အေဇိုလာ အဇိုလာ

09/12/2019 13:45 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အေဇိုလာဆိုတာဘာလဲ?

ရေထဲမှာ ပေါက်ရောက်ကြတဲ့ အကိုင်းဖြာပြီးပေါ်နေတတ်တဲ့ အပင်လေးတွေပါ။ သူက တိရစ္ဆာန်တွေအတွက် အာဟာရတွေအများကြီးပါဝင်တာကြောင်မို့ နောက်ပိုင်းမှာ ခေတ်စားလာတဲ့ အပင်လေးတွေဖြစ်ပြီးတော့ တိုးချဲ့စိုက်ပျိုးလာကြပါတယ်။ လယ်ခင်းထဲမှာပေါက်ရင်တောင် စပါးပင်တွေအတွက် နိုက်ထရိုဂျင်ကို ထောက်ပံ့ပေးနိုင်ပါသေးတယ်။ အဲ့လိုကြောင့် အေဇိုလာဆိုရင် စပါးခင်းထဲမှာ ဇီဝမြေသြဇာအဖြစ်တောင် ထည့်ကြတာဖြစ်ပါတယ်။  စိမ်းပြာရောင်ရှိတဲ့  အေဇိုလာလေးတွေက နိုက်ထရိုဂျင်ဖမ်းယူပေးတာကိုလည်း ကူညီပေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ။

ဘယ်နေရာတွေမှာ ပေါက်ကြလဲ?

ကန်တွေ၊ မြောင်းသွယ်လေးတွေ၊ စပါးခင်းရှိတဲ့ အပူချိန်နွေးနွေးနဲ့ သမပိုင်းနေရာတွေအထိ ပေါက်ရောက်စိုက်ပျိုးနိုင်ပါတယ်။

ဘယ်နေရာတွေမှာ သုံးလို့ရနိုင်မလဲဆိုတော့ ကျွဲ၊ နွား၊ ကြက်၊ ငါး စတဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက်လည်း အာဟာရပြည့်တဲ့အစာတွေအဖြစ် ထုတ်လုပ်ပေးနိုင်တာကြောင့်မို့ စိုက်ပျိုးကြတာဖြစ်ပါတယ်။ 

ဒါဆိုရင် အေဇိုလာကို သိပ္ပံနည်းကျဘယ်လိုခွဲခြမ်းထားသလဲဆိုတာကို လေ့လာကြည့်ရအောင်။

Family name – Salviniaceae

Botanical/Scientific Name – Azolla filiculoides

အေဇိုလာရဲ့ အကျိုးကျေးဇူးတွေ

(၁) နေရာဒေသသိပ်မရွေးပဲ စိုက်နိုင်ပျိုးနိုင်တဲ့အပြင်ကို ဖန်လုံအိမ် မှန်လုံအိမ်ထဲမှာတောင် စိုက်လို့ပျိုးလို့ရတဲ့ အမျိုးအစားဖြစ်ပါတယ်။ 

(၂) ပမာဏများများကို စိုက်ပျိုးလို့ရပြီးတော့ သုံးလို့ရတဲ့နေရာကလည်း များပါတယ်။

(၃) အေဇိုလာက လေထုထဲကကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင်ကို ကာဗွန်ဟိုက်ထရိတ်နဲ့ အမိုးနီးယားအဖြစ် ပြောင်းလဲပေးနိုင်တာကြောင့် အပင်တွေအတွက် သစ်စိမ်းမြေသြဇာ အဖြစ် အသုံးပြုပေးဖို့ သင့်တော်ပါတယ်။ 

(၄) အေဇိုလာကို အရည်ဖျော်ပြီးသုံးမယ်ဆိုရင်တော့ ဇင့်၊ အိုင်းယွန်းဓာတ်နဲ့ မဂ္ဂနိစ့် ကို စပါးအတွက် ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။ 

(၅) တစ်ချို့နိုင်ငံတွေရဲ့စပါးခင်းထဲမှာ အေဇိုလာတွေကိုသုံးပြီးတော့ ပေါင်းပင်တွေကိုနှိမ်နင်းဖို့အတွက် သုံးကြပါသေးတယ်။

(၆) သဘာဝအတိုင်းဆိုရင်တောင် အေဇိုလာက အပင်ကြီးထွားဖို့လိုအပ်တဲ့ ဗီတာမင်နဲ့ အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ 

(၇) အဲ့လိုလုပ်ပေးနိုင်တာကြောင့် သီးနှံအထွက်နဲ့ အရည်အသွေးကို ကောင်းမွန်စေပါတယ်။ 

(၈) အေဇိုလာနဲ့ ရေမျက်နှာပြင်ကို အကာအကွယ်လို လုပ်ထားပေးတာကြောင့် ရေငွေ့ပျံတာကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ အဲ့လိုဆိုတော့ အပင်တွေလည်း ရေငွေ့ခံရတာ သက်သာတာပေါ့။

(၉) နို့စားတိရိစ္ဆာန်လေးတွေကို ကျွေးတယ်ဆိုရင် နို့အထွက်တိုးအောင် ကူညီပေးနိုင်ပါသတဲ့။

ကဲ ဒါကတော့ အေဇိုလာနဲ့ ပတ်သက်တဲ့ဗဟုသုတကို ဖော်ပြပေးတာပါ။ အေဇိုလာစိုက်ပျိုးနည်းကိုတော့ နောက်ဆောင်းပါးမှာ ဆက်လက်စောင့်မျှော်ပေးကြပါဦး။

ထွန်းဝင်းကျော်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်