အပူချိန်နှင့်စိုထိုင်းဆကို စနစ်တကျချိန်ညှိနိုင်ပါက ကောက်ရိုးမှိုကို နှစ်ပတ်လည်စိုက်ပျိုးထုတ်လုပ်နိုင်
ကောက်ရိုးမှိုစိုက်ပျိုးရာတွင် ရာသီဥတုအပေါ်မူတည်၍ လိုအပ်သော အပူချိန်နှင့်စိုထိုင်းဆကို ချိန်ညှိနိုင်ပါက နှစ်ပတ်လည်စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
မှိုစိုက်ပျိုးတာက ရေ၊ မြေတော့ သိပ်မရွေးပေမယ့် ရာသီဥတုအလိုက် သူလိုအပ်တဲ့ စိုထိုင်းဆနဲ့ အပူချိန်ကိုတော့ ပေးနိုင်ရပါတယ်။ နွေရာသီမှာစိုက်ပျိုးမယ်ဆိုရင် အပူချိန် ၂၇ ကနေ ၃၅/၃၈ ဒီဂရီစင်တီဂရိတ် အတွင်းလောက် ရှိရပါတယ်။ စိုထိုင်းဆကတော့ ၆၀ ရာခိုင်နှုန်းအထက်ရှိရင် ကောင်းပါတယ်။ ဆောင်းတွင်းမှာ စိုက်မယ်ဆိုရင်တော့ အပူချိန်ရဖို့ရာ အပူဓာတ်များတဲ့ ကုန်ကြမ်းမျိုးတွေ ထည့်ရမှာပါ။ ဒါကလည်း ဒေသအလိုက်ပါ။ ကျွန်တော်တို့ အညာဒေသတို့၊ ရှမ်းပြည်တို့ကျတော့ အပူကုန်ကြမ်းအနေနဲ့ ကြက်ချေး၊ ငုံးချေး များများထည့်ပေးကြတယ်။ ကောက်ရိုးမှိုရဲ့သဘာဝက စိုက်ပျိုးပြီး (၅)ရက်အတွင်းက အမှောင်ချ/မှိုမျှင်မွေးတဲ့ ကာလလို့သတ်မှတ်ပါတယ်။ (၅)ရက်ရဲ့နောက်ပိုင်းမှာတော့ သန္ဓေချမယ်
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဌ ဦးအောင်ဆန်းဦးက ပြောသည်။
စိုက်ပျိုးပြုစုပုံမှန်ကန်ပါက ကောက်ရိုးမှိုဥများသည် စုစုပေါင်းစိုက်ပျိုးသက်တမ်း (၁၀)ရက်မှ (၁၃)ရက်အတွင်း ခူးဆွတ်နိုင်သည့်အရွယ်အစားသို့ ရောက်ရှိလာနိုင်သည့်အတွက် ရက်တိုတိုနှင့်ရင်းနှီးငွေများ ပြန်လည်ရရှိစေသည့် လုပ်ငန်းအမျိုးအစားလည်း ဖြစ်သည်။
စိုက်ပျိုးပြီး (၅)ရက်လောက်အကြာမှာ ဘောင်လှပ်ကြည့်တဲ့အခါမှာ တစ်ကြိမ်။ မှိုခူးရက်ရောက်ဖို့ (၇)ရက်/(၈)ရက်လောက် ထပ်စောင့်ရတဲ့အခါမှာ တစ်ကြိမ်။ အဲ့ဒီအချိန်တွေ အတောအတွင်းမှာ ကျွန်တော်တို့က မှန်းဆပြီး မှိုဘောင်သည် ခြောက်သွားနိုင်တယ်ဆိုမှသာ ရေပေးရမယ်။ မခြောက်နိုင်ဘူးဆိုရင်တော့ ရေပေးစရာ မလိုသေးဘူး။ ပတ်ဝန်းကျင်စိုထိုင်းဆကိုကြည့်ပြီး ရေပေးမပေးဆုံးဖြတ်ရတာပါ။ မှိုဘောင်ပေါ် တိုက်ရိုက် ရေပေးရတာမဟုတ်ဘူး။ ဘောင်လုပ်ထားတဲ့ ခေါင်မိုးပေါ်၊ ဘောင်ပတ်ချာလည်တို့မှာ ပတ်ဝန်းကျင်စိုထိုင်းဆ ရှိအောင် အမြဲလုပ်ပေးရတာပါ။ ဆောင်းရာသီမှာတော့ အပူလိုအပ်တဲ့အတွက် ဘောင်ကျယ်လေလေ ရှည်လေလေ အပူရလေလေပါ။ နွေရာသီကျတော့ ဘောင်သေးမှသာ အပူဒဏ်ကိုထိန်းနိုင်တာ ဖြစ်ပါတယ်
ဟု ဦးအောင်ဆန်းဦးက ဆက်လက်ပြောသည်။
ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်ရာတွင် အများအားဖြင့် မှိုဘောင်အရွယ်အစားကို (၃)ပေ - (၁၀)ပေ၊ (၃)ပေ - (၉)ပေ စသည်ဖြင့် မြေနေရာအကျယ်အဝန်းနှင့် ရာသီဉတုအပေါ်မူတည်၍ ထားကြသည်။
မှိုစာကုန်ကြမ်းအနေဖြင့် မိမိဒေသအလိုက် ရရှိနိုင်သည့် နွားချေး၊ ကြက်ချေး၊ ငုံးချေး၊ ဂျပ်စက္ကူ၊ ဗေဒါ၊ ကောက်ရိုး တို့ကို အသုံးပြုစိုက်ပျိုးကြောင်း သိရသည်။
ဆောင်းပါးများ/ သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Zin Min Tun
လွန်ခဲ့သော ၅ နှစ် ကသိဘူး
ThanToeAung
လွန်ခဲ့သော ၅ နှစ် ကမျိူးစေဘယ်မှာရမလဲ
ဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 3 ခု
နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေးရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး
khant zin • ဖြေကြားချက် 1 ခု
မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ
လိူင်စိုး • ဖြေကြားချက် 2 ခု
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022