တရုတ်နိုင်ငံသို့ နာနတ်သီး Export ပထမအကြိမ်စတင်ရန် စီစဉ်ထား

22/10/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာ့နာနတ်သီးများအား တရုတ်နိုင်ငံသို့ အစိုးရချင်းချိတ်ဆက်၍ ပထမဆုံးအကြိမ် တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း   စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

နာနတ်သီးက ပိုးကျရောက်မှုအလွန်နည်းတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ တစ်ခါတရံမှာ ရာသီဥတုပေါ် မူတည်ပြီး ပိုးစေးနှဲအနည်းငယ် ကျရောက်တတ်တယ်။ ဒါတောင်များများစားစား မကျရောက်တတ်ပါဘူး။ စားသုံးသီးနှံဖြစ်လို့  ပိုးသတ်ဆေးသိပ်မဖျန်းဘဲ ဘက်စုံကာကွယ်နှိမ်နှင်းရေးနည်းလမ်းတွေကို ကျွန်မတို့ဌာနအနေနဲ့ တောင်သူတွေကို ချပြပေးထားပါတယ်။ ကုန်သွယ်ရေးအတွက် အဟန့်အတားမဖြစ်နိုင်ပါဘူး

ဟု စိုက်ပျိုးရေးဦးစီးဌာနရှိ အပင်ပိုးမွှားဌာနစုတာဝန်ခံ ဒေါက်တာ ခင်ခင်မာလာမြင့်က ပြောသည်။

     အစိုးရချင်း ချိတ်ဆက်တင်ပို့နိုင်ရန် နာနတ်စိုက်ခင်းများကိုလိုက်လံစစ်ဆေးနေပြီး  ပိုးစေးနှဲကျရောက်မှုနှင့် ထိန်းချုပ်ထားမှုအခြေအနေများကို တရုတ်နိုင်ငံဘက်သို့ အကြောင်းပြန်ထားပြီးဖြစ်သော်လည်း လတ်တလောအခြေအနေတွင် COVID-19 ရောဂါ ဖြစ်စဉ်များကြောင့် အသွားအလာများ ခဏရပ်တန့်ထားရကြောင်း သိရသည်။

    မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နာနတ်သီးစိုက်သည့် ဧကပေါင်း (၃၅,၀၀၀) ခန့်ရှိသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်