ပြည်ပတင်ပို့မှုများတဲ့ ပင်လယ်မျှော့အကြောင်း

15/09/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ပင်လယ်မျှော့ ခေါ် ပင်လယ်သခွားသီး (Sea Cucumber) များကို ကမ္ဘာအနှံ့အပြားရှိ ပင်လယ်ရေအောက်ကြမ်းပြင် (sea floor) နှင့် သန္တာကျောက်တန်းများ (coral reefs) ကြားမှာ တွေ့ရှိနိုင်ပါတယ်။ ပင်လယ်မျှော့ (ခေါ်) ပင်လယ်သခွားသီးတွေဟာ ကျောရိုးမဲ့ရေနေသတ္တဝါ (Marine Invertebrate) အုပ်စုဝင်များဖြစ်ကြပြီး ကြယ်ငါး၊ သံပခြုပ်၊ သဲဒေါ်လာကောင်တို့လို Echinoderms အုပ်စုဝင် တစ်မျိုးဖြစ်ကြပါတယ်။ သိပ္ပံအမည်မှာ Holothuroidea ဟု အမည်တွင်ပါတယ်။

     မျှော့နှင့်ဆင်တူလို့ မြန်မာလို  ပင်လယ်မျှော့ လို့ ခေါ်ကြတဲ့ sea cucumber တွေဟာ မျှော့မဟုတ်ကြပါ။ မျှော့က အဆစ်ပါ တီကောင်မျိုးပေါင်းစု-Annelida မှာပါဝင်ပြီး မျှော့တွေက မြေတီကောင်တွေနဲ့ ပိုအမျိုးနွယ်ပါလိမ့်မယ်။ Sea Cucumber တွေက မျိုးပေါင်းစု-Echinodermata မှာပါဝင်ကြလို့ မြန်မာမှုပြုတဲ့အခါ Sea cucumber ကို ပင်လယ်မျှော့ လို့ခေါ်တာထက် အင်္ဂလိပ်နာမည်ကို တိုက်ရိုက်ဘာသာပြန်ထားတဲ့ ပင်လယ်သခွားသီး ဆိုတဲ့ နာမည်ကပိုပြီး ပီပြင်ကွဲပြားလိမ့်မယ်လို့ ဆိုကြပါတယ်။

     Sea Cucumber တွေရဲ့ ခန္ဓာကိုယ်က ရှည်မျောမျောလေးဖြစ်နေပြီး သူတို့ရဲ့ သားရေတွေနဲ့တူတဲ့ အရေပြား အဖုထစ် အချွန်အတက်တွေက ကိုယ်ပျော့ရေနေသတ္တဝါလိုဖြစ်နေပါတယ်။ Sea Cucumber တွေဟာ သူတို့ရဲ့ ကိုယ်ထည်ကို ဖယောင်းလိုပျော့ပျောင်းသွားစေအောင်လုပ်နိုင်သလို စက္ကန့်ပိုင်းအတွင်း မာတောင့်သွားအောင်လည်း လုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျောက်ကြိုကျောက်ကြားတွေထဲ ကျုံ့ဝင်သွားပြီးနောက် ဆွဲထုတ်လို့မရအောင် မာတောင့်ထားတတ်ကြတယ်။ ဒီလိုလုပ်နိုင်တာဟာ သူ့အရေခွံကြောင့်ပါ။

 

     Sea Cucumber တွေဟာ ရန်သူနဲ့တွေ့တဲ့အခါ သူတို့ရဲ့ကိုယ်တွင်းအဂ်ါများကို အန်ထုတ်ပြီး အစာအဖြစ် ချကျွေးကာ ထွက်ပြေးတတ်ကြပါတယ်။ သို့သော် ၁ပါတ် ကနေ ၅ပါတ် အတွင်းမှာ သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါအသစ်တွေ ပြန်ပြီးဖြစ်ပါ်လာကြပါတယ်။

     Sea Cucumber တွေရဲ့ခန္ဓာကိုယ်မှာ သွေးများမရှိကြပါ။ သွေးလည်ပတ်မှုစနစ်ဖြင့် အသက်ရှင်ခြင်းမဟုတ်ဘဲ Water Vascular System ဖြင့်ရှင်သန်ကြတယ်လို့ သိရပါတယ်။

     Sea Cucumber တွေဟာ ရေညှိရေမှော်၊ ကျောရိုးမဲ့ရေသတ္တဝါ၊ အပင်မျှော စသည်တို့ကို သူတို့ရဲ့ခြေချောင်းသေးသေးလေးတွေ ဝန်းရံနေတဲ့ ပြွန်ပုံသဏ္ဍန်ပါးစပ်ကနေ စားကြပါတယ်။

     ပင်လယ်မျှော့ (ခေါ်) ပင်လယ်သခွားသီးတွေကို တနင်္သာရီကမ်းရိုးတန်းတစ်လျောက်က ဒေသခံတွေနဲ့ ဆလုံလူမျိုးတွေက အဓိကဖမ်းဆီးကြပြီး နိုင်ငံခြားစျေးကွက်သို့ တင်ပို့လေ့ရှိကြပါတယ်။

     ပင်လယ်မျှော့ ဖမ်းဆီးခြင်းလုပ်ငန်းမှာ သန္တာကျောက်တန်း၊ ကျောက်ဆောင်(coral reefs)များကြား ည(၇) နာရီမှ ညသန်းခေါင်ယံအချိန်ထိ ဖမ်းဆီးကြပြီး လှေတစ်ခေါက်ထွက်လျှင် ပင်လယ်ပြင်၌ ၁လခန့် ကြာမြင့်တတ်တယ်လို့ ဒေသခံရေလုပ်သားများက ဆိုကြပါတယ်။

     ပင်လယ်မျှော့ကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူကြပြီး အိန္ဒိယရှိ နာမည်ကြီးဟိုတယ်များ၌ စျေးအကြီးဆုံး ပင်လယ်စာဟင်းလျှာအဖြစ် ချက်ပြုတ်ရောင်းချ​ကြတယ်လို့သိရပါတယ်။

     ပင်လယ်မျှော့မှာ ဝါးလိုက်လျှင် ပျော့တော့တော့ ပျင်းတွဲတွဲ ထုတ်ထုတ်ထုတ် ဖြစ်နေပြီး အရသာမှာ မချိုမငန်ဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယားနိုင်ငံမှာ ပင်လယ်မျှော့ကို အစိမ်းအတိုင်း အချဥ်နှင့်တို့ပြီး ဆိုဂျူး(ကိုးရီးယားအရက်)နှင့် မြည်းလေ့ရှိကြပါတယ်။ အစိမ်းမှာ အနည်းငယ်မာ၍ ငန်ကျိကျိအရသာကြောင့် အခြောက်ကိုပြန်ချက်တာလောက် စားမကောင်းကြပေ။

     ပင်လယ်မျှော့မှာ အသားဓါတ် (Protein) ကြွယ်ဝစွာပါဝင်လို့ ပုံမှန်စားသုံးပါက သွေးတိုးရောဂါကိုကာကွယ်ပေးပြီး အဆီကိုလည်း ကျစေပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေကို မတိုးပွားအောင် ထိန်းညှိပေးခြင်း၊ သွေးအားကောင်းခြင်း၊ နာတာရှည်လူနာများနှင့် မသန်စွမ်းသူများ၏ ကြွက်သားများ ညောင်းညာမှု၊ စိတ်ဖိစီးမှုကို ပြေလျော့စေခြင်း၊ အနာဖြစ်ပါက အနာကျက်မြန်ခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးတွေလည်း ရရှိနိုင်ပါတယ်။

Ref; Wikipedia 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်