အစားအစာ ခြေရာခံစနစ် ထည့်သွင်းခြင်း

13/10/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အစားအစာ ခြေရာခံစနစ် ထည့်သွင်းခြင်း

ခြေရာခံနိုင်မှု” ဆိုသည်မှာ အစားအစာတစ်ခု စားသုံးရန် လိုအပ်သည့် ကုန်ကြမ်းစိုက်ပျိုးခြင်း၊ တိရစ္ဆာန်မွေးမြူခြင်း၊ တိရစ္ဆာန်အစားအစာပြုပြင်ခြင်း၊ အစားအစာထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း ထိ ပါ၀င်ပက်သက်နေသော အဆင့်တိုင်းကို ခြေခံရာနိုင်သော စွမ်းရည်ကို ခေါ်ပါသည်။  “ခြေရာခံစနစ်” ဆိုသည်မှာ အစားအစာ ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် ကုန်ကြမ်းမှ စ၍ စားသုံးသူထံ ရောက်သည်ထိ အဆင့်တိုင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် “ခြေရာခံစနစ်” သည် ထုတ်လုပ်သူ၊ စားသုံးသူ နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိသော စနစ်ဖြစ်ပါသည်။

ထုတ်လုပ်သူအတွက် အကျိုးကျေးဇူးများ

-       Good product image

-       Trade advantage

-       စားသုံးသူနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း

-        နိုင်ငံများအကြား ကုန်သွယ်မှု အတားအဆီးကို လျော့ချနိုင်ခြင်း

-       စားသုံးရန်မသင့်သောစားကုန်များ ပြန်လည်သိမ်းဆည်းခြင်း (Product recall) တွင်  ကုန်ကြမ်း နှင့်တကွ ထုတ်လုပ်သူ၊ သယ်ပို့သူ၊ ရောင်းချသူ များကို အတိအကျ ခြေရာခံနိုင်သဖြင့် ပြဿနာဖြစ်သော မျိုးတူစုအမှတ် ( lot/ batch no) ကိုသာ သိမ်းဆည်း/ ဖြေရှင်းရသဖြင့် ကုန်ကျစရိတ် သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း

-       ထုတ်ကုန် အရည်အသွေးကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်း

-       ရောင်းချမှု အရေအတွက် တိုးလာခြင်း၊ ၀င်ငွေတိုးလာခြင်း

စားသုံးသူအတွက် အကျိုးကျေးဇူးများ

-       ထုတ်ကုန်ကို စိတ်ချရခြင်း

-       QR ကုဒ်ကို scan ဖတ်ရုံဖြင့် ထုတ်ကုန်၏ ဇစ်မြစ်၊ အစားအစာ ထုတ်လုပ်မှုစံနစ်၊ သက်ဆိုင်ရာ လက်မှတ်များကို ခြေရာခံနိုင်ခြင်း

-       ကျန်းမာရေးနှင့်ဆိုင်သော စိုးရိမ်ပူပန်မှုများ လျော့ချပေးခြင်း

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်