ဖြစ်လေ့ဖြစ်ထရှိသောဖားရောဂါများနှင့် ကာကွယ်ကုသပုံ

21/04/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဒီတစ်ပတ်မှာတော့ ဖားမွေးမြူရေးသမားတွေ ကြုံတွေ့တတ်တဲ့ ဖားရောဂါဆိုင်ရာ ပြဿနာလေးတွေကို တင်ပြလိုပါတယ်။ ဖားတွေဟာ ဗိုက်ပွရောဂါ၊ ဦးခေါင်းနဲ့ ကျောပြင်မှာ အနာဖြစ်တဲ့ရောဂါ၊ ဖားခြေထောက်နီရောဂါတွေနဲ့ မျက်စိဖြူ လည်လိမ် ဖြင်းရောဂါတွေကို ခံစားရလေ့ရှိပါတယ်။

    ဗိုက်ပွရောဂါဖြစ်ပွားရတာကတော့ ဖားကန်တွင်း နေရာကျပ်ခြင်း၊ ဖားများကို လိုသည်ထက်ပိုပြီး အစာကျွေးတာနဲ့ ကန်ရေပုပ်တာ စတဲ့အချက်တွေကြောင့် အဖြစ်များပါတယ်။ အဲ့ဒီ ဗိုက်ပွရောဂါကို သက်သာစေချင်တယ်ဆိုရင်တော့ ဖားကန်အတွင်းကို နနွင်းမှုန့်ထည့်ပေးနိုင်တယ်လို့ တစ်နိုင်တပိုင်မွေးမြူရေးသမားတွေက ဆိုပါတယ်။

    ဖားရဲ့ဦးခေါင်းနဲ့ကျောပြင်ပေါ်မှာ အနာဖြစ်တာကတော့ မွေးမြူတဲ့ကန် ရေမသန့်တာကြောင့် အဓိကဖြစ်တတ်ပါတယ်။ ဒီလိုကြုံတွေ့ရရင်တော့ ကန်အတွင်းကို အီးအမ်(အကျိုးပြုအဏုဇီ၀) ကို ထည့်ပေးသင့်ပါတယ်။

    ဖားခြေထောက်နီရောဂါလက္ခဏာတွေဖြစ်တဲ့ ဖားတွေ အစာမစားနိုင်တာ၊ အလေးချိန်လျော့သွားတာ၊ အရေခွံအရောင်ပြောင်းသွားတာ၊ ပိန်လှီသွားတာ၊ သွေးဥတွေ တစ်ကိုယ်လုံးမှာတွေ့ရတာနဲ့ ကိုယ်ပေါ်မှာ အနာတွေပေါက်တာ၊ ဖားပေါင်အနောက်ဖက်တွင် အနီကွက်တွေဖြစ်တာနဲ့ ဖားကိုယ်တွင်း သွေးထွက်တဲ့အခါမျိုးတွေ ကြုံရတယ်ဆိုရင်တော့ တက်ထရာဆိုက်ကလင်း 50-100 mg ကို ဖားအလေးချိန် ၁ကီလိုဂရမ် အစာနဲ့ ရောကျွေးလို့ရတယ်လို့ ဆိုပါတယ်။

    ဖားမျက်စိဖြူ လည်လိမ် ဖြင်းရောဂါလက္ခဏာတွေဖြစ်တဲ့ ဖားမျက်စိမှုန်လာတာ၊ မမြင်ရတော့တာ၊ မျက်စေ့မှာ အနာပေါက်တာနဲ့ (အကြောများဆွဲပြီး ပက်လက်လန်နေခြင်း၊ ပတ်ချာလည် လည်နေခြင်း) စတာတွေ ကြုံတွေ့နေရပြီဆိုရင်တော့ ရောဂါဖြစ်နေတဲ့ ဖားတွေကို တခြားဖားတွေနဲ့ ခွဲထားပြီး၊ အိုင်အိုဒင်းပိုးသတ်ဆေး (သို့) ဖန်ဆေးမှုန့် (၅.၈ ဂရမ်)ကို ရေ(၁ လီတာ)နဲ့ ရောစပ် စိမ်ပေးထားနိုင်ပါတယ်။

နန်းထက်ထက်ချစ်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်