ရှေးစပါးမျိုးတွေကို ဖော်ထုတ်သွားမယ့် အော်ဂဲနစ်ခြံ PGS လက်မှတ်ရရှိ

12/01/2021 20:45 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    ကျောက်တန်းမြို့နယ်၊ စင်မကော်ကျေးရွာက လယ်မြေဧကလေးဆယ်မှာ သစ်တော ရောနှောစိုက်ခင်းအဖြစ် စတင်ထူထောင်ပြီး စပါးနဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နေတဲ့ Green Farm Myanma ကို မြန်မာနိုင်ငံအော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းက အော်ဂဲနစ် PGS လက်မှတ်ကိုပေးအပ်ခဲ့တာဖြစ်တယ်လို့ အသင်းဥက္ကဌဖြစ်သူ ဒေါက်တာ သန်းသန်းစိန်က Green Way ကိုပြောပါတယ်။

Certificate က ခြံအနေနဲ့က စိတ်ချတယ်။ နဂိုကတည်းက မိုးရေစုထားတာတို့ ပေါင်းစည်းလယ်ယာတွေလည်း လုပ်ထားတယ်။ အော်ဂဲနစ်စိတ်ကူးတွေလည်း ရှိထားတယ်။ ဒါကြောင့် ဒီခြံကိုလက်မှတ်ပေးမယ်၊ ကျန်တဲ့ တွဲခေါ်တဲ့တောင်သူတွေကို ကူးပြောင်းတဲ့အသိအမှတ်ပြုလက်မှတ်ပေးပါမယ်။ မြေကိုပေးတာပါ။ ဒီမြေမှာ ဘာပဲ စိုက်စိုက်အကျုံးဝင်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုတာက ပညာရော၊ ငွေကြေးအားဖြင့်ရော အားနည်းတဲ့သူတွေက လုပ်ကိုင်တဲ့ ကဏ္ဍဖြစ်နေတယ်။ ဒါမယ့် အဲ့ဒါကြောင့်မို့ အဲ့ကဏ္ဍမှာ ငွေကြေးတတ်နိုင်တဲ့သူတွေက မမြှုပ်နှံချင်ကြဘူး။ ဒါက ဒီမှာမြှုပ်နှံချင်တဲ့လူတွေရှိတုန်း ဆရာမတို့က လေးစားပြီးတော့ နည်းပညာလိုအပ်ချက်တွေကို ဆရာမအနေနဲ့လုပ်သွားမယ်။ လုပ်သွားပြီးတော့ ဒေသဖွံ့ဖြိုးဖို့နဲ့ လယ်သမားတွေ အသိပညာမြင့်ပြီး အစားသောက်ဘေးကင်းအောင်လုပ်ပြီး ကိုယ့်နိုင်ငံက လူသားအရင်းအမြစ်တွေ တိုးတက်လာအောင် လုပ်သွားမယ်

လို့ ဒေါက်တာသန်းသန်းစိန်ကပြောပါတယ်။

    ဧကလေးဆယ်ကျယ်ဝန်းတဲ့ခြံမှာ သစ်တောနဲ့ စိုက်ပျိုးရေးက အငြိမ်းစားပညာရှင်တွေကိုအကြံပေးအဖြစ်ခန့်အပ်ထားပြီး ရေ၊ မြေ၊ ရာသီဥတုနဲ့ကိုက်ညီတဲ့ အရည်အသွေးကောင်းသီးနှံမျိုးတွေကို စိုက်ပျိုးထုတ်လုပ်သွားဖို့ရှိပါတယ်။ ဒီအစီအစဉ်မှာ  ရှေးဘုရင်များသာ စားသုံးခဲ့တဲ့ အဟာရပြည့်ဝ ရနံ့မွှေးပြီး အစာကြေလွယ်တဲ့ နမသလေးစပါးမျိုးကို ပြန်လည်ဖော်ထုတ်ပြီး မျိုးပြန်လည်သန့်စင်သွားမှာပါ။ ဒါ့အပြင် ဘာစမာတီကို အော်ဂဲနစ်စနစ်နဲ့စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်တဲ့အပြင် အဟာရပြည့်ဝပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့ ကောက်ညှင်းငချိပ်မျိုးကိုလည်း မျိုးအရည်အသွေးကောင်းမွန်အောင် အော်ဂဲနစ်စနစ်ဖြင့် သန့်စင်သွားဖို့ရှိတယ်လို့ စပါးစိုက်ပျိုးရေးပညာရှင် ဦးလှမင်းက Green Way ကိုပြောပါတယ်။ 

ကျွန်တော် ဒီမှာ ဘာစမာတီစမ်းစိုက်ကြည့်တယ်။ နောက် ငချိပ်၊ ကောက်ညှင်းငချိပ်က တစ်ဖြည်းဖြည်းနဲ့ လျော့ကျလာပြီ။ တစ်ဖက်ကလည်း ခြိမ်းခြောက်မှုက ထိုင်းကဝင်လာ တဲ့ riceberry ဆိုပြီးတော့၊ အဲ့ကောင်ကလည်း သူက အပေါ်စီးကဝင်လာတာ။ ဈေးတွေ ကတစ်ချို့ဝယ်စားပြီးမှ နှမျောနေတယ်။ အေးဗျာ၊ ကျွန်တော်တို့ဘက်ကလည်း လောက် လောက်လားလား သိအောင်တော့လုပ်ပြရမယ်။ အဲ့တော့ ငချိပ်သည် ရည်ရွယ်ချက်က အမျိုးသားအဟာရကိစ္စပြည့်စုံဖို့နဲ့လည်း အများကြီးသက်ဆိုင်တယ်။ သူက လုံးတီးစား တာ။ အဲ့တော့ ငချိတ်ကို မပြတ်အောင် စပြီးစိုက်ပြမယ်။ ဆက်လည်းတိုးပွားအောင်လုပ်ဖို့ လုပ်နေတယ်။ နောက် ပျောက်ကွယ်လုဖြစ်နေတဲ့ နမသလေး၊ အဲ့ဒါကိုလည်း ဒီမှာ ထည့်စမ်းထားတယ်။ အဲ့တော့ ဒီ ၃ မျိုးလောက်က ဖြစ်ဖြစ်မြောက်မြောက်စိုက်လို့ရတယ်။ အကုန်လုံးကို အော်ဂဲနစ်နည်းနဲ့ပဲစိုက်တယ်

လို့ စပါးပညာရှင် ဦးလှမင်းကပြောပါတယ်။

    ၂၀၀၉ ခုနှစ်မှာ ပညာရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ MIC ရဲ့ခွင့်ပြုမိန့်နဲ့ MISY ပညာရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတဲ့ Green Farm Myanmar ကို တည်ထောင်သူတွေက ဓာတုကင်းလွတ်တဲ့ သီးနှံတွေကို ဝန်ထမ်းတွေကိုပါစားသုံးစေဖို့ရည်ရွယ်ပြီး ဓာတုဆေးဝါးမသုံးတဲ့ စိုက်ပျိုးရေးခြံကို ၂၀၁၆ ခုနှစ်ကတည်းက ထောက်ကြန့်မြို့နယ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ အော်ဂဲနစ်စနစ်နဲ့ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့တဲ့အတွက် ဒေသတွင်းမှာ အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွေ ထွန်းကားလာအောင် ဆောင်ရွက်သွားမယ်လို့ Green Farm Myanmar တည်ထောင်သူ ဒေါ် ထွေးထွေးစိုးမင်းက Green Way ကို ပြောပါတယ်။  

ကျွန်မတို့နေနဲ့လည်း ဒီလက်မှတ်ရတဲ့အတွက် တောင်သူတွေကို ဒီထက်ပိုပြီး စိုက်ပျိုးချင်လာအောင် စည်းရုံးလှုံ့ဆော်ပေးပါ့မယ်။ ကျွန်မတို့ကိုယ်တိုင်လည်း တိုးချဲ့စိုက်ပျိုးနိုင်အောင်ကြိုစားသွားပါ့မယ်။ ကျွန်မမှာလည်း အိမ်မက်တစ်ခုရှိပါတယ်။ ကျွန်မတို့ကုမ္ပဏီမအနေနဲ့ ဘယ်နေရာကိုရောက်ရောက် ရောက်တဲ့ပတ်ဝန်းကျင်မှာ ကျွန်မတို့ တောင်သူတွေကို လူမှုဘဝမြင့်မားလာအောင်၊ တိုးတက်လာအောင် တွေးခေါ်နိုင်စွမ်းတွေတိုးတက်လာအောင် ကျွန်မအနေနဲ့ သင်ကြားပြသပြီး ဆက်လက်လုပ်ဆောင်သွားပါ့မယ်။ ရှေ့ဆက်ပြီးတော့ လည်း ကျွန်မတို့ တောင်သူတွေက အရမ်းပင်ပန်းတယ်။ အဲ့ဒါကိုလည်း စားသုံးတဲ့သူတွေတန်ဖိုးထားတတ်အောင်ပေါ့နော်၊ ဒီ ခြံကိုလည်း Educationl Tour လေးတွေ ကျွန်မတို့ ဆက်လုပ်သွားမယ်။ ဆောက်နေတဲ့အဆောက်အဦးက သင်တန်းပေးဖို့ရယ်၊ စာကြည့်တိုက်လုပ်မယ်။ ရပ်ရွာကကလေးတွေကို တစ်ပါတ်တစ်ခါ ပညာပေးမယ်၊ စာကြည့်တိုက် ပေးသုံးမယ်။ ဒီလိုမျိုးလေးတွေနဲ့ ဒီဘက်မှာ စပေးဖို့ရည်ရွယ်ပါတယ်

လို့ပြောပါတယ်။

    အော်ဂဲနစ် PGS စနစ်က အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးပြီးနောက် အသိအမှတ်ပြုလက်မှတ်ရဖို့အတွက် ဆောင်ရွက်ရာမှာ စိုက်ပျိုးသူ၊ စားသုံးသူနဲ့ ရောင်းချသူတွေ ပါဝင်အကဲဖြတ်ပြီး ဝိုင်းကြီးချုပ်စနစ်နဲ့ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်က အော်ဂဲနစ်စိုက်ပျိုးလိုတဲ့ လုပ်ကွက်ငယ်တောင်သူတွေအတွက် သေချာခိုင်မာတဲ့ဈေးကွက်ရရှိဖို့ စိုက်ပျိုးသူ၊ စားသုံးသူ၊ သယ်ယူပို့ဆောင်သူ၊ ရောင်းချသူစတဲ့ အားလုံးပါဝင်အသိအမှတ်ပြုတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ FAO ကထုတ်ပြန်ထားပါတယ်။ PGS စနစ်ကို မြန်မာနိုင်ငံမှာကျင့်သုံးဖို့ သီရိလင်္ကာနိုင်ငံမှ အော်ဂဲနစ်ဦးဆောင်လှုပ်ရှားသူ Dr.Ranil က စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းက နည်းပညာဆက်လက်ပြန့်ပွားဖို့ ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်