နို့စားနွားခြံတစ်ခြံ၏ ကောင်းမွန်စွာထုတ်လုပ်မှုနှင့်အကျိုးအမြတ်သည် ယင်းခြံအတွင်းရှိ နွားမများ၏ သားပေါက်နိုင်စွမ်းပေါ် များစွာမူတည်လျက်ရှိပါသည်။ မျိုးပွားမှုဆိုင်ရာ စနစ် တကျစီမံခန့်ခွဲမှုသည် နို့စားနွားမွေးမြူထုတ်လုပ်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပေသည်။ နွားမများကို သားစပ်ရန်အကောင်းဆုံး အချိန်ကိုသိရှိမှသာ မျိုးပွားမှုတိုးတက် ကောင်းမွန်လာစေရန် စနစ်တကျစီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။
ပုံမှန်အားဖြင့် ဇီးမရှိသော နွားမတစ်ကောင်၏ ပုံမှန်မြိုင်သံသရာသည် ပျှမ်းမျှ ၂၁ ရက် (၁၈-၂၄ရက်) ဖြစ်ပါသည်။ မေထုန်မဲ့သားစပ်ရာတွင် မမျိုးဥနှင့် အထီးသုတ်ပိုးတို့၏ မျိုးအောင် နိုင်သောအချိန် (fertile period)ကို မဖြစ်မနေထည့်သွင်းစဉ်းစားရပါမည်။ နွားမတစ်ကောင်သည် ကြာရှည်စွာမတ်တပ်ရပ်နေပြီး အခြားနွားမတစ်ကောင်က မတ်တပ်ရပ် နွားမ၏ ကျောပေါ် တက်ခြင်းကို လက်ခံလျင် ထိုလက်ခံသော နွားမကို မြိုင်တက်ကာလ (Standing Heat) ဟု ယူဆရပါမည်။ မြိုင်တက်ကာလမှာ ၁၀ နာရီအောက် (များသော အားဖြင့် ၈ နာရီခန့်) ကြာမြင့် ပါသည်။ မြိုင်တက်ကာလစတင်ပြီး ၂၄-၃၂ နာရီအကြာ (များသောအားဖြင့် နာရီ ၃၀ အကြာ) တွင် မမျိုးဥကြွေလေ့ရှိပါသည်။ မျိုးဥကြွေသည့်အချိန်မှ စတင်ရေတွက်လျင် ၆-၁၂ နာရီ အထိသည် မျိုးဥ၏ မျိုးအောင်နိုင်သောအချိန် ဖြစ်ပါသည်။ မျိုးအောင်နိုင်သော အချိန် ၁၂ နာရီ အနက်မှ ပထမ ၂ နာရီ တစ်နည်းအားဖြင့် မျိုးဥကြွေပြီး ၂ နာရီအတွင်းသည် မမျိုးဥ၏ မျိုးအောင်နှုန်းအမြင့်မားဆုံးအချိန်ဟု သတ်မှတ်နိုင်ပါသည်။
အမမျိုးပွားလမ်းကြောင်းထဲတွင် အထီးသုတ်ပိုးများ၏ ရှင်သန်နိုင်သော သက်တမ်းမှာ ၂၄-၃၄ နာရီဟု ခန့်မှန်းရပါသည်။ အထီး၏သုတ်ပိုးများသည် အမမျိုးပွား လမ်းကြောင်းထဲသို့ ရောက်ရှိပြီးနောက် ၁၀ နာရီကြာမှသာ မျိုးအောင်နိုင်သည့် စွမ်းရည် ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ၎င်းစွမ်းရည်မှာ ၁၄ နာရီ အထိကြာမြင့်နိုင်ပြီး ထိုအချိန်ကို အထီးသုတ်ပိုး များ၏မျိုးအောင် နိုင်သောအချိန်ဟု သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် သားစပ်ရန် အကောင်းဆုံးအချိန်သည် အထီးသုတ်ပိုးများ၏ မျိုးအောင်နိုင်သောအချိန်နှင့် အမမျိုးဥ၏ မျိုးအောင်နိုင်သောအချိန်တို့ တထပ်တည်းကျရမည့်အချိန်ဖြစ်သောကြောင့် ၎င်းအချိန်ကို တွက်ချက်နိုင်ရန်အတွက် နည်းလမ်းကောင်းများ လိုအပ်လျက်ရှိပါသည်။
သားစပ်ရန်အကောင်းဆုံးအချိန်ကို ခန့်မှန်းနိုင်သည့် သားစပ်ချိန်ပြပေတံကို ဒေသ တွင်းရှိ သစ်သား/ဝါးစသည်တို့ကိုအသုံးပြု၍ အောက်ပါအတိုင်း လွယ်ကူစွာပြုလုပ် နိုင်ပါသည်။
လိုအပ်သောပစ္စည်းများ
သားစပ်ချိန်ပြပေတံပြုလုပ်ရန်အတွက် အောက်ပါပစ္စည်းများ လိုအပ်ပါသည်−
၁။ (၆.၅" x ၂") ရှိ သစ်သား ၁ ပြား၊
၂။ (၆.၅" x ၀.၅") ရှိ သစ်သား ၃ ပြား၊
၃။ သစ်သားကပ်ကော်၊
၄။ ဆော့ပင် (အနီ၊ အနက်၊ အပြာ၊ အစိမ်း)။
ပြုလုပ်နည်း
အဆင့် (၁) ။(၁)။ လက်ခံသစ်သားပြားအတွက် (၆.၅" x ၂") ရှိ သစ်သားပြားပေါ်တွင် အောက်ပါအတိုင်းအမှတ်အသားပြုလုပ်ပါ−
အထက်ပါအတိုင်းနေရာချထားလျင် ညနေ ၆ နာရီတွင် သားစပ်ပါက အထီးနှင့် အမ၏မျိုးအောင်နိုင်သည့်အချိန်တစ်ထပ်တည်းဖြစ်မှုမှာ ၆ နာရီခန့်ရှိပါ သည်။ သို့ရာတွင် နောက်တစ်နေ့နံနက် ၆ နာရီတွင် သားစပ်ပါကလည်း တစ်ထပ်တည်း ဖြစ်ချိန်မှာ ၁၀ နာရီခန့်ရှိပါသည်။
ထို့အပြင် နံနက် ၆ နာရီတွင် မြိုင်ပြီးဆုံးသည်ဟုသိရှိရပါက အောက်ပါ အတိုင်း တွက်ချက်ပါက သားစပ်ရမည့်အချိန်မှာ ညနေ ၆ နာရီဖြစ်ပါသည်။
ဤနည်းကို အသုံးပြု၍ မျိုးအောင်နိုင်ခြေအများဆုံးသောအချိန်ကို တွက်ချက် နိုင်ပြီး သားစပ်ရန်သင့်လျော်သည့့််အချိန်ကို ဆုံးဖြတ်နိုင်ပါသည်။ ၁၉၄၈ ခုနှစ်တွင် Trimberger ၏ တွေ့ရှိချက်အရ မျိုးဥမကြွေမီ ၆-၂၄ နာရီအလိုတွင် သားစပ်ခြင်းသည် မျိုးအောင်မှု အမြင့် မားဆုံးဟုဆိုပါသည်။ ထို့တွေ့ရှိချက်မှသည် နံနက် ညနေ သားစပ် သောနည်းလမ်း (Ante meridiem/Post meridiem Method) ဖြစ်ပေါ်လာပါသည်။ ထိုနည်းလမ်းအရ နွားမမြိုင်ပေါ် ချိန်မှာနံနက်ပိုင်းဖြစ်ပါက ညနေပိုင်းတွင် သားစပ်လေ့ရှိပါသည်။ ညနေပိုင်းတွင် မြိုင်ပေါ်ပါက နောက်တစ်နေ့နံနက်တွင်သားစပ်လေ့ရှိပါသည်။ သို့ရာတွင် များစွာသော နွားမ များကို လေ့လာထားသောသုတေသနများအရ ၎င်းနည်းလမ်းသည် အကြမ်းဖျဉ်းအားဖြင့် မှန်ကန်သော်လည်း အမြင့်မားဆုံးသော ဇီးကပ်နှုန်းကို ရရှိနိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် ယခုကဲ့သို့မေထုန်မဲ့ သားစပ်ချိန်ပြပေတံကို သုံး၍တွက်ချက်ခြင်းသည်တိကျသည့် မေထုန်မဲ့ သားစပ် သင့်သောအချိန်ကို ရရှိစေရုံမျှမက အမြင့်မားဆုံးသော ဇီးကပ်နှုန်း (conception rate) ကို ရရှိနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာချစ်စံဝင်း
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ကျမ်းကိုးစာရင်း
၁။ Heat detection and Timing of Artificial Insemination, http://www. selectsires. com/resources/fertilitydocs/heat_detection_timing.pdf?ver
၂။ MICHAEL L. O'CONNOR: Heat Detection and timing of insemination for cattle, https://extension.psu.edu/heat-detection-and-timing-of-insemination-for-cattle
၃။ Prof. Motozumi Matsui: lecture note of reproductive management, 2019 KCCP program on Cattle Management for Meat and Milk Production using regional resources, Obihiro University, Japan.
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်