ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်နိုင်တဲ့ ကြက်သွန်ဖြူဥ အရည်အသွေးများ

28/03/2024 13:00 PM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ကြက်သွန်ဖြူစိုက်ပျိုးရေးသည် အပူချိန်ပြောင်းလဲမှုသို့ တုံ့ပြန်မှုရှိပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်သည်လည်း အပူချိန်အပေါ် မခန့်မှန်းနိုင်သော ပြောင်းလဲမှုဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကြက်သွန်ဖြူတစ်ပေါင် ထုတ်လုပ်မှုတွင်  ဖန်လုံအိမ်ဓါတ်ငွေ့ (၀.၁၈) ကီလို သို့မဟုတ် (၀.၄ ပေါင်) ထွက်ရှိပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထွက်ရှိမှုသည် ဟင်းသီးဟင်းရွက်စိုက်ခင်းများနှင့် နှိုင်းယှဉ်လျှင် လျော့နည်းကြောင်းကို အချို့သုတေသနစာတမ်းများက ဖော်ပြထားပါသည်။ ထို့ပြင်နှံစားသီးနှံ စိုက်ပျိုးထုတ်လုပ်မှု (ပြောင်းသီးနှံ) တွင် ကြက်သွန်ဖြူကို သီးလှည့်သီးနှံအဖြစ် ထည့်သွင်းစိုက်ပျိုးပေးခြင်းအားဖြင့် နိုက်ထရပ်အောက်ဆိုဒ်ဓာတ်ငွေ့ထွက်ပေါ်မှုကို (၄၁.၄%) လျော့နည်းပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေကြောင်းကိုလည်း ဒန်လူနှင့် အပေါင်းပါသုတေသနပညာရှင်များ (Dan Liu, et al. 2023) က ဖော်ထုတ်ပြသခဲ့ပြီးဖြစ်ပါသည်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် သမားရိုးကျ ကြက်သွန်ဖြူစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းခြင်းအပေါ် သက်ရောက်မှုရှိပြီး စိုက်ချိန်ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ အပူချိန်နှင့် မိုးရေချိန်ပြောင်းလဲမှုပုံစံများသည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုအပေါ်များစွာ သက်ရောက်မှုရှိသည်။ ပူနွေးသော အပူချိန်သည် ကြက်သွန်ဖြူဥ ဖြစ်ပေါ်ခြင်းကို သက်ရောက်လျက် အနံ့အရသာနည်းပြီး ဥ‌သေးဖြစ်ပေါ်မှုပေါ် လွှမ်းမိုးလျက်ရှိသည်။ တဖန် ပုံမမှန်အအေးဖြစ်ပေါ်မှုကလည်း ကြက်သွန်ဖြူဥ ကြီးထွားသည့်ပုံစံအပေါ်တွင် သက်ရောက်လျက် ရှိသည်။ ချန်ရမ်လီနှင့် အပေါင်းပါသုတေသနပညာရှင်များ (Chenyang Li, et al. 2021) က အယ်နီညိုနှင့် လာနီညာဖြစ်ပေါ်မှုသည် ကြက်သွန်ဖြူအထွက်နှုန်းကို သိသိသာသာလျော့နည်းကြောင်း သုတေသနပြု လေ့လာတွေ့ရှိထားပါသည်။ 

ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် အစိုဓာတ်လုံလောက်စွာရရှိမှုပေါ်မူတည်ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် ခြောက်သွေ့ခြင်းသည် သီးနှံအပေါ် သိသာသောထိခိုက်မှုကို ဖြစ်ပေါ်စေသည်။ အစိုဓာတ်လျော့နည်းမှုသည် ဥဖြစ်ပေါ်ခြင်းကို ကန့်သတ်ပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် အစက်ချ ရေသွင်းစိုက်ပျိုးခြင်းကဲ့သို့သော ထိရောက်သော ရေစီမံခန့်ခွဲမှုသည် ရာသီဥတုကြောင့် ရေရှားပါးမှု ပြဿနာမှ ကာကွယ်တားဆီးပေးနိုင်ပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပိုးမွှားရောဂါကျရောက် ပြန့်နှံ့မှုကို ဖြစ်ပေါ်စေပြီး ကြက်သွန်ဖြူ အထွက်နှုန်းကို ထိခိုက်စေနိုင်ပါသည်။ အပူချိန်ပူနွေးလာမှုက အချို့ပိုးမွှားများကို ပို၍ပွားများစေပြီး စိုထိုင်းဆမြင့်တက်မှုက ရောဂါဖြစ်ပေါ်မှုကို ပို၍ဆိုးရွားစေသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပိုးမွှားရောဂါဖြစ်ပေါ်မှုကို ကာကွယ်တားဆီးရန် ကြိုတင်ကာကွယ်သည့် စီမံမှုများကို လုပ်ကိုင်ဆောင်ရွက် ပေးရမည် ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရေချိန်ပုံစံပြောင်းလဲခြင်း၊ အလွန်အမင်း အပူချိန်မြင့်တက်ခြင်းသည် မြေသားတည်ဆောက်ပုံ၊ အပင်အာဟာရဓာတ်အပေါ် သက်ရောက်လျက်ရှိပြီး မြေဆီဩဇာကို ထိခိုက်စေသည်။ မြေဆီဩဇာထက်သန်မှုသည် ကြက်သွန်ဖြူအထွက်နှုန်းကောင်းမွန်ရန်အတွက် မရှိမဖြစ် လိုအပ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မြေသားပုံစံပြောင်းလဲမှုသည် အပင်အာဟာရစုပ်ယူမှုကို ထိခိုက်စေပြီး အထွက်နှုန်းနှင့် အရည်အသွေးကို ကျဆင်းစေသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်း၊ ဟာရီကိန်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့သည် သီးနှံ၏ ဥဖြစ်ပေါ်မှုအပေါ်သက်ရောက်ပြီး အထွက်နှုန်းလျော့နည်းခြင်းအားဖြင့် ဆိုးရွားစွာထိခိုက်မှုကို ဖြစ်ပေါ်စေသည်။ ထိုကဲ့သို့ မကြာခဏနှင့် ပြင်းပြင်းထန်ထန်ဖြစ်ပေါ်ပါက ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုကို ကန့်သတ်စေနိုင်ပါသည်။

ရာသီဥတုပြောင်းလဲမှုကြောင့်

  • ကြက်သွန်ဖြူဥ၏ အနံ့အရသာနှင့် အရည်အသွေးပေါ်လွှမ်းမိုးမှုရှိသည်။ ဥပမာ-ကြက်သွန်ဖြူဥဖြစ်ပေါ်စဥ်ကာလ အပူလှိုင်းကျရောက်မှုများကြောင့် အနံ့စူးရှမှုကို လျော့နည်းစေပြီး အာဟာရဓာတ်ပြောင်းလဲမှုဖြစ်ပေါ်ကာ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများကို လျော့နည်းသွားစေသည်။
  • ကြက်သွန်ဖြူစိုက်တောင်သူများသည် သမရိုးကျ ကြက်သွန်ဖြူစိုက်ပျိုးနည်းစနစ်မှ ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင်စိုက်ပျိုးမှုအတွက် စိန်ခေါ်မှုများစွာ တွေ့ကြုံရမည်ဖြစ်သည်။ ၎င်းအထဲမှာမှ စိုက်ချိန်ညှိနိုင်းခြင်း၊ ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသော မျိုးများရွေးချယ်စိုက်ပျိုးခြင်း၊ ထိရောက်သောရေသွင်းစိုက်ပျိုး နည်းစနစ်များအသုံးပြုခြင်းတို့သည် ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍ အနေဖြင့်တည်ရှိနေပါသည်။
  • ကြက်သွန်ဖြူစိုက်ပျိုးမှုအတွက် သင့်လျော်သော စိုက်ပျိုးမြေနေရာ ဒေသပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည်။ အရင်က ကြက်သွန်ဖြူစိုက်ပျိုးရန်သင့်တော်သော မြေဧရိယာသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကြက်သွန်ဖြူဆက်လက်စိုက်ပျိုးရန်မသင့်လျော်သော မြေအနေအထားသို့ ပြောင်းလဲသွားပြီး ကြက်သွန်ဖြူအစား အခြားသင့်လျော်သော သီးနှံတစ်ခုခုပြောင်းစိုက်ပြီး ကြက်သွန်ဖြူ အတွက် စိုက်ပျိုးရန်သင့်လျော်သော မြေနေရာအသစ်များကို ရှာဖွေဖော်ထုတ်လုပ်ကိုင်ဆောင်ရွက်ပေးရန် လိုအပ်လာပါသည်။

အချုပ်အားဖြင့် ဆိုရသော် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အပူချိန်ပြောင်းလဲခြင်း၊ အစိုဓာတ်ရရှိနိုင်မှု၊ ပိုးမွှားရောဂါကျရောက်ပြန့်ပွားမှုနှင့် စိုက်ပျိုးရေးဂေဟဗေဒစနစ်တခုလုံးကို လွှမ်းမိုး လျက်ရှိပြီး ကြက်သွန်ဖြူစိုက်ပျိုးမှုအပေါ်မှာ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည်။ ထိုပြောင်းလဲမှုအပေါ်မှာ လိုက်လျောညီထွေရှိပြီး စိုက်ပျိုးထုတ်လုပ်နိုင်စေရန် ပြောင်းလဲလာသော ရာသီဥတုကို တုံ့ပြန်ခံနိုင်ရည်ရှိသော စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းရင်း (root causes) များကို လျော့နည်းသက်သာစေအောင် ကမ္ဘာလုံးဆိုင်ရာကြိုးစားအားထုတ်မှုများကို ပေါင်းစပ်၍ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်