အဆိပ်ချ ဆေးချ ငါးဖမ်းခြင်း၏ ဆိုးကျိုးများ
တစ်ချို့ရေလုပ်သားများမှာ အဆိပ်ဖြင့် ငါးဖမ်းဆီးမှုများရှိနေကြသဖြင့် ထိုကဲ့သို့ဖမ်းဆီးပါက ရရှိနိုင်သော ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါသည်။
(က) အဆိပ်ချ၊ ဆေးချငါးဖမ်းခြင်းသည် ရေသတ္တဝါများအား သေစေရုံသာမက အဆိပ်ကြောင့် သေကုန်သော ငါးများကို စားသုံးမိသူများသည် မူးဝေခြင်း၊ ကိုယ်လက်ထုံကျဥ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ကိုယ်တစ်ခြမ်းသေစေနိုင်သည်အထိ လေဖြတ်ခြင်း၊ အာရုံကြောများထိခိုက်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
(ခ) ဆိုက်ပါမီသရင်း 10EC ပိုးသတ်ဆေးသည် ရေထုအပုံ ၁သန်း၏ ၀.၀၀၄၂ ပုံ(ppm)ပျော်ဝင်ရုံဖြင့် ၄လက်မအရွယ် တီလားပီးယားငါးကို သေစေနိုင်ပါသည်။
(ဂ) အယ်လ်ဆန် 50 EC ပိုးသတ်ဆေးသည် ရေထုအပုံ ၁သန်း၏ ၀.၀၂ ပုံ(ppm) ပျော်ဝင်ရုံဖြင့် ၃.၅လက်မအရွယ် တီလားပီးယားငါးကို သေစေနိုင်ပါသည်။
(ဃ) အင်ဒရင်း ပိုးသတ်ဆေးသည် ပက်ဖျန်းပြီးနောက် ၁လကြာသည်အထိ လည်းကောင်း၊ DDT ပိုးသတ်ဆေးသည် ၄၅ရက်ခန့်အထိလည်းကောင်း အာနိသင်ကြာရှည်စွာတည်ရှိသဖြင့် ရေသတ္တဝါများအား ချက်ချင်းသေစေရုံသာမက တဖြည်းဖြည်းချင်းလည်း သေဆုံးစေနိုင်ပါသည်။
ပြဒါးနှင့် ဆိုင်ယာနိုဒ်များ၏ ဆိုးကျိုးများ
ရွှေကျင်ရာတွင် အသုံးပြုသည့် ပြဒါးနှင့် ဆိုင်ယာနိုဒ်များအား စနစ်တကျ မစွန့်ပစ်ဘဲ မြစ်ချောင်းအင်းအိုင်အတွင်း စွန့်ပစ်ပါက-
(က) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ ပျက်စီးခြင်း။
(ခ) ရေနေသတ္တဝါများ သေကြေပျက်စီးခြင်း။
(ဂ) ရေနေသတ္တဝါများ၏ မျိုးပွားစနစ်ကို ထိခိုက်ခြင်း။
(ဃ) ပြဒါး (သို့မဟုတ်) ဆိုင်ယာနိုဒ်အဆိပ်ဖြင့် သေဆုံးသော ငါးများအား လူသားတို့ စားသုံးမိပါက-
- ဦးနှောက်နှင့် အာရုံကြောများ ထိခိုက်ခြင်း၊
- သွေးအဆိပ်တက်ခြင်း စသည့် သွေးနှင့်ပါတ်သက်သော ရောဂါများဖြစ်ပွားခြင်း။
- သန္ဓေမတည်နိုင်ခြင်း၊ မျိုးမအောင်ခြင်း စသည်ဖြင့် မျိုးပွားမှုကို ထိခိုက်ခြင်း၊
(င) အထူးသဖြင့် ကလေးငယ်များအား ပိုမိုထိခိုက်စေပြီး ဉာဏ်ရည်မမှီခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှေးကွေးခြင်း စတဲ့ ဆိုးကျိုးများကို ခံစားရရှိစေပါမည်။
အရေးယူခံရနိုင်သည့် ပြစ်ဒဏ်များ
အထက်ဖော်ပြပါ ငါးမျိုးပြုန်းတီးစေနိုင်သော ငါးဖမ်းနည်းစနစ်များဖြင့် ငါးဖမ်းခြင်းကြောင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ် ၂ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည် ဖြစ်ပါသည်။
မှီငြမ်း-ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကပိုးသတ်ဆေးမှန်သမျှ ဆိုးကျိုးက အနဲနဲ့ အများရှိကြပါတယ်။ကျွန်တော်တို့ဒေသက ငါးဖမ်းသမားတွေ မသုံးကြပါ
ဘုန်းကျော်
လွန်ခဲ့သော ၄ နှစ် ကတံငါတွေ အကြိုက်ဆုံးက Endosulfan ပါ။ အဲဒါမရတော့လို့ Cypermethrin ကို သုံးကြတာလို့ သူတို့ပြောတာ ကြားဖူးတယ်။
ဆက်စပ်မေးခွန်းများ
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်ကြိမ် ဝင်ထားပါတယ်ဆရာ လက်ထဲမှာ အစီတာ + လန်ဘဒါ / အဘာမက်တင် / အိမာမက်တင်ဘန်ဇို + လန်ဘဒန် / ဆိုင်ပါသရင် အဲ့ဆေးတွေရှိပါသေးတယ်ဆရာ
U Yan • ဖြေကြားချက် 0 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 1 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 0 ခု
ပဲတီစိမ်းသီးလုံးဖောက်ပိုးတွေကိုဘာဆေးနိင်လဲဗျပြောခဲ့ကြပါအုံး
SiThu • ဖြေကြားချက် 2 ခု
ကျွန်ုပ်၏ခရမ်းချဥ်ပင်အဲလိုဖြစ်နေ ဘာဆေးဖျန်းရမလဲ
pius • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026