သစ်စိမ်းမြေသြဇာ (၃)

08/12/2017 22:29 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

လိုအပ်သော ပစ္စည်းများ

·         သစ်စိမ်း မြေဩဇာ အဖြစ် အသုံး ပြုမည့် အပင်၏ မျိုးစေ့များ

·         ပေါက်ပြား

·         အချို့ ပဲမျိုးရင်း သစ်စိမ်း မြေဩဇာ ပင်များ အတွက် ဇီဝ မြေသြဇာ (Inoculants)

·         အစေ့ များနှင့်ရောကျဲပက်ရန် သဲ

သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုနိုင်သည့် နမူနာအပင်များ

လူစား ပဲမျိုးရင်းအပင်များ (Food Legumes)

·         ကုလားပဲ (Chickpea)

·         ပဲလွန်း (Cowpea)

·         ပဲတီစိမ်း (Green gram)

·         မြေပဲ (Groundnut)

·      ပဲကြီး (Lablab bean)

ပဲစင်းငုံ (Pigeon pea)

တိရစ္ဆာန်စာ ပဲမျိုးရင်း အပင်များ (Fodder Legumes)

·         ပဲကြီး(Lablab bean)

·         လူပင်း (Lupin)

·         ပိုက်ဆံလျှော် (Sunn hemp)

·         Velvet bean (ခွေးလှေးယားပင် အယဉ်မျိုးဟု ထင်သည်)

အခြားအပင်များ (Others)

·         ဖရုံ (Pumpkin)

·         ကစွန်းဥ (Sweet Potato)

သစ်စိမ်း မြေဩဇာ ပင်များအား သီးသန့် စိုက်ပျိုးခြင်း (Pure Stand)

·         မြေကို တူးဆွ၍ ပေါင်းမြက် များကို ရှင်းလင်း ဖယ်ရှားပြီး ပျိုးဘောင် တစ်ခု ပြင်ဆင်ပါ။

·         ပျိုးဘောင်အား ရေလောင်းပြီး မျိုးစေ့ (သို့) ကိုင်းဖြတ်စများ (cuttings) အား စိုက်ပျိုးပါ။ မြေပြင်အား မြန်မြန် ဖုံးအုပ် သွားစေရန် စိပ်စိပ် စိုက်ပျိုးပါ။

·         လိုအပ်ပါက ပေါင်းနှင့် ပိုးမွှားများကို ကာကွယ်ပေးရမည်။

·         ပန်းပွင့်လာသော အချိန်တွင် ပဲကဲ့သို့သော သစ်စိမ်း မြေဩဇာ ပင်များသည် ၎င်းတို့၏ အမြစ်များရှိ မြစ်ဖုများတွင် နိုက်ထရိုဂျင်ကို ဖမ်းယူ စုဆောင်းနေပြီ ဖြစ်သည်။ ပန်းပွင့်ပြီးနောက် ကြွေကျ သွားသော အရွက်များ သည်လည်း မြေထဲတွင် သဘာဝ မြေဩဇာများ တိုးပွား ကြွယ်ဝ လာစေသည်။ ပိုက်ဆံလျှော်ပင် အား ပန်းပွင့်ပြီးနောက် မြေအတွင်းသို့ ထယ်ထိုး၍ မှောက်ပစ်ရမည်။

·         ကျွဲနွား တိရစ္ဆာန် အစာ လိုအပ်ပါက သစ်စိမ်း မြေဩဇာ ပင်များ၏ ပင်စည် နှင့် အရွက်များကို ရိတ်၍ ကျွေးနိုင် သည်။

·         သီးတောင့်များ ရှိသော အပင် များအား ရိတ်သိမ်းပါ။

·         အပင်၏ ကျန်ရှိသော အစိတ် အပိုင်း အားလုံးကို နေ့ချင်းပြီး မြေအတွင်းသို့ ထယ်မှောက် ပစ်ပါ။ တိရစ္ဆာန် အစာ အဖြစ် အသုံးပြုမည့် ပဲကြီး နှင့် Velvet bean ကဲ့သို့ အပင်များကို ၂ နှစ်သား အထိ ချန်လှပ် ထားနိုင်သည်။

·         နောက် သီးနှံ မစိုက်ပျိုးမီ သစ်စိမ်း မြေဩဇာ ပင် အစိတ် အပိုင်း များကို ဆွေးမြေ့ စေရန် အနည်းဆုံး တစ်ပတ်ခန့် ထားပါ။

·         နောက် စိုက်ပျိုး ရာသီတွင် နှံစားသီးနှံ (Cereal) ကို သီးသန့် သော်လည်းကောင်း (သို့) ပဲနှင့် သီးညှပ်၍ သော်လည်းကောင်း စိုက်ပျိုး နိုင်ပါသည်။

ဆောင်ရန်များ

·         မိမိ လိုအပ်ချက် နှင့် ကိုက်ညီသော မှန်ကန်သည့် သစ်စိမ်း မြေဩဇာ ပင် အမျိုး အစား ကို ရွေးချယ်ပါ။

·         ပေါင်းစေ့များ မပါဝင်အောင် ဆောင်ရွက်ပါ။

·         ပဲမျိုးရင်ဝင် သစ်စိမ်း မြေဩဇာ မျိုးစေ့များ ရရှိရန် အခက်အခဲ ရှိပါက အကွက် ငယ်တွင် ပထမဦးစွာ မျိုးရရှိရန် စိုက်ပျိုးပါ။

·         နှံစား သီးနှံပင် များအား ပဲများနှင့် သီးညှပ် စိုက်လျှင် ပုံမှန် ပင်ကြား တန်းကြား အကွာအဝေး ဖြင့် စိုက်ပျိုးပါ။

·         အစေ့သေးငယ်သော သစ်စိမ်း မြေဩဇာပင် မျိုးစေ့များ (ဥပမာ- ပိုက်ဆံလျှော်) အား မကြဲပက်မီ အထူ အပါး ညီညာ စေရန် သဲဖြင့် ဆတူ ရော၍ ကြဲပက်ပါ။

·         မြစ်ဖု အများ အပြား ထွက်ရှိ စေရန် ပဲပုပ် အစေ့များအား ဇီဝ မြေသြဇာ (Inoculants) ဖြင့် လူးနယ် စိုက်ပျိုးပါ။ အခြား ပဲမျိုးရင်း အပင် များလည်း လိုအပ်ပါက Inoculants အသုံးပြုပါ။

·         သစ်စိမ်း မြေဩဇာ စိုက်ခင်းအား ပေါင်းနှိမ်နင်းပါ။

·         အဓိက စိုက်ပျိုးသော သီးနှံ များကို အနှောင့် အယှက် မဖြစ်စေရန် သစ်စိမ်း မြေဩဇာပင် များ၏ အကိုင်း အခက် (Canopy) များကို တိရစ္ဆာန်စာ အဖြစ် ရိတ်ဖြတ် ကျွေးနိုင်သည်။

ရှောင်ရန်များ

·         စိုက်မည့် မြေသည် စိုလွန်း ခြောက်လွန်း ပါက သစ်စိမ်း မြေဩဇာပင် မျိုးစေ့များ အညှောင့် မပေါက် နိုင်သောကြောင့် မစိုက်သင့်ပေ။

·         သစ်စိမ်း မြေဩဇာ စိုက်ခင်းအား ကျွဲနွား လွှတ်မကျောင်း သင့်ပေ။ ၎င်းတို့အား သီးသန့်ရိတ်ပြီး လွတ်ရာတွင် ကျွေးမွေးနိုင်သည်။

·         ပဲမျိုးရင်း သစ်စိမ်း မြေဩဇာပင် များအား မီးဖိုဆောင် ဟင်းချက်စရာ အဖြစ် (သို့) တိရစ္ဆာန်စာ အဖြစ် အမြောက် အမြား မရိတ်သိမ်း သင့်ပေ။

သစ်စိမ်း မြေဩဇာပင် များအား သီးညှပ် စိုက်ပျိုးခြင်း (Intercrop)

·         သစ်စိမ်း မြေဩဇာပင် များအား အဓိက စိုက်သော သီးနှံပင် များ၏ စိုက်တန်းများ ကြားတွင် သီးညှပ် အဖြစ် စိုက်ပျိုး နိုင်သည်။ အဓိက စိုက်ပျိုးသော သီးနှံပင် များအား အနှောင့် အယှက် မဖြစ် စေရန် သစ်စိမ်း မြေဩဇာ ပင်များ စိုက်သော အခါ စိုက်မည့် အပင် အမျိုး အစား နှင့် စိုက်ရာသီ တို့ကို သေချာ ရွေးချယ် ရပါမည်။

·         မိမိ စိုက်ပျိုးမည့် ဒေသ နှင့် ကိုက်ညီ ဖြစ်ထွန်းသော ပဲမျိုးရင်းဝင် သစ်စိမ်း မြေဩဇာ ပင်များအား ရွေးချယ်ပြီး မျိုးစေ့ အလုံ အလောက် ရရှိအောင် ဆောင်ရွက်ပါ။

·         အစေ့သေး ပဲမျိုးရင်းဝင် အပင်များ (ဥပမာ - ပိုက်ဆံလျှော်) အား ကျဲပက်ပါ။ အစေ့ကြီးမျိုး များအား နှံစား သီးနှံ ပင်တန်းကြား များတွင် စိုက်ပျိုးပါ။ ပဲကြီးနှင့် Velvet bean ပင်များအား နှံစား သီးနှံ ပင်များ စိုက်ပြီး ၂ ပတ် ကြာမှ စိုက်ပျိုးပါ။

·         လိုအပ်ပါက ပေါင်းနှင့် ပိုးမွှားများကို ကာကွယ် ပေးရမည်။

·         ပန်းပွင့်လာသော အချိန်တွင် ပဲကဲ့သို့သော သစ်စိမ်း မြေဩဇာ ပင်များသည် ၎င်းတို့၏ အမြစ်များရှိ မြစ်ဖုများတွင် နိုက်ထရိုဂျင်ကို ဖမ်းယူ စုဆောင်းနေပြီ ဖြစ်သည်။ ပန်းပွင့်ပြီးနောက် ကြွေကျ သွားသော အရွက်များ သည်လည်း မြေထဲတွင် သဘာဝ မြေဩဇာများ တိုးပွား ကြွယ်ဝ လာစေသည်။ ပိုက်ဆံလျှော်ပင် အား ပန်းပွင့်ပြီးနောက် မြေအတွင်းသို့ ထယ်ထိုး၍ မှောက်ပစ်ရမည်။

·         ကျွဲနွား တိရစ္ဆာန် အစာ လိုအပ်ပါက သစ်စိမ်း မြေဩဇာ ပင်များ၏ ပင်စည် နှင့် အရွက် များကို ရိတ်၍ ကျွေးနိုင် သည်။

·         သီးတောင့်များ ရှိသော အပင်များ အား ရိတ်သိမ်းပါ။

·         အပင်၏ ကျန်ရှိသော အစိတ် အပိုင်း အားလုံး ကို နေ့ချင်းပြီး မြေအတွင်းသို့ ထယ်မှောက်ပစ်ပါ။ တိရစ္ဆာန် အစာ အဖြစ် အသုံးပြုမည့် ပဲကြီးနှင့် Velvet bean ကဲ့သို့ အပင်များကို ၂ နှစ်သားအထိ ချန်လှပ် ထားနိုင်သည်။

·         နောက်သီးနှံ မစိုက်ပျိုးမီ သစ်စိမ်း မြေဩဇာပင် အစိတ် အပိုင်း များကို ဆွေးမြေ့ စေရန် အနည်းဆုံး တစ်ပတ်ခန့် ထားပါ။

·         နောက် စိုက်ပျိုး ရာသီတွင် နှံစား သီးနှံ (Cereal) ကို သီးသန့် သော်လည်းကောင်း (သို့) ပဲနှင့် သီးညှပ်၍ သော်လည်းကောင်း စိုက်ပျိုး နိုင်ပါသည်။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

25-8-2009

 

(မှတ်ချက်။ ။Sustainable Agriculture Extension Manual ပါ “Green Manuring” အကြောင်းအား သင့်တော်သလို ဘာသာပြန်ရေးသားထားပါသည်။)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်