ဆိတ်စာတွင်လိုအပ်သော အာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း အပိုင်း-၂

27/02/2023 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဆိတ်စာအမျိုးအစားခွဲခြားခြင်း

            ဆိတ်စာများကို တိကျသော အာဟာရဓာတ်ပါဝင်မှုပမာဏနှင့် အစာကျေညက်နိုင်သော အာဟာရဓာတ် ပမာဏပေါ်မူတည်၍ (၄)မျိုးခွဲခြားနိုင်သည်။ ၄င်းတို့မှာ-

  • (၁) အစာကြမ်း
  • (၂) အစာနု
  • (၃) သတ္တုဓာတ်ဖြည့်စွက်ပစ္စည်းများ
  • (၄) ဗီတာမင်ဖြည့်စွက်ပစ္စည်းများဟူ၍ ဖြစ်သည်။ 

 

(၁) အစာကြမ်း

           အစာမကျေညက်နိုင်သောအရာများနှင့် အမျှင်ခြောက်များစွာ ပါဝင်သော အစာများဖြစ်သည်။ ဤအစာအုပ်စုထဲတွင် မြက်စိမ်း၊ ပဲပင်များ၊ မြက်ခြောက်၊ မြက်ချဥ်ဖတ်တို့ပါဝင်သည်။ ၄င်းကို ပဲမျိုးဝင်အစာကြမ်းနှင့် ပဲမျိုးဝင်မဟုတ်သော အစာကြမ်းဟူ၍ (၂)မျိုးထပ်မံခွဲနိုင်သည်။

(၂) အစာနု

            ကျေညက်ရန်လွယ်ကူသော အစာမျိုးဖြစ်သည်။ အမျှင် ပါဝင်မှုနည်းသည်။ နှံစားမျိုးဝင် အားလုံးနှင့်  စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သော ဆန်ကွဲ၊ ဖွဲ၊ ပြောင်းဖူး၊ ပဲဖတ်နှင့် တင်လဲ စသည်တို့ပါဝင်သည်။

     အာဟာရဓာတ်များဖြစ်သော အသားဓာတ်နှင့် စွမ်းအင်မြင့်မားစွာ ပါဝင်ပါသည်။ ဖွဲမျိုးစုံ၊ ပဲမှော်ကြိတ်ဖတ်၊ ပဲဆန်နှင့် စက်ရုံထွက်အစာနုစပ်စာတို့ဖြစ်ပါသည်။

  •           ဖွဲမျိုးစုံတစ်ပိဿာတွင် ကျေညက်နိုင်သော အသားဓာတ် ၆ ကျပ်သားခန့်နှင့် ကြေညက်နိုင်သော အာဟာရ ၆၃ ကျပ်သားခန့်ပါဝင်ပါသည်။
  •           ပဲဖတ်၊ နှမ်းဖတ်တစ်ပိဿာတွင် ကြေညက်နိုင်သေ ာအသားဓာတ်၂၇ ကျပ်သားခန့်နှင့် ကြေညက်နိုင်သောအာဟာရ ၆၄ ကျပ်သားခန့်ပါဝင်ပါသည်။
  •          ဆန်ကွဲတစ်ပိဿာတွင် ကြေညက်နိုင်သောအသားဓာတ် ၇ ကျပ်သားခန့်နှင့် ကြေညက်နိုင်သောအာဟာရ ၈၀ ကျပ်သားခန့် ပါဝင်ပါသည်။ 
  •          ပဲမှုန့်တစ်ပိဿာတွင် ကြေညက်နိုင်သောအသားဓာတ် ၁၂.၇ ကျပ်သားခန့်ပါဝင်ပြီး ကြေညက်နိုင်သောအာဟာရ ၆၃.၄ ကျပ်သားခန့်ပါဝင်ပါသည်။

        ဤကဲ့သို့ အစာများ၏ အာဟာရပါဝင်မှုပေါ်မူတည်၍ ကိုယ်ခန္ဓာတည်တံ့မှုအတွက် စပ်စာများနှင့် ကိုယ်ခန္ဓာကြီးထွားမှု၊ ထုတ်လုပ်မှုနှင့် ကိုယ်ဝန်ဆောင်များအတွက် စပ်စာများကို စီးပွားရေး တွက်ခြေအကိုက်ဆုံးနှင့် အရသာနှင့် ပြည့်စုံသော အရည်အသွေးကောင်းသည့် စပ်စာများရရှိရန် ဖော်ထုတ်ကြရပါမည်။

          အပူပိုင်းဒေသ ဆိတ်မွေးမြူရေးအတွက် ဆိတ်စာအပင်အရွက် ရရှိနိုင်မှုနှင့် အရည်အသွေး၊ ဖြည့်စွက်ကျွေးမွေးရမည့်လိုအပ်ချက်များကို သိရှိရန်လိုအပ်ပါသည်။ အများအားဖြင့် လွှတ်ကျောင်းမွေးမြူခြင်းမှ လိုအပ်သောစွမ်းအင်ကိုပြည့်မီစွာရရှိနိုင်ခြင်း မရှိပါ။ သို့ဖြစ်၍ အစာနုဖြည့်စွက်ကျွေးမွေးရန် လိုအပ်ပါသည်။

         အထူးစိုက်ပျိုးထားသော မြက်နှင့်ပဲနွယ်စားကျက်များတွင် လွှတ်ကျောင်းမွေးမြူပါက ပါဝင်သော အစာနုတွင် အသားဓာတ်(၁၄ %) လိုအပ်ပြီး  ခြုံပတ်စားကျက်ကိုသာ လွှတ်ကျောင်းကျွေးမွေးပါက အသားဓာတ် ၁၆-၁၈ % မှပါရှိသော အစာနုဖြည့်စွက်ရန်လိုအပ်ပါသည်။ အရည်အသွေးကောင်းသော စားကျက်လွှတ်ကွင်းမှ အစာ၏အခြောက်ဝတ္ထု (Dry Matter) ၅၀ - ၇၀ % ထိ ရရှိနိုင်ပါသည်။

(၃) သတ္တုဓာတ် ဖြည့်စွက်ပစ္စည်းများ

          အဓိကတာဝန်မှာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှု အထောက်အကူပြုရန်ဖြစ်သည်။ အိမ်သုံးဆား၊ ခရုခွံ၊ ထုံးကျောက်နှင့် ပြာစသည်တို့သည် အကောင်းဆုံးဥပမာများဖြစ်သည်။ 

(၄) ဗီတာမင် ဖြည့်စွက်ပစ္စည်းများ

        ဆိတ်ကဲ့သို့ စားမြုံ့ပြန်သည့် တိရစ္ဆာန်များအတွက် အာဟာရဖြည့်ပေးသည့် ဗီတာမင်များသည် မရှုပ်ထွေးဘဲ ရိုးရှင်းသည်။ အကြောင်းမှာ သူတို့စားသုံးသော သာမန်အစားအစာပေါ် တည်မှီခြင်းဖြစ်သည်။ တိရစ္ဆာန်ဆေးဆိုင်များမှ ၄င်းဗီတာမင်ဖြည့်စွက်ပစ္စည်းများ ရရှိနိုင်သည်။

(အပိုင်း-၃ တွင် ဒေသထွက်အစာနုများအကြောင်းကို ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်