တနင်္သာရီတိုင်း၊ ကော့သောင်းမှ တင်ပို့သည့်ရော်ဘာများ ဈေးကောင်းရရှိနေ

28/10/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    တနင်္သာရီတိုင်း၊ ကော့သောင်းမှတင်ပို့သည့် မြန်မာ့ရော်ဘာများ ဈေးကောင်းရရှိနေကြောင်း ရော်ဘာဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။

COVID-19 ကာလမှာ မြန်မာနိုင်ငံကနေ ပြည်ပကို ရော်ဘာတင်ပို့ရောင်းချတဲ့ လမ်းကြောင်းတွေထဲမှာ ထိုင်းနိုင်ငံဘက်ကို တင်ပို့ရောင်းချတဲ့လမ်းကြောင်းတွေက အခြေအနေကောင်းမွန်တာကြောင့် ဒီဒေသတဝိုက်မှာထုတ်လုပ်နေတဲ့ ရော်ဘာတွေ အခုလိုမျိုး ဈေးကောင်းရရှိနေတာပဲ ဖြစ်ပါတယ်။ ကော့သောင်းဘက်ကနေ တင်ပို့နေတဲ့ လမ်းကြောင်းတစ်ခုကတော့ အနည်းငယ်ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။

ဟု တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

    ၂၀၂၀ ခုနှစ် ရော်ဘာစိုက်ပျိုးထုတ်လုပ်ချိန်အတွင်း အိမ်နီးချင်းနိုင်ငံတချို့၌ ရာသီဥတုအခြေအနေကြောင့် အစေးခြစ်ချိန်နောက်ကျခြင်း၊ အစေးထွက်နှုန်း ပုံမှန်ထက်နည်းပါးခြင်းများ ကြုံတွေ့ခဲ့ရသည့်အတွက် ယခုကဲ့သို့ မြန်မာ့ရော်ဘာကို ဝယ်လိုအားများလာရခြင်းဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာကနေ နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံကို တင်ပို့နေကြတာပါ။ တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကြီးရယ်လို့တော့ မဟုတ်ပေမယ့် ကြိုက်ရောင်းကြိုက်ဝယ် နှစ်ဦးနှစ်ဖက်အဆင်ပြေနေတဲ့ အနေအထားမျိုးလေးပါ။ အရင်ကတော့ ကော့သောင်းက ရော်ဘာတွေကလည်း တရုတ်ဘက်ကိုပို့တာပါ။ ထိုင်းနိုင်ငံဘက်က ဝယ်လေ့သိပ်မရှိဘူး။ အခုကျတော့ ထိုင်းဘက်မှာလည်း ရော်ဘာအထွက်နည်းတာမို့လို့ မြန်မာပြည်ဘက်က ရော်ဘာတွေကို ဝယ်ယူလာတာပါ။ ဒါ့ကြောင့်လည်း ကော့သောင်းဘက်မှာ ဈေးကွက်ကောင်းလာတဲ့သဘောပါ။

ဟု ကော့သောင်းမြို့မှ ရော်ဘာကုန်သည်တစ်ဦးက ပြောသည်။

    ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၂၆)ရ က် မုဒုံရော်ဘာပေါက်ဈေးများမှာ မှိုင်းခံရော်ဘာ RSS-3 တစ်ပေါင်လျှင် လက်ငင်းဝယ်ဈေး (၈၃၀) ကျပ်၊ မှိုင်းသတ်ရော်ဘာ တစ်ပေါင်လျှင် ကြိုပွိုင့်ဝယ်ဈေး (၈၀၀/၈၁၀) ကျပ်ဖြင့် ရောင်းဝယ်နေပြီး၊ အောက်တိုဘာ (၂၇)ရက် ထိုင်းရော်ဘာဈေးနှုန်းများမှာ နေလှန်းရော်ဘာ တစ်ပေါင်လျှင် (၁၂၃၃.၃၉) ကျပ်၊ မှိုင်းခံရော်ဘာ တစ်ပေါင်လျှင် (၁၃၃၃.၈၇) ကျပ်၊ ရော်ဘာအစေးရည် တစ်ပေါင်လျှင် (၁၂၀၁.၁၂) ကျပ် စသည့် ဒေသအလိုက်ပေါက်ဈေးများဖြင့် ရောင်းဝယ်နေသည်။

    ထိုင်းငွေတစ်ဘတ်လျှင် မြန်မာငွေ (၄၀.၅၆) ကျပ် ပေါက်ဈေးရှိနေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်