ပဲတီစိမ်းတွင်ကျရောက်တတ်သော ဖျက်ပိုးများနှင့် သူတို့ကိုနိုင်သောဆေးအေအိုင်များ

15/12/2023 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပဲတီစိမ်းတွင် မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းဆောင်းရာသီ ရာသီမရွေးစိုက်ပျိုးနိုင်သော မျိုးများထွက်ရှိနေပြီဖြစ်သည်။ ရေ၊ မြေ အခြေအနေကောင်းပါက တစ်ဧက တင်း ၃၀ ကျော်ထွက်ရှိနိုင်သည်။ ပဲတီစိမ်း စိုက်ပျိုးရာမှာ ရောဂါကျရောက်မှုကို အထူးဂရုပြုရသလို ဖျက်ပိုးအန္တရာယ်မှလည်း ကြိုတင်ကာကွယ်နှိမ်နင်းမှုများ လုပ်ရပါမည်။ မြေတွင်းအောင်းပိုး၊ ပင်စည်ထိုးယင်တို့ ကျရောက်နိုင်သဖြင့် မြေကြီးကို မြေအောင်းပိုးသတ်ဆေး တစ်ဧက ၃ ကီလိုဂရမ် စိုက်ကြောင်းထဲ၌ ကြိုတင်ထည့်ပြီးမှ စိုက်သင့်သည်။ 

  • အပင်ငယ်စဉ်ကာလတွင် ပင်စည်ထိုးယင်၊ ငမြှောင်တောင်၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ခူမွေးရှည်တို့ကျသည်။ 
  • ပန်းပွင့်ချိန်တွင် ပွင့်ထွေးပိုး၊ ရွက်ထွေးပိုး၊ လှေးပိုး၊ ပျ နှင့် အသီးသီးချိန်တွင် သီးလုံးဖောက်ပိုးများ ကျရောက်တတ်သည်။

(၁) ပင်စည်ထိုးယင်

ပေါင်းမြက်များမှ အဓိက လာရောက်တတ်သည်။ အရွက်ပေါ်ဥပြီး အကောင်ပေါက်လျှင် အရွက်အတွင်းသားထဲဝင်သွားသည်။ ရွက်ညှာအောက်ခြေမှ ပင်စည်ထဲဝင်ပြီး ပင်စည်မှအပင်အောက်ခြေ၊ မြေနှင့်နီးကပ်သောနေရာထိဆင်းသွားပြီး အပင်ခြေတွင် ဖုဖောင်းရောင်ရမ်းလာလျှင် အထဲ၌ပိုးရှိနေပြီဟု သိရသည်။ 

စိုက်ခင်းကို အဝေးကကြည့်ပါက အဝါရောင်အကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်ပေါ်နေသည်ကို တွေ့ရမည်။ 

အသုံးပြုရမည့်ဆေး- မျိုးလူးနယ်ဆေး၊ ဖစ်ပရိုနေး၃-ဂျီအာ၊ ကာဘိုဆာလ်ဖန် 

ငမြှောင်တောင်

ပိုးလောက်ကောင်ငယ်သည် အရွက်အစိမ်းသားများကို ခြစ်စားသည်။ အကောင်ကြီးများသည် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စားသောက်သဖြင့် အပင်ငုတ်တိုများသာ တွေ့ရသည်။ နံနက်စောစောနှင့် ညအချိန်တွင်ဖျက်ဆီးသည်။ နေ့တွင် အပင်ခြေရှိ အမှိုက်သရိုက်နှင့် ပေါင်းများတွင် ခိုအောင်းနေသောကြောင့် ပေါင်း၊ အမှိုက်သရိုက်များကို ရှင်းလင်းဖျက်ဆီးပေးပါ။

အသုံးပြုရမည့်ဆေး- -Bt(bacillus thurengensis)၊ အီမာမက်တင်ဘန်ဇိုရိတ်+လမ်ဘဒါ၊ ကလိုရမ်ထရာနီလီပရိုး၊ သိုင်အိုဒီကပ် 

ပဲတောင့်ထိုးပိုး/ပင့်ထွေးရွက်ထွေးပိုး

အဖူးအပွင့်ဝင်ချိန်မှ အသီးသီးချိန်ထိ ကျရောက်တတ်သည်။ အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပါးစပ်မှထွက်သော ချည်မျှင်ဖြင့် လုံးထွေးရစ်ပတ်စားသောက်ဖျက်ဆီးသည်။  အသုံးပြုရမည့်ဆေး- အီမာမက်တင်ဘန်ဇိုရိတ်+သိုင်ယာမီသိုဇမ်၊ သိုင်အိုဒီကပ်၊ အဘာမက်တင်+အဆီတာမီပရစ်၊ အက်ဆီဖိတ်+လမ်ဘဒါ 

လှေးပိုး

လှေးပိုးမှာ စုပ်စားပိုးဖြစ်၍ ပန်းပွင့်စ၊ အဖူးဝင်စ၊ အဖူးပန်းပွင့်ထဲဝင်ရာမှ ပိုးကျသည်။ ရွက်နုကို စစ်ဆေးရသည်။ အရွက်၊ အညွှန့်၊ အဖူး၊ အပွင့်များမှ သစ်ရည်ကိုစုပ်စားသဖြင့် အရွက်နှင့် အညွှန့်များမှာ တွန့်လိမ်ပြီး အညိုရောင်ပြောင်းသွားသည်။ အပွင့်တွင်ကျပါက အပွင့်ကန်းခြင်းနှင့် အသီးတင်နည်းခြင်းကို ဖြစ်ပေါ်စေသည်။ သီးနုတွင် အဝါကွက်ငယ်များဖြစ်ပြီး အသီးတွင် အမာရွတ်ငယ်များတွေ့ရတတ်သည်။  အသုံးပြုရမည့်ဆေး- ဖစ်ပရိုနေး၊ သိုင်ယာမီသိုဇမ်၊ စပီနိုဆက်၊ ပိုင်ရီဒါဘင်၊ ပရိုပါဂိုက် 

ပျ

အရွက်အောက်မျက်နှာပြင်မှနေ၍ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ တွန့်ကုတ်နေတတ်သည်။ အချိုရည်စစ်ထုတ်သဖြင့် ပုရွက်ဆိတ်များကို တွေ့ရမည်။ ပျပိုးများက အပင်ရောဂါပိုးများကို သယ်ဆောင်လာတတ်သည်။ အရွက်အောက်မျက်နှာပြင်ရှိ ပျပိုးများကိုဆေးနှင့်ထိတွေ့အောင် နှံ့စပ်စွာဆေးဖျန်းပါ။  အသုံးပြုရမည့်ဆေး- အဆီတာမီပရစ်၊ အက်ဆီဖိတ်၊ ပိုင်မက်ထရိုဇင်း 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်