးနိုင်ပါတယ်။ သွေးကြောနံရံမှာ ကိုလက်စထရောနည်းပါးမယ်ဆိုရင် သွေးတိုးရောဂါ၊ နှလုံးရောဂါကို ကာကွယ်နိုင်ပါတယ်..။ ဒါတင်မက ငါးတံခွန်ငါးရဲ့အကြေးဟာ ကင်ဆာရောဂါကို အတော်လေးခုခံကာကွယ်နိုင်ကြောင်း သုတေသီတွေက ဆိုထားကြပါတယ်..။
ငါးအကြေးခွံက ကျန်းမာရေးအတွက် ချက်ပြုတ်စားသုံးဖို့ အသုံးဝင်တာတင်မဟုတ်ဘဲ အသားအရေထိန်းသိမ်းတဲ့ အလှကုန်တွေမှာပါ ကုန်ကြမ်းအဖြစ်အသုံးပြုဖို့ ဂျပန်နဲ့ ထိုင်းနိုင်ငံက မြန်မာ့ရေချိုငါးအကြေးခွံကို ဝယ်ယူမှုတွေ ရှိလာကြတယ်လို့ သိရပါတယ်။ ငါးအကြေးခွံက ထွက်ရှိတဲ့ ကော်လဂျင်(collagen)ဓါတ်ကို အလှကုန်မှာ အသုံးပြုတာဖြစ်ပြီး ဝယ်လိုအားအရ များများရောင်းနိုင်ရင် နောက်ပိုင်းမှာ စျေးပိုရနိုင်တယ်လို့ ဆိုကြပါတယ်။
ရေချိုငါးအကြေးခွံတွေထဲမှာ တီလားပီးယားငါးအကြေးခွံကို ပိုမိုဝယ်ယူကြပေမယ့် တီလားပီးယား ငါးအကြေးခွံကို အရေအတွက် အများကြီး မထုတ်နိုင်တဲ့အတွက် ပြည်တွင်းမှ အဓိကမွေးငါးများဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူတို့ရဲ့ အကြေးခွံတွေကိုလည်း ငါးစာအဖြစ်အသုံးပြုဖို့ ထိုင်းနိုင်ငံမှ ဝယ်ယူကြကြောင်း သိရပါတယ်။ အခုနောက်ပိုင်းမှာလည်း စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းမှာ အသုံးပြုကြတဲ့ ငါးအမိုင်နိုအက်စစ်မှာ ငါးအကြေးခွံ ပါဝင်သော ငါးစွန့်ပစ်ပစ္စည်းတွေနဲ့ ပြုလုပ်ကြတာကို သိရှိပြီး ဖြစ်မှာပါ။
တချိူ့နိုင်ငံတွေမှာ ငါးအကြေးခွံကို ချက်ပြုတ်စားသောက်တာတောင် လုပ်နေကြပြီမို့ အလွယ်တကူ ချက်လို့ရအောင် ချက်ပြုတ်နည်းလမ်းလေးကိုပါ ပြောပြပေးလိုက်ပါတယ်။
၁။ ငါးအကောင်ကြီးကြီးတစ်ကောင်ကို ရေဆေးသန့်စင်ပြီး အကြေးထိုး ရရှိလာတဲ့ ငါးအကြေးခွံတွေကို ရေနဲ့ သန့်စင်အောင်ပြန်လည်ဆေးကြောပြီး ရေသင့်ရုံ ထည့်ထားတဲ့ အိုးထဲထည့်ကာ စေးထန်းတဲ့ ဟင်းရည်အပျစ် ဖြစ်လာအောင် ကျိုချက်ပါ။
၂။ ကျိုချက်ပြီးတဲ့ ငါးအကြေးဟင်းထဲ ငါးအကြေးအကြေ များကို တွေ့ပါကဆယ်ယူ၍ စွန့်ပစ်ပါ။
၃။ ပြီးရင် ချင်း၊ ဟင်းချက်အရက်အနည်းငယ်နဲ့ နောက်ထပ်အချိန်အနည်းငယ် ချက်ပြုတ်ပြီးပါက ငါးအကြေး ခွံဟင်းရည် ကျက်ပါပြီ။
ကျိုချက်ပြီးသား ငါးအကြေးဟင်းရည် အပျစ်ကို ကြွေပန်းကန်လုံးကြီးထဲထည့်၊ ရေခဲသေတ္တာထဲသွင်းပြီး အအေးခံ ထားနိုင်ပါတယ်။ ဟင်းရည်အပျစ်အေးခဲလာရင်တော့ လွယ်ကူပြီး ဆေးဖက်ဝင်တဲ့ ငါးကြေးခွံဟင်းရည်ကို စားသုံးနိုင်ပါပြီ ဆိုတဲ့အကြောင်း ဗဟုသုတဖြစ်စေရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ရပါတယ်။
ကဲ..ဒီတော့..ဒီလောက်ဆေးဖက်ဝင်နေတဲ့ ငါးအကြေးခွံတွေကို မိတ်ဆွေတို့ လွှင့်ပစ်နေကြဦးမှာလား..??
ရေးသားသူ-နှင်းဖြူဖြူ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026