မိုးဗေဒါနဲ့ ကောင်းကွက်တွေလေ

06/09/2019 20:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မိုးလေးတစ်ဖြောက် နှစ်ဖျောက်လောက်ကျလိုက်တာနဲ့တင် ရေတွေက မြောင်းတွေထဲ ပြည့်လာပြီးတော့ ခရမ်းရောင်ပွင့်လေးတွေနဲ့ မဗေဒါတွေက တစ်ပင်နှစ်ပင်ကနေ ပွားများလာလိုက်တာ ရှင်းလို့တောင် မနိုင်တော့တဲ့အထိပါပဲ။ အပြောင်ရှင်းဖို့ဆိုရင် ပိုက်ဆံတွေအများကြီးကုန်ပြီးမှ ဖြစ်လာတာပါ။ ကဲ အခုတော့ အော်ဂဲနစ် မြေသြဇာလုပ်ပြီးတော့ ပြန်သုံးလိုက်တယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ အဲ့ဒီ အကျိုးကျေးဇူးတွေကြောင့်မို့ Makkason စိမ့်တောထဲမှာဆိုရင် ဗေဒါပင်တွေကို ဘောင်လေးတွေလုပ်ပြီးတော့ စိုက်ပြီးတော့ကို အသုံးချနေကြတယ်။ 

   ရေရဲ့ (၁၀)ရာခိုင်နှုန်းကို ဗေဒါပင်တွေကိုပွားများယူတယ်။ (၁၅)ပေ၊ ပေ(၆၀) ဘောင်ကြီးတွေ လုပ်ပြီးတော့  သေသေချာချာလေး လုပ်ထားတာပါ။ ဘာလို့ အဲ့လိုလုပ်လဲ ဆိုတော့ ဗေဒါပင်တွေက ရေထဲကိုစွန့်ပစ်လိုက်တဲ့ စက်ရုံထွက်စွန့်ပစ်ပစ္စည်းတွေမှာပါတဲ့ ကြေးနီနဲ့ ခဲဓာတ်တွေကို စုပ်ယူသန့်ရှင်းပေးပါတယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ပြဒါးနဲ့ ခဲဓာတ်တွေကိုလည်း စုပ်ယူပြီးတော့ ပေးနိုင်ပါသေးတယ်။ 

   ဗေဒါပင်တွေဟာဆိုရင် ရေထဲမှာရှိတဲ့ သတ္တုဓာတ်တွေနဲ့ အော်ဂဲနစ်မဟုတ်တဲ့ပစ္စည်းတွေကိုလည်း စုပ်ယူပေးနိုင်ပါသေးတယ်။ ဗေဒါပင်လေးတွေက ဘယ်လိုအခြေအနေ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကောင်းကောင်းကြီးထွားနိုင်ပါတယ်။ ကြီးတာကလည်းမြန်တယ်။  မကောင်းတာတွေ စုပ်ယူသန့်စင်ပေးပြီးတော့ အော်ဂဲနစ်မြေသြဇာကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ 

   မြေအသုံးချတိုးတက်ရေးဌာနက Mr.Sima Morakul က ဗေဒါပင်တွေကို မြေဆွေးလုပ်ပြီးတော့ အပင်ကိုထည့်ပေးရင်ဖြစ်ဖြစ်၊ မြေကိုထည့်ပေးရင်ဖြစ်ဖြစ် ကောင်းကျိုးတွေများနိုင်တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။ 

   ဗေဒါပင်ရဲ့ ပွားများဖြာထွက်နေတဲ့ အမြစ်တွေဟာ အပင်အာဟာရတွေကို ကောင်းကောင်းစုပ်ယူပြီးတော့ ပင်စည်တွေနဲ့ အရွက်တွေမှာ သိုလှောင်ထားပါတယ်။ အဲ့လို ဗေဒါပင်တွေကို မြေဆွေးပြုလုပ်မယ်ဆိုရင် တန် (၃၀) ကိုလုပ်ရင် မြေဆွေး (၅.၅) တန် ပြန်ရမှာပါ။ အဲ့ (၅) တန်ခွဲဆိုတာကလည်း တကယ်ကို အော်ဂဲနစ်ပစ္စည်းတွေဖြစ်ပြီးတော့ မြေကြီးထဲ ထည့်ပေးရင် မြေသားကိုကောင်းစေပါတယ်။ ဘာတွေကောင်းလဲဆိုတော့ မြေသားတည်ဆောက်မှုကို ကောင်းစေတယ်။ လေဝင်လေထွက်ကောင်းစေတယ်။ ရေစုပ်ယူအားကိုကောင်းစေတယ်။ ဒါက မြေကြီးရဲ့ ရုပ်ဂုဏ်သတ္တိကိုကောင်းစေတာပါ။ 

   ဓာတ်ဂုဏ်သတ္တိကို ပြောင်းလဲစေတာတွေဆိုရင် မြေကြီးထဲကို အာဟာရဓာတ်တွေကို ပေါင်းထည့်ပေးတယ်။ ပြီးတော့ တစ်ဖြည်းဖြည်းချင်း ပြန်လည်ထုတ်လွှတ်ပေးတယ်။ အဲ့ဒီတော့ အပင်တွေက အာဟာရတွေကို အမြဲတမ်း ရရှိစေတာပေါ့။ မြေချဉ်တာ ငန်တာတွေအတွက်လည်း ထည့်လို့ရတယ်။ အဲ့တော့ မြေထဲမှာ အကျိုးပြုသက်ရှိတွေက များလာရော၊ အဲ့လို အကောင်လေးတွေ များလာလေလေ၊ စိုက်ပျိုးမြေဟာ ပိုကောင်းလေလေ ဖြစ်လာတော့တာပါပဲ။ 

   ကဲ အဆုံးသတ် စကားဆိုရရင်တော့ ဗေဒါပင်နဲ့ မြေသြဇာလုပ်လို့ရတယ်။ မြေဖုံးလုပ်လို့ရတယ်။ အဲ့လိုလုပ်ပေးရင် မြေကိုလည်း သန့်စင်စေပြီးတော့ ကောင်းသွားမယ်။ အရမ်းကောင်းတဲ့အချက်ဆိုတော့ အကျိုးရှိရှိပဲ ဖြတ်သန်းကြပါစို့လားလို့။

ထွန်းဝင်းကျော်

Reference; http://www.idd.go.th/EFiles_project/article/article02.html

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်