စပါးခွံကို လက်ရှိတွင် အကျိုးရှိရှိအသုံးချခြင်း

23/04/2019 12:14 PM တွင် ayethandasoe ayethandasoe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စပါးရိတ်သိမ်းပြီးချိန်တွင် စပါးခွံသည် သီးနှံပမာဏ၏ ၂၀ ရာခိုင်နှုန်းခန့်ထွက်ရှိလာပြီး စုပုံနေကာ နေရာကျယ်ပြန့်စွာလိုအပ်ခြင်းနှင့် တစ်နေရာမှတစ်နေရာသို့ ရွေ့ပြောင်းသယ်ယူရန် ကုန်ကျစရိတ် များခြင်းတို့ဖြင့် ခက်ခဲလျှက်ရှိပါသည်။ ရှေးအခါက စပါးခွံသည် စိုက် ပျိုးတောင်သူများအတွက် စွန့် ပစ်ပစ္စည်းဖြစ်ပြီး ဖယ်ရှားရန်ခက်ခဲခြင်းကြောင့် စိတ်ပျက်စရာ ဘေးထွက်ပစ္စည်း ဖြစ်ခဲ့ရပါသည်။ ယခုအခါ လူသုံးကုန်အဖြစ် အဆင့်ဆင့်ပြုပြင်ပြောင်းလဲ၍ တစ်နေရာမှ တစ်နေရာသို့ လွယ်ကူစွာ သယ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။

စပါးခွံသည် အလွယ်တကူမီးလောင်နိုင်ရန် ခက်ခဲခြင်းကြောင့် လျှစ်စစ်ဓါတ်ကာပစ္စည်း အကောင်းဆုံးကြားခံနယ်အဖြစ် သုံးနိုင်သည်။ ထို့ပြင် စပါးခွံသည် အစိုဓါတ်အလွယ်တကူ ဝင်ရောက်နိုင်စွမ်း မရှိသကဲ့သို့ မှိုကြောင့် အလွယ်တကူ မဆွေးမြေ့နိုင်ပါ။

စပါးခွံကို  မီးရှို့ပြီးသောအခါ ရရှိလာသည့် ပြာ(စက်ဖွဲပြာ)တွင် သစ်သားနှင့် မီးသွေးလောင်ကျွမ်းပြီးမှ ရရှိသောပြာထက်  ပြာဓါတ် ၁၇-၂၆ ရာခိုင်နှုန်း  ပို၍များသည်။ ပါဝါအင်ဂျင်တစ်ခုကို လည် ပတ်ရန်အတွက် စပါးခွံကို အသုံးပြုမည်ဆိုပါက ထုထည်ပမာဏ များစွာလိုအပ်ပါသည်။ အပူဓါတ် များစွာ ထုတ်ပေးနိုင်သောကြောင့် ရေနွေးငွေ့အင်ဂျင် လည်ပတ်ရန်အတွက် အကောင်းဆုံး အရင်း အမြစ်တစ်ခုဖြစ်ပါသည်။

ထုထည်ပမာဏများလွန်းလှသော စပါးခွံသည် သိမ်းဆည်းထားရန် ခက်ခဲခြင်းနှင့်အတူ ဖယ်ရှား ပြောင်းရွှေ့ရန်အတွက်လည်း မလွယ်ကူပါ။ မီးလောင်ကျွမ်းစေသောအခါ လေထုကို ညစ်ညမ်းစေပြီး ကာဗွန်ပါဝင်မှုများသော စပါးခွံသည် အပြည့်အဝမီးလောင်ကျွမ်းခြင်းမရှိ၍ စက်ဖွဲပြာများကို ပိုမို ရရှိစေပါသည်။ တိုးတက်လာသောအချိန်နှင့် တပြေးညီ စပါးခွံကို ပုံစံမျိုးစုံဖြင့် အသုံးပြုလာကြ သည်။

ဥယျာဉ်ခြံများတွင် မြေကြီးအတွင်းလေဝင်လေထွက်ကောင်စေရန်အသုံးပြုခြင်း

စပါးခွံများကို မြေကြီး၏ လေဝင်လေထွက်ကောင်းစေရန် မြေကြီးထဲသို့ ထည့်သွင်းပေးနိုင်ကြောင်း သိပ္ပံပညာရှင်များက ဆိုပါသည်။ စပါးခွံများတွင် ပိုတက်ဆီယမ် နှင့် ဆီလီကွန်ဓါတ်ပါဝင်မှု များ သောကြောင့် မြေကြီးကိုပြုပြင်သောအခါ အထောက်အကူဖြစ်စေသည်။ စပါးခွံကို ထည့်သွင်းခြင်း ဖြင့် မြေကြီးသိပ်သည်းဆများ လွန်ကဲမှုကို လျော့ချပေးသည်။ မြေကြီး အထက်အောက် လေဝင်လေ ထွက်ကောင်းမွန်ခြင်းကို လေဝင်လေထွက် ပေါက်ကဲ့သို့ ဆောင်ရွက်ပေး၍ မြေဆီလွှာအဟာရ တိုး တက်စေသည်။ မြေဆီလွှာအတွက် စပါးလေအေးပေးစက်ပမာ ပြုမူဆောင်ရွက်ပေးသည်။

တိရစ္ဆာန်များမွေးမြူရာတွင် အိပ်ရာခင်းအဖြစ် အသုံးပြုခြင်း

တိရစ္ဆာန်မွေးမြူရေးခြံများတွင် စပါးခွံများကို ပေါ့ပါးစွာစုပုံ၍ အိပ်ရာအခင်းအဖြစ် တိရစ္ဆာန်များ အတွက် ပြုလုပ်ပေးကြသည်။ စေး ကပ်နေမှုမရှိခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ရန်လွယ်ကူခြင်း ရှိသည့်အပြင် အကောင်းဆုံးအခင်းတစ်ခု ဖြစ်စေသည်။

Composite material အဖြစ် ကြိတ်သားပစ္စည်းများ( Particleboard) အတွင်း ထည့်သွင်းသုံးစွဲခြင်း

Composite material များသည် ပါဝင်ပစ္စည်း(၂) မျိုး သို့ (၂) မျိုးထက်ပို၍ စုပေါင်းကာ မူရင်း ဂုဏ်သတ္တိကို တိုးစေသည်။ စပါးခွံအတွင်းပါရှိသော ဆီလီကာ၏ မူလဂုဏ်သတ္တိက သန်မာသော ကြိတ်သားခုံ/ပစ္စည်းအဖြစ် ပြောင်းလဲသော်လည်း သန်မာခြင်းနှင့်အတူ အလေး ချိန်ပေါ့ပါးမှုက ဆက်၍ရှိနေသည်။

စပါးခွံ၏ ဆီလီကာကို အသုံးပြုခြင်း

စပါးခွံတွင် အော်ဂဲနစ်သတ္တိ ၄ ပုံ ၃ ပုံ ပါဝင်ပြီး ပါဝင်မှုအချိုးများ စက်ဖွဲပြာ rice husk ash ( RHA)  သို့ ပြောင်းလဲသွားသည်။ RHA  တွင် ပါဝင်သော ၉၀ ရာခိုင်နှုန်းရှိသော ဆီလီကွန်ဒြပ်ပေါင်းသည်  ရာဘာတာယာများကို ပိုမိုကောင်းမွန်စေသည်။ စေးကပ်မှုမရှိစေသော ကြားခံနယ်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သည်။ အဆောက်အဦးများကို ပိုမို ကြံ့ခိုင်သန်မာစေသည်။

လောင်စာဆီအစားထိုးသုံးစွဲနိုင်ခြင်း

စပါးခွံကို ဇီဝဓါတ်ငွေ့သုံးလောင်စာစက်ရုံများတွင် လောင်စာအဖြစ်အသုံးပြုနိုင်သည်။ အာရှဒေသအ တွင်းရှိ  စက်ရုံအများအပြားတို့တွင် စပါးခွံကို လောင်စာအဖြစ်  အပြည့်အဝအသုံးပြုနေကြပါသည်။

ကြားခံပစ္စည်း (insulation)

စပါးခွံကို မီးလောင်ကျွမ်းရန်ခက်ခဲခြင်းနှင့် အလွယ်တကူ အစိုဓါတ်ဝင်ရောက်နိုင်မှု မရှိခြင်းကြောင့် စတီးထုတ်လုပ်သော စက်ရုံများတွင် ကြားခံပစ္စည်းအနေဖြင့် သုံးစွဲကြသည်။

အေးသန္တာစိုး(B.Agr.Sc-1998)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်