ငါးသားပေါက်များ ငါးကန်အတွင်းထည့်သွင်းပြီးနောက်စီမံခန့်ခွဲမှု

27/05/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငါးစမွေးမယ်ဆိုတဲ့ ငါးမွေးတောင်သူတွေအတွက် ရှေးတစ်ပတ်က ငါးသားပေါက်တွေမထည့်ခင် ကန်ပြင်ဆင့်ရမယ့်အချက်တွေကိုဖော်ပြပေးထားပါတယ်။

https://greenwaymyanmar.com/posts/fish_pool_management_to_input_baby_fish

https://greenwaymyanmar.com/posts/fish_pool_management_to_input_baby_fish%282%29

ဒီတစ်ပတ်မှာတော့ ငါးသားပေါက်တွေထည့်သွင်းပြီးတဲ့နောက် ငါးကန်ကိုစီမံခန့်ခွဲရမယ့် အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ထုံးထည့်ခြင်း

ငါးသန်/ငါးသားပေါက်များ ထည့်ပြီးနောက် ၂လ-၃လ ခြားပြီး ထုံးကို ၀.၀၁ကန်အတွက် ၂၅၀-၃၀၀ ဂရမ်(၁၅ကျပ်သား-၂၀ကျပ်သား)နှုန်းထည့်ပါ။

ထုံးထည့်ပုံနည်းစနစ်များ

ရေနှင့်ဖျော်ပြီး  ငါးကန်၏ အောက်ခြေကြမ်းပြင်နှင့် ငါးကန်ဘောင်တမံနှင့် ငါးကန်ဘောင်ရေပြင်ပေါ်သို့ မက်ခွက် (သို့) ဇလုံကို သုံး၍ ဖြန်းပေးပါ။ ရိုတီနုန်းထည့်ပြီး ၁-၂ ရက်အကြာတွင် ၎င်းကိုထည့်နိုင်ပါသည်။ ငါးကန်ပြင်ဆင်ချိန်ကာလအတွင်း ၀.၀၁ဧက ကန်အတွက် ထုံးကို ၁ကီလိုဂရမ် ၆၃ကျပ်သားခန့်ဖြူးပေးပါ။

(၂) မြေဩဇာထည့်ခြင်း

မြေဩဇာထည့်ပုံနည်းစနစ်များ

ရေနှင့်မြေဩဇာ ရောစပ်ပြီးနောက် ငါးကန်တစ်ခုလုံး မတ်ခွက်(သို့) ဇလုံအသုံးပြု၍ ကန်ရေပြင်အနှံ့ပတ်ဖြန်းပေးပါ။

ကန်အတွင်းမြေဩဇာ ထည့်ရမည့်အချိုးအစား

(၀.၀၁ဧက ကန်အတွက်)

-သစ်ရွက်ဆွေးမြေဩဇာ (သို့) နွားချေးခြောက် ၀.၅-၁ ကီလိုဂရမ်/၁ပတ်

(၃၂ ကျပ်သား-၆၃ ကျပ်သားခန့်)

-ယူရီယားပုလဲ (၇၅-၁၅၀) ဂရမ် တစ်ပတ် ၅ကျပ်သား- ၁၀ကျပ်သားခန့်

-တီဆူပါ (၅၀-၇၅) ဂရမ်/ဒက်စီမယ်/တစ်ပတ် ၃ကျပ်သား-၅ကျပ်သားခန့်

(၃) ငါးကန်တွင်ဖြည့်စွက်စွာကျွေးမွေးခြင်း

အကယ်၍ ဖြည့်စွက်စာကို ငါးကန်တွင်ကျွေးမွေးပါက

ငါးများလျင်မြန်စွာ ကြီးထွားလာသည့်အတွက် ငါးကန်အထွက်နှုန်းတိုးစေပါသည်။

သင့်လျော်သည့် အရွယ်အစားရရှိသည့်အတွက် ဈေးကွက်ပိုမိုရရှိလာနိုင်ပါသည်။

Ref:  WorldFish - Myanmar ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ဝေသော မိသားစု တစ်ပိုင်တစ်နိုင် ငါးမွေးမြူခြင်း စီမံခန့်ခွဲမှုစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်