"ကကတစ်ငါး Giant Sea perch or Seabass"
ကကတစ်ငါးများမှာ ရေအောက်ကြမ်းပြင်မှာ နေထိုင်ကျက်စားကြသော (demersal fish ) များ ဖြစ်ကြသည်။ ထိုငါးရဲ့ထူးခြားချက်မှာ လိင်ပြောင်းလဲတတ်သောသဘာဝရှိပြီးကကတစ်ငါးမှာ အသက် (၃-၄) နှစ်အရွယ်ထိ ငါးထီးအဖြစ်ရှိပြီး ထိုမှကျော်လွန်လျှင် ငါးမအဖြစ် အသက် (၅-၆) နှစ်အရွယ်ထိ နေထိုင်နိုင်ကြကြောင်း သိရပါသည်။
ကကတစ်ငါးမျက်လုံး၂လုံးမှာကြီးမားပြီး မျက်စိလျင်ကြပါသည်။ အမြီးထိပ်ဝိုင်းပြီးဆူးတောင်မှာ မာကျောသည်။ ကကတစ်ငါးအကောင်ကြီးများကို"ကသပေါင်း "ငါးဟုလည်း ခေါ်ကြပါသေးသည်။
ကကတစ်ငါးများမှာ အသက် (၄-၅) နှစ်တွင် သန္ဓေဆောင်ကြပြီး ကကတစ်အမ အကောင်ကြီးမျိုးများမှာ ဥပေါင်း ၃၂ သန်းထိ ဥဥနိုင်ကြပါသည်။ ကကတစ်သက်တမ်းမှာ (၈-၁၂) နှစ်ခန့် အသက်ရှည်ကြပြီး တချို့မှာ အသက်၂၀ နှစ် ခန့်ထိ နေထိုင်နိုင်ကြပါသည်။
ကကတစ်ငါးကို ရေငန်ပိုင်းတွင် တွေ့ရများပြီး ရေချိုရေငန်စပ်၊ ရေချိုပိုင်းတွင်လည်း တွေ့ရတတ်သည်။ တန်ဖိုးမြင့်ငါးတစ်မျိုးဖြစ်ပြီး ကကတစ်မွေးမြူရေးလုပ်ငန်းလည်း လုပ်ကိုင်နေကြပါပြီ။ ကကတစ်ငါးများမှာ သူတို့ရဲ့အစာအဖြစ် အခွံမာရေနေသတ္တဝါ crustaceans များ၊ mollusks ခရု၊ ကမာအုပ်စုတွေနှင့် ငါးငယ်များကို စားသုံးကြပါသည်။
ကကတစ်ငါး မှာ-
Phylum-Chordata
Sub-phylum-Vertebrata
Class-Pisces
Order-Percomorphi
Family-Centropomidae
Genus-Lates
Species-Lates calcarifer ဟူ၍ သိရသည်။
ကကတစ်ငါးကို ငါးသံပုရာပေါင်း၊ ချိုချဉ်ကြော်၊ ကကတစ်ငါးခဲပတ်ကင်၊ ကကတစ်အစပ်ဟင်း၊ ငါးပေါင်း၊ ကကတစ်သောက်ဆမ်း စသည့်ဟင်းလျာများမှာ နာမည်ကြီးသည်။ ငါးသံပရာပေါင်းအတွက်ဆို ကကတစ်ငါးက အကောင်းဆုံးဖြစ်ပါသည်။
နှင်းဖြူဖြူ
Source - AQUADAPT-Myanmar
Ko ko Tun
လွန်ခဲ့သော ၄ နှစ် ကနှစ်မပြည့်တဲ့ ကကတစ်တွေငါးငယ်တွေမှာ အမ မရှိဘူးလား ၅နှစ်ပြည့်မှ အမဖြစ်တာလားဗျာ
နည်းပညာမိတ်ဖက်အဖွဲ့
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ
Thiha • ဖြေကြားချက် 5 ခု
ခရမ်းချဉ်စသီးနေပီး15ပတ်လည် 10Sကို ရေလီတာ200ပုန်းဆိုဘယ်လောက်ချိုးထည့်ရမလည်း
စိုင်းအိုက်လှိုင် • ဖြေကြားချက် 1 ခု
#တောင်ယာစပါး မျိုးစေ့ ရောင်းဝယ် နေရာ စိုက်နည်း ပေါင်းဆေး အားဆေး အော်ဂဲနစ် ဘယ်အမျိုးက ဘယ်နေရာနဲ့သင်တော်လဲဆိုဒါ ပညာရှင်များ ပြောပြပေးလို့ရလား
အိုအေ • ဖြေကြားချက် 3 ခု
မြေပဲခင်းမှာ အားဆေးပက်ချင်လို့ နွားသေးနဲ့ ပုလဲမြေဩဇာ ရောပက်လို့ ရပါသလား ပက်ရရင် ဘယ်လောက် နှုန်းထား စပ်ရမလဲ
နံပတ်2 • ဖြေကြားချက် 1 ခု
ဂျစ်ပဆမ်ကျောက်မှုန့် က ဘာကိုပြုလုပ်ထားတာလဲ ဘယ်လိုအကျိုးအာနိသင် ရှိချင်ပါတယ်ခင်ဗျ
U Soe • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အယ်လ်နီညိုလာမည်ဆိုလျှင် သီးနှံစိုက်ပျိုးရေးတွင် ကြိုတင်ပြင်ဆင်
14/10/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၇)
13/10/2026
ရန်ကုန် ကြက်၊ ဘဲဈေးကွက်တွင် အသားတိုးကြက်ဈေးကျပြီး ဘဲဈေးနှုန်း မြင့်တက်
13/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
အသက် ၁၀၀ ကျော် ရခြင်း၏လျှို့ဝှက်ချက် - ဥယျာဉ်ခြံစိုက်ပျိုးပြုစုခြင်း
12/10/2026
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024