တရုတ်ပို့မည့် သစ်သီးကား တစ်ထောင်ကျော် မူဆယ်တွင် ပိတ်မိ

30/12/2018 11:00 AM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

“မြန်မာဘက်က လုံခြုံရေးအရ ပိတ်တယ်လို့တော့ စရဖက လာရှင်းပြသွားတယ်။ (ဒီဇင်ဘာ) ၂ ရက်နေ့ လောက်က လုံခြံုရေးယူနေတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဝင်ပစ်သွားကတည်းက တိုင်းမှူးက ပိတ်ခိုင်းထားတာလို့ ပြောတယ်။ သစ်သီးရောင်းခွင့်ကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ” ဟု မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် တာဝန်ခံ ဒေါ်ကြည်ကြည်ခိုင်က ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ဝန်းကျင်က မူဆယ် ၁၀၅ မိုင်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်သွားကတည်းက တိုင်းမှူးက နယ်စပ်ဂိတ်ပိတ်ရန် ပြောဆိုခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး (စရဖ) က လာရောက်ရှင်းပြသွားကြောင်း ၎င်းက ပြောဆိုသည်။

အသေးစိတ်ဖတ်ရန် နှိပ်ပါ...


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်