အဆိပ်ချ ဆေးချ ငါးဖမ်းခြင်း၏ ဆိုးကျိုးများ

26/01/2022 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

တစ်ချို့ရေလုပ်သားများမှာ အဆိပ်ဖြင့် ငါးဖမ်းဆီးမှုများရှိနေကြသဖြင့် ထိုကဲ့သို့ဖမ်းဆီးပါက ရရှိနိုင်သော ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါသည်။ 

(က) အဆိပ်ချ၊ ဆေးချငါးဖမ်းခြင်းသည် ရေသတ္တဝါများအား သေစေရုံသာမက အဆိပ်ကြောင့် သေကုန်သော ငါးများကို စားသုံးမိသူများသည် မူးဝေခြင်း၊ ကိုယ်လက်ထုံကျဥ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကိုယ်တစ်ခြမ်းသေစေနိုင်သည်အထိ လေဖြတ်ခြင်း၊ အာရုံကြောများထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။ 

(ခ) ဆိုက်ပါမီသရင်း 10EC ပိုးသတ်ဆေးသည် ရေထုအပုံ ၁သန်း၏ ၀.၀၀၄၂ ပုံ(ppm)ပျော်ဝင်ရုံဖြင့် ၄လက်မအရွယ် တီလားပီးယားငါးကို သေစေနိုင်ပါသည်။

(ဂ) အယ်လ်ဆန် 50 EC ပိုးသတ်ဆေးသည် ရေထုအပုံ ၁သန်း၏ ၀.၀၂ ပုံ(ppm) ပျော်ဝင်ရုံဖြင့် ၃.၅လက်မအရွယ် တီလားပီးယားငါးကို သေစေနိုင်ပါသည်။

(ဃ) အင်ဒရင်း ပိုးသတ်ဆေးသည် ပက်ဖျန်းပြီးနောက် ၁လကြာသည်အထိ လည်းကောင်း၊ DDT ပိုးသတ်ဆေးသည် ၄၅ရက်ခန့်အထိလည်းကောင်း အာနိသင်ကြာရှည်စွာတည်ရှိသဖြင့် ရေသတ္တဝါများအား ချက်ချင်းသေစေရုံသာမက တဖြည်းဖြည်းချင်းလည်း သေဆုံးစေနိုင်ပါသည်။

ပြဒါးနှင့် ဆိုင်ယာနိုဒ်များ၏ ဆိုးကျိုးများ

ရွှေကျင်ရာတွင် အသုံးပြုသည့် ပြဒါးနှင့် ဆိုင်ယာနိုဒ်များအား စနစ်တကျ မစွန့်ပစ်ဘဲ မြစ်ချောင်းအင်းအိုင်အတွင်း စွန့်ပစ်ပါက-

(က) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ပျက်စီးခြင်း။

(ခ) ရေနေသတ္တဝါများ သေကြေပျက်စီးခြင်း။

(ဂ) ရေနေသတ္တဝါများ၏ မျိုးပွားစနစ်ကို ထိခိုက်ခြင်း။

(ဃ) ပြဒါး (သို့မဟုတ်) ဆိုင်ယာနိုဒ်အဆိပ်ဖြင့် သေဆုံးသော ငါးများအား လူသားတို့ စားသုံးမိပါက-

      - ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်ခြင်း၊

      - သွေးအဆိပ်တက်ခြင်း စသည့် သွေးနှင့်ပါတ်သက်သော ရောဂါများဖြစ်ပွားခြင်း။

      - သန္ဓေမတည်နိုင်ခြင်း၊ မျိုးမအောင်ခြင်း စသည်ဖြင့် မျိုးပွားမှုကို ထိခိုက်ခြင်း၊ 

(င) အထူးသဖြင့် ကလေးငယ်များအား ပိုမိုထိခိုက်စေပြီး ဉာဏ်ရည်မမှီခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှေးကွေးခြင်း စတဲ့ ဆိုးကျိုးများကို ခံစားရရှိစေပါမည်။ 

အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များ

အထက်ဖော်ပြပါ ငါးမျိုးပြုန်းတီးစေနိုင်သော ငါးဖမ်းနည်းစနစ်များဖြင့် ငါးဖမ်းခြင်းကြောင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ် ၂ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်ပါသည်။

မှီငြမ်း-ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်