စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ (၄)

12/01/2018 11:59 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

Risk အန္တရာယ် ဖြစ်စေသော အနေအထား
Hazards ဟူသော အဓိပါယ ်မှာ အန္တရာယ် ဖြစ်စေသာ အရင်းအမြစ်၊ အဆိပ်အတောက် ဟု ဆိုလိုပါသည်။ သူ့ချည်းသက်သက် ရှိနေပါက အန္တရယ် မပေးသော်လည်း လူတို့ စားသုံးထိတွေ့ သည့် အနေအထားကို ရောက်ရှိလာ သောအခါ အန္တရာယ် ဖြစ်စေသော အနေအထား Risk သို့ရောက်ရှိလာ ပြီ ဖြစ်ပါသည်။
ဤသည် ကို နားလည် အောင်ပုံကလေးဖြင့်တင်ပြရမည် ဆိုလျင်...


ပုံနံပါတ် ၁ တွင် ပင်လယ် ထဲတွင် ငါးမန်း များရှိနေချိန် သည်.... အန္တရာယ် ဖြစ်စေသော အနေအထား Risk သို့မရောက်ရှိသေးပါ။
ပင်လယ် ထဲရှိ ငါးမန်းများ အလက် လူ တစ်ဦး ပြုတ်ကျ ခဲ့ပါသော် အန္တရာယ် ဖြစ်စေသော အနေအထား Risk ဖြစ်လာ ပြီ ဟု ဆိုရပါမည်။ ဂျီအေပီ တွင် ဤကဲ့သို့ အဆိပ်အတောက် များကို အသုံးပြုခြင်းဖြင့် အန္တရာယ် ဖြစ်စေ နိုင်သော အနေအထားကို မြင့်မား လာခြင်းမရှိစေရန် စီမံဆောင်ရွက် ရမည် ဖြစ်ပါသည်။
အဏုဇီဝ ပိုးများ၏

Risk of biological contamination အန္တရာယ် ဖြစ်စေသော ကူးစက်နိုင်သည့် အနေအထား Risk
သစ်သီးဝလံ နှင့်ဟင်းသီးဟင်းရွက် များအတွက် ရောဂါ ပိုးမွှားများ ကူစက်နိုင်သည့် အန္တရာယ် ဖြစ်စေနိုင်သော အနေအထား Risk မြင့်ခြင်း နိမ့်ခြင်းသည် အောက်ဖေါ်ပြပါ အချက်များပေါ် မူတည်ပါသည်။
၁။စိုက်ပျိုးသည့်နည်းလမ်း ဥပမာ- မြေနှင့် နီးကပ်စွာ ပေါက်ရာက် ရသော ဆလတ်ရွက်သည် မြေနှင့်ဝေးသော သရက် သီးထက် အန္တရာယ် ဖြစ်စေသော ကူးစက်နိုင်သည့် အနေအထား Risk မြင့်မား ပါသည်။
၂။ ရေ နှင့် အမြဲထိတွေ့ နေရသော ရေထဲ မှာ စိုက်ပျိုးသည့် သီးနှံများသည် အန္တရာယ် ဖြစ်စေသော ကူးစက်နိုင်သည့် အနေအထား Risk မြင့်မား ပါသည်။
၃။ချောမွေ့သော မျက်နှာပြင် ရှိသော သခွားသီး တို့ ကဲ့သို့ သီးနှံများထက် မျက်နှာပြင် ချောမွေ့ မညီညာသော ဆလတ် ရွက်တို့က ပို၍ အန္တရာယ် ဖြစ်စေသော ကူးစက်နိုင်သည့် အနေအထား Risk မြင့်မား ပါသည်။
၄။စားသုံးသည့် ပုံပေါ်မူတည် ၍ လည်း အန္တရာယ် ဖြစ်စေသော ကူးစက်နိုင်သည့် အနေအထား Risk မြင့်မား ပါသည်။
ဥပမာ- အစိမ်းအတိုင်း စားသည့် သီးနှံက ချက်ပြုတ်စားသည့် သီးနှံက အန္တရာယ် ဖြစ်စေသော အနေအထား Risk မြင့်မား ပါသည်။
အခွံပါစားရသော အသီးက အခွံနွှာ စားရသော (ငှက်ပျောသီး) က ပို ၍ အန္တရာယ် ဖြစ်စေသော အနေအထား Risk မြင့်မား ပါသည်။

Physical hazards အန္တရာယ် ဖြစ်စေသော ရုပ်ဝတ္ထုပစ္စည်းများ


Physical Hazards
အန္တရာယ် ဖြစ်စေသော ရုပ်ဝတ္ထုပစ္စည်းများ ဆိုသည် မှာ ထိရှစေသော ၊ဒဏ်ရာ ရစေသာ ၊စားသုံးသူကို အနှောင့်အယှက် ဖြစ်စေသာ ပြင်ပ ရုပ်ဝတ္ထု ပစ္စည်းများ ပါဝင်နေခြင်းကို ဆိုလိုပါသည်။

အန္တရာယ် ဖြစ်စေသော ရုပ်ဝတ္ထုပစ္စည်းများ သီးနှံများအတွင်း ပါဝင် နိုင်သည့်အကြောင်း ရင်းများ

  • မြေမှုန်များ ၊ ကျောက်တုံးများ ၊ သစ်ခက်များ၊ပေါင်းစေ့များ ပါဝင်ရခြင်း မှာ စိုစွတ်သောရာသီတွင် ရိတ်သိမ်းမိခြင်း ကြောင့်ဖြစ်ပါသည်။
  • ညစ်ပေသော ပစ္စည်းများ၊ ကိရိယာများ ထုပ်ပိုးပစ္စည်းများကို အသုံး ပြုခြင်း၊ ညစ်ပေသော ပစ္စည်း များကို သီးနှံ ထွက်ကုန် အပုံ ၏ အပေါ်တွင်တင်ထားခြင်း ကြောင့်လည်း ရုပ်ဝတ္ထု ပစ္စည်း များဖြစ်သည့်ဖန်ကွဲစ၊ သစ်သားစ၊ ပလတ်စတစ် စ ၊သဘောင်္ဆေး အစအန အန္တရာယ် ဖြစ်စေသော ရုပ်ဝတ္ထုပစ္စည်းများ ရောနှော ပါဝင်နိုင်ပါသည်။
  • ကွဲရှနေသော မီးလုံးမျာ ကို ထုပ်ပိုးသည့် ကိရိယာ များ ဖုံးကာ မထားသည့် သီးနှံ ပုံပေါ်တွင်ရှိနေခြင်းကြောင့် ပြင်ပ မှာအန္တရာယ် ဖြစ်စေနိုင်သော ရုပ်ဝတ္ထု ပစ္စည်း များဖြစ်သည့်ဖန်ကွဲစ၊ သစ်သားစ၊ ပလတ်စတစ် စ ၊သဘောင်္ဆေး အစအန များ ပါဝင်တတ်ပါသည်။
  • ထို့အပြင် ကျိုးပဲ့နေသော ရိတ်သိမ်းကိရိယာများကို အသုံးပြုခြင်း ၊ ထုပ်ပိုးပစ္စည်းများကို သုံးခြင်း၊လယ် ယာသုံးကိရိယာများကို သေချာစွာမဆေးကြောခြင်း၊ ပြင်ဆင်ထိန်းသိမ်းမှုမရှိခြင်း၊ ကြောင့်လည်း များဖြစ်သည့်ဖန်ကွဲစ၊ သစ်သားစ၊ ပလတ်စတစ် စ ၊သံတို သံစ ၊သဘောင်္ဆေး အစအန များ ပါဝင်တတ်ပါသည်။
  • ကောင်းစွာလေ့ကျင့်ထားခြင်းမရှိသည့် ခြံလုပ်သား များ၊ လုံခြုံသေသပ်စွာ ဝတ်ဆင်မထား သည့် ခြံ အလုပ်သမားများကြောင့် လက်ဝတ်ရတနာများ၊ ဆံညှပ်ကလစ်များ ၊လူ့အသုံးအဆောင်များ ရောနှော ပါဝင်ရခြင်း ဖြစ်ပါသည်။

GAP requirements ဘေး အန္တရာယ် လုံခြုံစိတ်ချ မှု ရှိစေရန်အတွက် ကျင့်သုံးသင့်သည့်စိုက်ပျိုးရေးအလေ့အထကောင်းများ ပြုလုပ်ရန်လိုအပ်ချက်များ
ဘေး အန္တရာယ် လုံခြုံစိတ်ချ မှု ရှိစေရန်အတွက် ကျင့်သုံးသင့်သည့် စိုက်ပျိုးရေး အလေ့အထ ကောင်းများ ကို အပိုင်း ၁၀ ပိုင်းခွဲခြား ထားပါသည်။
အခန်းတစ်ခု စီတွင် နောက်ခံ အကြောင်းအရာများ နှင့်တကွ မသန့်ရှင်းသော အန္တရာယ် ဖြစ်စေသော အရာများ မည်သို့ဝင်ရောက်လာတတ်သည်ကိုလည်း ဖေါ်ပြထားပါသည်။
တိကျသော အကြောင်းအချက် တစ်ခု ဖြစ်ပေးရခြင်း နှင့်မဖြစ်အောင်မည်သို့ လုပ်ဆောင်သင့်သည်ကို ရှင်းလင်းစွာ ဖေါ်ပြထားပါသည်။
တစ်ချို့သောကိစ္စများတွင် ကျင့်သုံးသင့်သည့် အလေ့အထ များကို တူရာစုလျက် လမ်းညွှန်ထားပါသည်။

၁။ မြေယာသမိုင်းကြောင်း နှင့်စီမံခန့်ခွဲမှု
သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရာတွင် သင့်တော်သော မြေယာ ရွေးချယ် မှုသည် အရေး ကြီးသော အချက်အဖြစ် စဉ်းစားသင့်ပါသည်။
စိုက်ပျိုးသည့်မြေတွင် ဇီဝ နှင့် ဓာတု ဆိုင်ရာ အသုံးပြု ရှိမရှိ သမိုင်းကြောင်း ကို ပထမဆုံး စုံစမ်းစစ်ဆေးရပါမည်။ မြေဆီလွှာသည် ရောဂါဖြစ်စေသော အဏုဇီဝပိုးများ၊ စွဲမြဲ၍ ပျောက်ပျက် မလွယ်သော ဓာတု ပစ္စည်းများ၊ လေးလံသော သိပ်သည်းဆ မြင့်မားသော သတ္တုများ ပါဝင်နေတတ်ပါသည်။
Biological contamination of the site can occur from pathogenic microorganisms present in the soil such as စိုက်ပျိုးမြေ တွင် ရှိနေတတ်သော ရောဂါပိုးများ မှာ
Listeria monocytogenes , Clostridium perfringens, Bacillus cereus, parasite cysts (Giardia, Cyclospora and Cryptosporidium) နှင့် ဗိုင်းရပ်များ တို့ ဖြစ်ကြပါသည်။
တချို့သော ရောဂါပိုး များသည် နှစ်ပေါင်းများစွာ အသက်ရှင်သန်နေနိုင်ကြပြီး တစ်ချို့သော ပိုးများမှာ စိုစွတ်သော ရာသီကိုကြိုက်နှစ်သက်ပြီး .တစ်ချို့က ခြောက်သွေ့သော အခြေအနေ မှာ ရှင်သန်နိုင်ကြပါသည်။
ထို ရောဂါပိုးမွှားများ၏ ရှင်သန်မှုသည် အော်ဂဲနစ် မြေဆွေးများ ၏အကာ အကွယ်ပေးမှုကြောင့်ပိုမို တိုးပွားနိုင်ပါသည်။
ဓာတုပစ္စည်းများ ပါဝင်နေခြင်းမှာ ထိုမြေတွင် ယခင်က စက်မှုလုပ်ငန်းတွင် အသုံးပြုခဲ့ခြင်း၊ သတ္တုတွင်းဟောင်း နေရာ ၊ စစ်အတွင်း က ဓာတုပစ္စည်း များ အသုံးပြုခဲ့သော နေရာဖြစ်နေခြင်း၊ ယခင် စိုက်ပျိုးသူများ က ဓာတု မြေသြဇာ များအလွန် အကျွံ သုံးစွဲ ခြင်းကြောင့် ဖြစ်ရပါသည်။ ထို ဓာတု ပစ္စည်းများသည် စိုက်ပျိုးသီးနှံများ မှတဆင့် စားသုံးသူ ထံကူးဆက် ရောဂါ ရစေပါသည်။
ပြည်ပ သို့တင်ပို့မည် ဆိုလျင် ထိုသို့ ရောနှောပါဝင်မှုများကို စစ်ဆေးတွေ့ရှိပါက စျေးကွက် ပျက်တတ်ပါသည်။
ထိုသို့ ဖြစ်နိုင်ခြေ များသောမြေ ကို စိုက်ပျိုးရမည် ဆိုပါက မြေဆီလွှာ ဓာတ်ခွဲ စမ်းသပ်မှုကို မဖြစ်မနေလုပ်ဆောင်ရပါမည်။
ဆိုသို့မြေ မှ တဆင့် ကူးစက်နိုင်သော အန္တရာယ် ရှိမှုအနေအထားသည် ဥစား သီးနှံ ၊ အမြစ်စားသီးနှံ များ၊ မြေနှင့်ထိကပ်စိုက်ပျိုး ရသော သီး နှံများတွင် မြေမှုန်များထိကပ်ရသောကြောင့် အခြားသော သီးနှံများထက်ပိုမို မြင့်မားပါသည်။
မြေ နှင့်တိုက်ရိုက် ထိတွေပမှုမရှိသည့် အပိုင်းကို စားသုံး ရသည့်သီးနှံများတွင် မြေ မှ စုတ်ယူမှုကြောင့် ပါဝင်သော ဓာတုပစ္စည်းအန္တရာယ် ရှိနိုင်ပါသည်။ ခူးဆွတ်စဉ် ၊ လေတိုက်စဉ် ကြွေ ကျသော သီးနှံများ ကို ပယ် သီးအဖြစ်သတ်မှတ်ရပါမည်။
Heavy metals လေးလံသော သတ္တု များ ဆိုသည်မှာ ရေထက် သိပ်သည်းဆ ၅ ဆ နှင့်အထက်လေးသော သတ္တုများ ကို ဆိုလိုပါသည်။ ဥပမာ - အာစင်းနစ်၊ ခရိုမီယမ်၊ကက်ဒမီယမ်၊ ခဲ နှင့်ပြဒါးတို့ ဖြစ်ပါသည်။ Heavy metals လေးလံသော သတ္တု များ သည် သဘာဝ အလျောက် မြေ တွင်တွေ့ ရတတ်ပြီး မီးစုံးဓာတ် ပါသောမြေသြဇာများ၊ သုံးစွဲ သည့်အခါ ထိုမြေသြဇာ နှင့်အတူ ရော၍ အနည်းငယ် ပါလာတတ်ပါသည်။ ဂျစ်ပဆန်ခေါ်လချေးမှုန့် နှင့် တိရိစ္ဆာန် ချေး များ ကို အသုံးပြုလျင်လည်း ပါလာတတ်ပါသည်။
Heavy metals လေးလံသော သတ္တု များ ပါဝင်မှုကို ခွင့်ပြုနိုင်သည့်အတိုင်းအတာ အမြင့်ဆုံးကိန်းဂဏန်း မှာ သက်ဆိုင်ရာနိုင်ငံအလိုက် အစားအစာ စံချိန်စံညွှန်းများ သတ်မှတ်ထားပါသည်။အန္တရာယ် ဖြစ်နိုင်သည့် အနေအထား သည်လည်း သီးနှံ အလိုက်သော် လည်းကောင်း ပတ်ဝန်းျကင် အခြေ အနေအရသော် လည်းကောင်းကွာခြား နိုင်ပါသည်။
ဥပမာ- ကက်ဒမီယမ် ကို သီးနှံက စုတ်ယူမှုမှာ ကက်ဒမီယမ်သည် သဲဆန်သောမြေ ၊ ငံသောမြေ၊ ချဉ်သောမြေ ၊ ဇင့်ပါဝင်မှု နည်းသောမြေ ၊အော်ဂဲနစ် ပစ္စည်းပါဝင်မှု နည်းသောမြေ ၊ သွင်းရေမှာ ရေငံဖြစ်လျင် မြေတွင်း လျင်မြန်စွာ ရွေ့လျား၍ စိုက်ပျိုးသီးနှံ သို့ ဝင်ရောက်မှု တိုးတက်စေပါသည်။
ထိုသို့ ကက်ဒမီယမ် ပါဝင်မှု မြင့်မား နေကြောင်း ဖြစ်နိုင်ချေရှိလျင် သိသာသော သီးနှံကို စိုက်ပျိုးစမ်းသပ်သင့်ပါသည်.
အကယ်၍ ဓာတ်ကြွင်းပါဝင်မှု အနေအထားမှာ သတ်မှတ်ထားသည့်ကိန်းဂဏန်း ၏ ထက်ဝက် ထက် လျော့နည်းနေပါက သုံးနှစ်တခါ ပြန်လည် စစ်ဆေး သင့်ပါသည်။
အကယ်၍ ဓာတ်ကြွင်းပါဝင်မှု အနေအထားမှာ သတ်မှတ်ထားသည့်ကိန်းဂဏန်း ၏ ထက်ဝက် ထက် မြင့်မားနေပါက နှစ်စဉ် စစ်ဆေးသင့်ပါသည်။
အကယ်၍ သတ်မှတ်ထားသည့် ကိန်းဂဏန်းထက် ပိုလွန်နေပါက ထိုမြေကို မရွေးချယ် သင့်ပါ။ သို့မဟုတ်ပါက ပြုပြင်သင့်သည့် နည်းလမ်းများကို ကျင့်သုံးပြီး ပါဝင်မှု လျော့နည်းအောင်လုပ်ဆောင်သင့်ပါသည်။

ဆက်လက်ဖေါ်ပြပါအုံးမည်။
ဒေါက်တာသန်းသန်းစိန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်