ရာသီဥတုပြောင်းလဲခြင်းကြောင့် နွေရာသီဆို အပူလှိုင်းတွေဖြတ်တာ.. မိုးရာသီဆို အခုလိုမျိုး ရေကြီးရေလျှံတွေဖြစ်ကြတာကို ကျွန်မတို့ မြန်မာနိုင်ငံ လက်တွေ့ခံစားခဲ့ကြရပါပြီ။
ဒီလိုမျိုး ရာသီဥတုပြောင်းလဲတာက သစ်တောသစ်ပင်တွေ အလွန်အမင်း ခုတ်ထွင်တာကစလို့ မော်တော်ကားနဲ့ စက်ရုံအလုပ်ရုံကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါအပါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကထွက်ရှိတဲ့ မီသိန်းနဲ့ နိုက်ထရိုပ်အောက်ဆိုဒ်ထိ ပါဝင်ပတ်သက်နေပါတယ်။ ဘယ်ကဏ္ဍကြောင့် ရာသီဥတုပိုဖောက်ပြန်လည်း မေးရင်တော့ ကြက်ဥ၊ ကြက်မ ဘယ်သူစလဲ ဆိုတဲ့မေးခွန်းလိုမျိုး အမြဲငြင်းခုံနေရမှာပါပဲ။
ဆိုတော့ ပျက်စီးသွားတာတွေကလည်း ပျက်စီးခဲ့ပါပြီ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း စတင်ရတော့မယ့် အချိန်မို့ ရေကြီးနစ်မြုပ်ခဲ့တဲ့ စိုက်မြေတွေ အကောင်းဆုံးပြန်လည်ကုသနည်းကို အစိမ်းရောင်လမ်းက စိုက်ပျိုးရေးမိတ်ဆွေတို့အတွက် ဆော့ဝဲထဲမှာရှိတဲ့ ဆောင်းပါး (၄) ပုဒ်ကို ပြန်လည်ဖတ်ရှုနိုင်ရန် တစ်စုတစ်စည်းထဲ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်ရှင်..
လင့်ခ်ကို တိုက်ရိုက်နှိပ်ခြင်းဖြင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်နော်။

- ကုသ-ကာကွယ် ရေကြီးအန္တရာယ်
- ရေကြီးနစ်မြှုပ်သွားတဲ့စိုက်ခင်းများ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်ဖြေရှင်းနည်း
- ရေလွှမ်းနစ်မြုပ်ခဲ့သည့် စိုက်မြေများကို ပြန်လည်ပြုပြင်ပေးရမည့် အချက် (၉) ချက်
- မိုးသည်းထန်စွာရွာပြီးချိန် စိုက်ခင်းထဲလုပ်ဆောင်ရမယ့် အချက် ၄ ချက်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်