ငါးကွမ်းရှပ်ငါးကို အင်္ဂလိပ်လို Spanish Mackerel ဟုသိရသည်။ မြန်မာလို ငါးကွမ်းရှပ် ( ခေါ် ) ငါးညို့ဟုလည်း လူသိများကြပါသည်။ ငါးကွမ်းရှပ်ငါးများမှာ ရေပေါ်ရေလွှာနေ ( Pelagic Fish ) များဖြစ်ကြပြီး ရေငန်ဒေသ ၊ ရေချိုရေငန်စပ်ဒေသများတွင် တွေ့ရများသည်။
ငါးကွမ်းရှပ်ငါးမှာ အကြေးခွံမပါတဲ့ အကြေးခွံမဲ့ ( scaleless ) ငါးတစ်မျိုးဖြစ်သည်။ အရိုးနည်းပြီး အသားများကာ အရသာထူးခြားကောင်းမွန်လှပါသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာလည်း တွေ့ရှိရပါသည်။
ငါးကွမ်းရှပ်ငါး ( Mackerel Fish ) များမှာ အသားစား ( Carnivorous ) များဖြစ်ကြပြီး ငါးငယ်များ၊ ပုစွန်၊ ကင်းမွန် စတဲ့ အခွံမာရေသတ္တဝါများကို သူတို့၏အစာအဖြစ် စားသုံးကြပါသည်။ ငါးကွမ်းရှပ်အမမှာ ဥပေါင်း (၅ – ၁၅ ) သိန်းခန့်ထိ ဥဥနိုင်ကြပါသည်။
ငါးကွမ်းရှပ်ငါးမှာ လူသားတို့၏ ကျန်းမာရေးအတွက် အလွန်အကျိုးပြုတဲ့ ငါးတစ်မျိုးလည်းဖြစ်သည်။ ငါးကွမ်းရှပ်ကို စားခြင်းအားဖြင့် လူတို့၏သွေးအတွင်းရှိ သကြားဓာတ်ကို လျော့ချပေး၏။ လူသားတို့အတွက် မရှိမဖြစ်လိုအပ်သည့် Omega – 3 fatty acids ကိုလည်း ရရှိစေပါသည်။
ငါးကွမ်းရှပ်ငါးဟင်းလျာများမှာ ငါးကွမ်းရှပ်ငါးကြော်နှပ်၊ ငါးကွမ်းရှပ်ငါးဆုပ်လုံးဆီပြန်၊ ငါးကွမ်းရှပ်သောက်ဆမ်း/ မွန်ဟင်း၊ ငါးကွမ်းရှပ်ရေညှိလိပ်၊ ငါးကွမ်းရှပ်ခြောက်ဆီပြန်ရေကျန်ဟင်း စသည်တို့ဖြစ်သည်။ ထို့ပြင် ငါးကွမ်းရှပ်ငါးခြောက်ဆားပေါ့များမှာ ဈေးကောင်းလှသလို ငါးကွမ်းရှပ်ငါးဖြင့် ပြုလုပ်ထားသော ငါးမုန့်မှာလည်း အရသာကောင်းမွန်လှပေသည်။ ရွာဓလေ့အလှူများတွင်လည်း ငါးခြောက်ထောင်းကြော်၊ ငါးခြောက်နှပ်ဟင်းလျာများအတွက် ငါးကွမ်းရှပ်ငါးခြောက်ကို အများဆုံးအသုံးပြုကြပါသည်။
ငါးကွမ်းရှပ်ငါးကို -
Phylum ( မျိုးပေါင်းစု ) - Chordata
Class ( အမျိုးအစား ) - Actinopte rygii
Order ( မျိုးစဥ် ) - Scombriformes
Family ( မျိုးရင်း ) - Scombridae
Genus ( မျိုးစု ) - Scomberomorus
Species ( မျိုးစိတ် ) - Scomberomorus guttatus
English Name (အင်္ဂလိပ် ) -Spanish Mackerel ဟူ၍ဖြစ်ပါသည်။
ပင်လယ်ပြာ ( ငါးဦးစီး )