မှိုရယ် မှိုရယ် မှိုရယ်
တစ်ခုတည်းကို (၃) ခွန်းပြောတာ မဟုတ်ရပါဘူးနော်။ ကွာခြားတဲ့ (၃) ခုကို မြန်မာလိုပဲ ခေါ်တာပါ။ သူတို့လို အခေါ်ကတော့ မှို ကို ၃ ခုပါ။
(က) Mushroom
(ခ) Fungi
(ဂ) Toadstool
လောကကြီးမှာက သံတူကြောင်းကွဲ စကားလုံးတွေလို အများကြီးရှိပါတယ်လေ။ ကိုယ်က မှို စားချင်လို့ ဈေးထဲ သွားဝယ်တယ်ဆို Fungus(ဖန်းဂတ်စ်) လို့ သွားမဝယ်ရပါဘူး။ သူက အရမ်းကို ယေဘုယျ ဆန်သွားလို့ပါ။ မက်ရှ်ရွမ်း(Mushroom) လို့ပဲ သွားဝယ်ရပါတယ်။
Fungi - မှို
မှိုလို့ ခေါ်တဲ့ အပင် အကုန်ပါဝင်ပါတယ်။ စားလို့ရတဲ့ မှိုလည်းပါတယ်။ စားလို့မရတဲ့ မှိုလည်းပါတယ်။ ကြီးကြီးလည်းပါတယ်။ သေးသေးလည်းပါတယ်။ မြင်ရတာလည်းပါသလို မမြင်ရတဲ့ မှိုတွေလည်းပါပါတယ်။ မြေထဲကမှို အပင်ရောဂါဖြစ်စေနိုင်တဲ့ မှို အားလုံးပါဝင်ပါတယ်။ သူတို့အားလုံးလည်း အစိမ်းရောင် ကလိုရိုဖီလ်းမပါပဲ များသောအားဖြင့်က အဆွေးစား အပင်တွေဖြစ်ကြပါတယ်။
Mushroom - မှို
သူက Fungus ထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ မှိုကြီးပေါ့။ အဲ့လို မှိုကြီးတွေ ရဲ့ အသီး ကိုမှ စားကြတာဖြစ်ပါတယ်။ မျိုးကနေ အပင် အပင်ကနေ အသီး ပေါ့။ အဲ့ဒါတွေကို စားကြတာပါ။ စားလို့ရတဲ့ မှိုပါ။ Fungus ဆိုတဲ့ မှိုနဲ့ ဘာကွာလဲ ဆိုတော့ Fungus အောက်က ကြီးကြီးမားမားနဲ့ စားလို့ရတဲ့ မှိုကို Mushroom လို့ ခေါ်တာပါ။ အဲ့ဒါကြောင့် ဈေးထဲသွားဝယ်ရင် Mushroom လို့ပဲ ခေါ်ကြပါတယ်။
Toadstool - မှို
သူလည်း မှိုပါပဲ။ ဒါပေမဲ့ စားလို့မရတဲ့ အဆိပ်ရှိတဲ့ မှိုဖြစ်ပါတယ်။ သူတော့ တကယ်စားလို့မရပါဘူး။
တူတဲ့အချက်တွေ။
(၁) Mushroom ဆိုတဲ့ မှိုတွေက Fungi မှိုတွေထဲက တစ်မျိုးပါပဲ။
(၂) သူတို့ရဲ့ ဆဲလ်နံရံမှာ Chitin ပါဝင်ကြပါတယ်။
(၃) မှို ၂ ခုစလုံး ကလိုရိုဖီလ်း မပါဝင်ကြတာကြောင့် ကိုယ်တိုင် အစာမချက်နိုင်ကြပါဘူး။
(၄) (၂) ခုစလုံးက ဆွေးမြေ့မှုကို ကောင်းစေတဲ့ အပင်တွေချည်းပါပဲ။
ဘာတွေကွာလဲ
တူတာတွေ ပြီးတော့ ကွာတာတွေ ပြောတာပေါ့။
(၁) Fungus ဆိုတာက မှိုအားလုံးပါပါတယ်။
(၂) Mushroom တိုင်းဟာ Fungus ဖြစ်ပေမဲ့ Fungus ဆိုတိုင်း Mushroom မဟုတ်ပါဘူး။
(၃) Mushroom တွေရဲ့ အမျှင်တွေက Multi တစ်မျိုးတည်းရှိပြီး ထီးပုံစံတွေပဲ ဖြစ်တတ်ကြပါတယ်။
(၄) Fungus ရဲ့ ဆဲလ်က Uni လည်းဖြစ်နိုင်သလို Multicellular တွေလည်း ပါဝင်ပါတယ်။ သူက ပုံစံ အမျိုးမျိုးရှိနိုင်ပါတယ်။
(၅) Toadstool ကတော့ mushroom လို အရွယ်အစားကြီးကြီးမားမားပဲ ဒါပေမဲ့ စားလို့ မရတဲ့ မှိုဖြစ်ပါတယ်။
အဲ့လောက်ဆို ဘယ်သူက ဘယ်လိုဆိုတာ အကဲခတ်နိုင်လိမ့်မယ် ထင်ပါတယ်။ Mushroom ဝယ်စားကြပါ။... .
မှိုဈေးကွက်လည်း ကောင်းတယ်နော့်။
ထွန်းဝင်းကျော်
Reference
https://www.differencebetween.com/difference-between-mushrooms-and-vs-fungus/amp/
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 1 ခု
ကလောက်ဒီ sulfur 80% ဆေးထုပ်မှာ ခရမ်းချဉ်ကို ဆေးတပုံး 200gလို့ညွှန်းထားဝာာ အဲတာဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 1 ခု
ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။
ဦးမျိုး • ဖြေကြားချက် 1 ခု
အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။
မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026