မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် ပေါက်ရောက်သည်။ သဘာဝအလျောက်ပေါက်ရောက်သည်။
မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသီးသည် ဖန်သည်။ ချဉ်သည်။ ခါးသည်။ စပ်သည်။ ပူသည်။ ဝမ်းမီးကို တောက်စေသည်။ သွေးသားကို စင်ကြယ်စေသည်။ မျက်စိကို ကောင်းစေသည်။ အထူးသဖြင့် အူနှင့်စပ်သောရောဂါများ၊ အရေပြားရောဂါများ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာမကြေရောဂါတို့၌ သုံးရသည်။
အသုံးပြုပုံ-
အသီး
၁။ ဖန်ခါးသီးပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်းပျောက်သည်။
၂။ ဖန်ခါးသီးအခြောက်မှုန့်နှင့် အုန်းဆီရော၍ မီးလောင်ဖုများကို လိမ်းပေသော် အနာသက်သာစေသည်။
၃။ ဖန်ခါးသီးကိုထု၍ တစ်ညရေစိမ်ပြီး ထိုရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်း ပျောက်သည်။
၄။ ဖန်ခါးသီးကို အမှုန့်ကြိတ်ပြီး နို့ဖြင့်သောက်ပါက အနာရောဂါကင်း၍ အသက်ရှည်စေသည်။ အမြဲတမ်းမမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲနိုင်ပါသည်။
၅။ အသီးကို ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။
အစေ့
၁။ ဝက်ခြံအမြစ်မထွက်သော် ဖန်ခါးသီးအစေ့ကို ဆန်ဆေးရေနှင့် သွေးလိမ်းရသည်။
အရွက်
၁။ ဖန်ခါးရွက်ရှိ အသီးကဲ့သို့ ဖုဖောင်းနေသော ကတြသင်္ချေကို ဝမ်းနုတ်ဆေး၊ သွေးဆေး၊ လေဆေး၊ မျက်စိနာပျောက်ဆေး စသည်တို့ ဖော်စပ်အသုံးပြုကြသည်။
၂။ မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေးများဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုသည်။
အခေါက်
၁။ အခေါက်ကိုပြုတ်သော် ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါမျာကို ပျောက်ကင်းစေသည်။
၂။ ရုတ်တရက်ရရှိသော ထိခိုက်ဒဏ်ရာများပေါ်တွင် အခေါက်ကိုကြိတ်၍ အုံပေးသော် သွေးထွက်လွန်ခြင်းကို ရပ်တန့်စေသည်။
မြန်မာ့ဆေးဝါးပင်များ