မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်း ကမ္ဘာမြေချစ်သူဆုရရှိ

08/08/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၉ခုနှစ် အတွက် ကမ္ဘာမြေချစ်သူဆု (၁၅) ဦးထဲမှ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်း ရရှိခဲ့ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

စိုက်ပျိုးနည်းပညာနဲ့ ပညာပေးခြင်းလုပ်ငန်းများအတွက် လုပ်ခဲ့တာကြောင့် အခုနှစ်မှာ ကမ္ဘာမြေချစ်သူဆုရတာဖြစ်ကြောင်း (၁၅) ဦးထဲမှ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများအသင်းရရှိခဲ့ကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးလှဟန် ကပြောပါတယ်။

“သြဂဲနစ်အသင်းကနေရတယ်။ အသင်းရဲ့ စိုက်ပျိုးရေးပညာပေးတာရော၊ မှိုသတ်ဆေးပိုးသတ်ဆေးမသုံးပဲနဲ့ ပတ်ဝန်းကျင်ဂေစနစ်ကို မပျက်စီးဖို့အတွက် ပညာပေးခြင်းတွေလုပ်လို့ ဆုပေးရေးအဖွဲ့က အကဲခတ်ပြီး ပေးတာပါ”

ကမ္ဘာကြီးကို စိမ်းလန်းစိုပြေလာအောင် လုပ်ဆောင်နိုင်တဲ့သူများကို ဆုချီးမြှင့်ပေးတာဖြစ်ကြောင်း ကမ္ဘာမြေချစ်သူ ဆုပေးရေးအကဲဖြတ်အဖွဲ့မှ ဦးခိုင်ဝင်းနောင် ကပြောပါတယ်။

“ ကမ္ဘာကြီးကို စိမ်းလန်းစိုပြေလာအောင် လုပ်နိုင်တဲ့သူတွေ ဆုပေးတဲ့အနေနဲ့ ၊ ဆုချတဲ့အနေနဲ့ လုပ်ပေးတာပါ။ အနည်းဆုံးသစ်ပင် (၁၀၀၀) စိုက်ပျိုးနိုင်ရပါမယ်”

 မြန်မာနိုင်ငံ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်းအနေနဲ့ ၂၀၁၉ခုနှစ်မှာ ပထမဦးဆုံးရရှိခဲ့တာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်