အထွက်နှုန်းထိခိုက်စေတဲ့ စပါးကြက်သွန်မြိတ်ပိုး
စပါးကြက်သွန်မြိတ်ပိုး (Orseolia oryzae)
(က) ဒေသအလိုက် ပျံ့နှံ့တည်ရှိမှု
စပါးကြက်သွန်မြိတ်ပိုးများကို ပဲခူး၊ ရှမ်း၊ ကချင်၊ကရင်၊ ကယားတို့တွင် များစွာတွေ့ရသည်။ ဆိုးဝါးစွာကျရောက်ပါက စီးပွားရေးထိခိုက်အဆင့်ထိ ကျတတ်သည်။ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် အနည်းငယ်ကျရောက်သည်။
(ခ) ဆိုးဝါးစွာ ကျရောက်တတ်သည့်အခြေအနေများ
မိုးအံ့၍ တိမ်ထူထပ်သော ရာသီဥတုမျိုးတွင်ကျရောက်မှုများနိုင်သည်။ ယခင်နှစ်က ကြက်သွန်မြိတ်ပိုးကျရောက်ခဲ့သောပျိုးခင်း၊ စိုက်ခင်းများတွင် ယခုနှစ်တွင် ပြန်၍ကျရောက်နိုင်သည်။ ဒေသမျိုးအောက် အထွက်တိုးမျိုးများသည် ခံနိုင်ရည် နည်းပါးသည်။ ဆောင်းသီးနှံစိုက်ပျိုး ပြီးသောအကွက်တွင် စပါးပြန်စိုက်ပါက အထူးဂရုစိုက်ရမည်။ မိုးဦးနောက်ကျသော နှစ်များတွင်အထူးဂရုစိုက်ပါ။ ပေါင်းမြက်ထူထပ်သော နေရာများတွင် ကြက်သွန်မြိတ်ပိုးကျရောက်မှုများသည်။ မိုးများရေလျှံသော နှစ်များတွင် ကြက်သွန်မြိတ် ပိုးကရောက်မှု မရှိသလောက် နည်းသော်လည်း ပြန်လည်စိုက်ပျိုးသော အခင်းများတွင် အထူးဂရုစိုက်ရမည်။ ခြောက်သွေ့သောရာသီတွင် ကျရောက်မှုနည်းသည်။
(၈) ဖျက်ဆီးမှုလက္ခဏာ
ပိုးလောက်ကောင်များသည် ဖွံ့ဖြိုးဆဲအပင်များအတွင်း၌စားသောက်ခြင်းကြောင့် ပင်ပွားများ၏အခြေသည်
ရောင်ရမ်းပြီး ဖုလုံးဖြစ်လာသည်။ ပျိုးခင်းက တည်းမှ အစပြု၍ ကြက်သွန်မြိတ် ပိုးကျ
စက်ဝန်း၊ အကြိမ်များစွာလည်ပတ်နိုင်သည်။
(ဃ)ဘဝစက်ဝန်း
ဥ (၃-ေ၄) ရက် (ဥပေါင်း ၁၀၀-၃၀၀)+ ယင်လောက်(၁၄) ရက် - ရုပ်ဖုံး (၂-၈) ရက်) အကောင်ကြီး။
(င) ဖျက်ကောင်ပုံသဏ္ဍာန်
ယင်လောက် ။ ။ (၁) မီလီမီတာခန့်ရှည်ပြီး ခန္ဓာကိုယ်မှာ အနောက်ဖက်သို့ချွန်သွားသည်။အရောင်မှာ အဝါဖျော့ရောင်ရှိသည်။အရွယ်ရောက်ကောင်မှာ (၃)မီလီမီတာခန့်ရှိ၍ အနီရောင်ဖက် ပြောင်းသွားသည် ။
ရုပ်ဖုံး ။ စပါး ရွက်ရင်းတွင်တွေ့နိုင်သည်(ဝ.၈)မီလီမီတာ ခန့်ရှည်သည်။ရုပ်ဖုံးဖြစ် ကာစတွင် ပန်းရောင်ဖြစ်ပြီးအနီရောင်ဖက် ကူးပြောင်းသည်။
အကောင်ကြီး ။ ။ စပါးပင်ဖုလုံးထိပ်နားတွင် ရုပ်ဖုံးသည်အပေါက်ဖောက်ပြီး ၎င်းအပေါက်မှအကောင်ကြီးထွက်သည်။ အကောင်ကြီးသည် သန်မာသော ခြေထောက်ရှည်များ ရှိပြီး ခန္ဓာကိုယ်မှာ ဝါညိုရောင်ဖြစ်သည်။ အမသည်နီညိုရောင်ရှိပြီးတောက်ပြောင်သည်။ အကောင်ကြီးမှာ (ခြင်) အရွယ်အစား နီးပါးခန့်
ရှိပြီး ညထွက်သော အကျင့်ရှိ၍ အလင်းရောင်သို့လာတတ်သည်။
ကာကွယ်နှိမ်နင်းနည်းများ
စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း
၁။ ယခင်နှစ်က ကြက်သွန်မြိတ် ကျသောအကွက်တွင် ယခုနှစ်တွင် စပါးထပ်မစိုက်သင့်ပေ။
၂။ ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို သေချာစွာ ရှင်းလင်းပါ။ဖျက်ပိုးလက်ခံပင်များကို ရှင်းပစ်ပါ။
၃။ ယခင်နှစ်ကဖျက်ပိုးကျရောက်သော အချိန်ကို မှတ်သားပြီး စိုက်ချိန်ပြောင်းရွှေ့ရမည်။ သာမာန်အားဖြင့် မိုးအခြေအနေကို ကြည့်ပြီး စောနိုင်သမျှ စောစောစိုက် ရမည်။
၄။ လိုအပ်၍ ပိုးသတ်ဆေးပက်ဖျန်းလျှင် နံနက်စောစော ပက်ဖျန်းပါ။
၅။ဒေသအလိုက် ခံနိုင်ရည်ရှိသော မျိုးများကိုရွေးချယ်စိုက်ပျိုးပါ။
၆။ ပိုတက် ဓာတ်မြေသြဇာ (ဓာတ်ဆား) များများထည့်ခြင်းမှရှောင်ပါ။ ဓာတ်မြေသြဇာကို ဒေသထောက်ခံချက်ထက် ပိုမထည့်ရန် သတိပြုရမည်။ ဓာတ်မြေသြဇာ အနည်းအများသည် ကြက်သွန်မြိတ်ပိုး ပွားများမှုကို ပြောင်းလဲစေသည်။
၇။ အပင်ဦးရေ မများစေရန် ဂရုစိုက်ပါ။
၈။ သီးလှည့်စိုက်ပျိုးပါ။
၉ ပိုးသတ်ဆေးကို အကောင်ပေါက်ချိန်တွင် ချိန်ကိုက်ဖျန်းပါ။ ပင်စည်အောက်ခြေမှ အထက်သို့တိုးဖျန်းပါ။
ပါး ပင်စည်အောက်မှ အထက်သို့တိုးချန်းပါ။
၁၀ ။ဖျက်ပိုး ကျရောက်မှုများသော စပါးခင်းတွင် ပုလဲဓာတ်မြေသြဇာကို ပိုးသတ်ဆေးဖျန်းပြီး (၁) ဧကလျှင် တစ်အိတ်၏ (၅) ပုံ (၁) ပုံခန့် ကျွေးပါ။
မြေသြဇာကို ပိုးသတ်ဆေးဖျန်းပြီး (၁) ဧကလျှင် တစ်အိတ်၏ (၅)ပုံ (၁) ပုံခန့်ကျွေးပါ။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးကြက်သွန်မြိတ်ပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
Soe Myar
လွန်ခဲ့သော ၄ လ ကကြက်သွန်မိတ်ပင်ပိုးကျ
Zaw Min
လွန်ခဲ့သော ၃ နှစ် ကစပါးအရွက်တွေမှာသံချေးရောင်အစက်အပြောက်တွေရှိတယ် ဘာရောဂါလည်း
နိုင်လင်းအောင်
လွန်ခဲ့သော ၅ နှစ် ကဘာဆေးသုံးရမှာလဲဗို့
Daw Kay Thi Khaing
လွန်ခဲ့သော ၆ နှစ် ကမှို့ကပ်ချိန် ကြက်သွန်မြိတ်ပိုးကျရောက်ပါကပုလဲဓာတ်မြေသြဇာထည့်ပါကအဆင်ပြေပါသလား
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အပင်တေသေတယ်ပိုးကောင်နဲ့ခြတေဘယ်လိုလုပ်ရမလည်း အပင်အားကောင်းဆေးမသိ
ကိုရဲကို • ဖြေကြားချက် 1 ခု
စပါး အဖုံးလုံးနေပီ ဘာရောဂါကျနေလည်း မသိ
နံပတ်2 • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်အရွက်တွေဝါပြိးအဆစ်လိုက်ပျက်ကျဘာဆေးသုံးရမလဲ
Maung Maung Htay • ဖြေကြားချက် 1 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from စိုက်ပျိုးရေးဦးစီးဌာန
အားလုံး
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
22/11/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020