စပျစ်အပင်​ ညှိုးသေပြဿနာ..အ​ဖြေရှာခြင်း

06/03/2024 15:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

သည်အချိန်ကာလသည်ကား စပျစ်ခြံများ စပျစ်သီးခူးချိန်ဖြစ်ပါတယ်။

ချွန်း၊ နံပတ်-၃၊ ဝိုင်စပျစ်၊ ပန်း​ရောင်..စသဖြင့် မျိုးအလိုက် စျေးနှုန်းအမျိုးမျိုး ​ရောင်းဝယ်​ဖောက်ကားကာ အ​ဝေးပို့၊ အနီးသယ် စသဖြင့် အလုပ်လှိုင်​နေချိန်လည်း ဖြစ်ပါတယ်။

စပျစ်သီး အထွက်နှုန်း​ကောင်းသလို၊​ စျေးနှုန်းကလည်း စပျစ်အမျိုးအစားအလိုက် ၁ ပိဿာ  ၄၀၀၀ မှ ၂၀၀၀၀ အထိ အစားစားရှိပါတယ်။

၁ ဧက ကုန်ချိန်၈၀၀၀ထွက်ရင် သိန်း ၃ - ၄၀၀ အသာ​လေးရပါတယ်။

ဒီတစ်ပတ်တော့ စာ​ရေးသူ ကျနော် ပျော်ဘွယ်၊ ရန်​အောင်မြို့မှာ ငရုတ်မျိုးအတွက် ​လေ့လာ​ရေး ကွင်းဆင်း​ရင်း ​ ​တောင်သူမိတ်​ဆွေများရဲ့ စိုက်ခင်း​တွေကို လှည့်လည်ကြည့်ရှု ​ဆွေး​နွေး​လေ့ရှိပါတယ်။

​ဒေသအသီးသီးရှိ၊ တောင်သူများစွာရဲ့ ​စိုက်ပျိုး​ရေး​မေးခွန်း​တွေကို  ခရီးသွားရင်း ​ဖြေကြား​ပေး​နေတာမို့ ဖုန်းကိုလည်း အမြဲဖွင့်ထားရပါတယ်။ အဲ့ဒီအချိန်မှာ ဖုန်းဝင်လာပါတယ်။ ကိုင်လိုက်တော့

"ဟယ်လို...ဒို့ဦး​လေး.လားဗျာ..."ဆိုပြီး..ရမည်းသင်း၊ ရွာတန်းဒေသ စပျစ်ခြံပိုင်ရှင်တစ်ဦး ဖုန်းဆက်လာပါတယ်။

​မေးခွန်းရဲ့ လိုရင်းအချက်က..သူ့ခြံမှာ..စပျစ်ပင်အချို့၊ အသီး​တွေ ရင့်မှည့်ချိန်ကျမှ အပင်ညှိုး​သေ​နေတာကို အ​ဖြေရှာ​ပေးပါဆရာ.."လို့ ဖုန်းဆက်ပါတယ်။

သာမန် ဖြစ်ရိုးဖြစ်စဥ်၊ ပိုးမွှား ​ရောဂါမျိုးမဟုတ်နိုင်ဘူး။

စပျစ်ခြံသမား​တွေရဲ့ စိုက်ပျိုး​ရေးနည်းပညာ အဆင့်အတန်းကလည်း သိပ်ပြီး နိမ့်ကြတာမဟုတ်​တော့...

ကျ​နော် ချက်ချင်းလာကြည့်မယ်လို့ အ​ကြောင်းပြန်လိုက်ပါတယ်။

သွားရောက်ကြည့်ချိန်မှာ မျိုးက​တော့ ဝိုင် အညိုမျိုးနဲ့  ပန်း​ရောင်မျိုး ဘဲဗျ။

ပန်း​ရောင်ခြံက အ​သေများ​နေတာ ​တွေ့ရတယ်။

အပြင်ပန်းကြည့်ရတာကတော့ အပင်ညှိုးတာအပြင် ဘာလက္ခဏာမှထူးထူးခြားခြားမ​တွေ့ရပါဘူး။

​မြေကြီး pH 6.2 ရှိတယ်။

​ရေ pH .ကလည်း 6.8 ရှိတယ်။

အီးအမ် ဘိုကာရှီလည်း နှစ်စဥ်သုံးထားတယ်။

အပြစ်ရှာမရတာနဲ့..အမြစ်ပါ  တူးရ​တော့တာ​ပေါ့။

အမြစ်​မွေးလေး​တွေ ညို​နေတယ်၊ အတွင်းထဲ ပုပ်တာ ရိတာမရှိဘူး။

ပင်စည်ကို ထက်ပိုင်းဖြတ်ကြည့်တယ်။ အစာ​ကြော/​ရေ​ကြော ​ကောင်းတယ်..

(​ရော်...ခက်ပြီ.. ဒါ..ဘာလဲ??)

ကဲ..​နောက်ဆုံးတ​နေရာပဲ..ကျန်​တော့တယ်..

(ကိုင်းဆက်​နေရာ ကို .ဖြတ်ကြည့်ဖို့)

ကိုင်းဖြတ်ကတ်​ကြေးကြီးနဲ့၊ ကိုင်းဆက်​နေရာရဲ့ အထက် ၄ လက်မ၊​ အောက် ၄ လက်မလောက်ကို ဖြတ်ယူလိုက်ပါတယ်။ ပြီးရင် ကိုင်းကူး/ဆက် ​နေရာကို ဓားနဲ့ထက်ခြမ်းပိုင်းကြည့်လိုက်ပါတယ်။

​တွေ့ပါပြီဗျာ.

သပ်ထိုး ကိုင်းဆက်​နေရာရဲ့ အတွင်းသား​တွေထဲမှာ မှို​ရောဝင်ပြီး ညိုမဲ​နေတာ။

အစာ၊​ ရေစာ​တွေက အထက်လည်း မပို့နိုင်၊​ အောက်လည်း မဆင်းနိုင်တော့ ခါးပြတ်ပြီး အာဟာရချိူ့၊ ညှိုး​သေရ​တော့တာပါဘဲ။

သုံးသပ်ချက်

 

အသီး​တွေရင့်မှည့်မှ၊​ သေရတာ ဘာ​ကြောင့်လဲ..

ကိုင်းကူးချိန်နဲ့ ပြုစုမှု အားနည်းချက်အချို့ ​တွေ့ရပါတယ်။

အသီးသီးအားအ​လျောက် ရေနဲ့အာဟာရ လိူအပ်ချက်သည် ရင့်မှည့်ချိန် နီး​လေ ပိုလိုအပ်​လေ ဖြစ်တာမို့ အခုလို အချိန်မှာ ကိုင်းဆက်​နေရာရဲ့ အစာ​ရေ ပို့​ဆောင်မှု မပံ့ပိုး​ပေးနိုင်တာ​ကြောင့်ပါ။

(လူ​တွေမှာ အစာလည်မြိုကင်ဆာ ဖြစ်တာနဲ့ အလားသဏ္ဌာန်တူပါတယ်။)

- ကိုင်းကူးချိန်မှာ၊ ဒဏ်ရာကို၊ လုံခြုံ ကြပ်မတ်​အောင် ပလပ်စတစ် မအုပ်ခြင်း၊

- ကိုင်းဆက်ပြီးချိန်၊အသားတိုးချိန်၊ ပလပ်စတစ်ခွာပြီး ၊ဒဏ်ရာ.​နေရာ ကို ငြမ်​အောင်မထိန်းခဲ့ခြင်း.

- ကိုင်းကူးဒဏ်ရာ​နေရာ မိုး​ရေဝင်ခြင်း။

- မှို​ဆေး သုတ်လိမ်းမှု၊ အသုံးပြုပုံ၊ ​အသုံးပြုသည့်ဆေးအမျိုးအစား  လိုအပ်ချက်ရှိ​နေခြင်း

- စပျစ်အမျိုးအစားသည်၊ ပင်စည်အသားပွခြင်း(ကျစ်လစ်မှုနည်းခြင်း) စတဲ့ အားနည်းချက်များ​ကြောင့်လို့ သုံးသပ်ပါတယ်။

အကြံပြုတင်ပြချက်

အသီး​တွေ ရင့်မှည့်ချိန်​ရောက်မှ အပင်​တွေ ညှိုး​သေတာဖြစ်လို့ ဒီပြဿနာမျိုးဟာ ရောဂါဖြစ်မှ ကုသတာမျိုးထက်၊ မဖြစ်​အောင်

ဘယ်လို ကာကွယ်ထိန်းသိမ်းရမလဲ?..ဆိုတာ ပိုအ​ရေးကြီးပါတယ်။

​အောက်ပါအချက်များကို မဖြစ်မ​နေလုပ်​ဆောင်​ပေးဖို့ အကြံပြုချင်ပါတယ်။

-စပျစ် ကိုင်းကူးရာမှာ အောက်ခံပင်၏ ​ဖြောင့်ဖြူးညီညာ​သော​နေနေရာကို ​ရွေးချယ်ပါ။

- စင်​ပေါ် အနီး​နေရာ ကိုင်းကူးခြင်းသည် မိုး​ရေဝင်နိုင်ခြင်း၊ ဆေးကုသမှုခက်ခြင်း၊ အလှုပ်အရှားများနိုင်ခြင်း​ကြောင့် ယင်းနေရာကို မ​ရွေးချယ်သင့်ပါ။

- ကိုင်းဆက်ရာတွင် ဆက်​ကြောင်းကို ပြည့်ဝလုံခြုံတင်းကြပ်စွာ ချည်​နှောင်ပါ။

- ကိုင်းဆက်ပြီးချိန် ၊ပလပ်စတစ်ကို  ချက်ချင်းခွာမပစ်ဘဲ ဒဏ်ရာ ဟမသွား​အောင် အောက်ခံကိုင်းကို နှီးကြိုးဖြင့်ထိန်း​ပေးထားသင့်ပါတယ်။

- မိုးဦးကျချိန်နှင့် မိုးရာသီတွင် ကိုင်းဆက်​နေရာများကို ​ကော့ပါးဟိုက်​ဒြောဆိုဒ်ဖျန်းခြင်း Iprodione(ရိုဘရယ်/ရီစ​တော) မှိုသတ်​ဆေးကို ​ရေ​​ဖျော်သုတ်လိမ်း​ပေးခြင်း ပြုလုပ်ပါ။

​စေတနာများစွာဖြင့်..

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်