ရေချိုထိန်းသိမ်းနည်းလမ်းများ - ၁

22/03/2019 17:00 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကမ္ဘာမြေကြီးတွင် ရေသည် ၇၀ ရာခိုင်နှုန်း ပါဝင်သော်လည်း လူသားတို့အတွက် နေ့စဉ်လိုအပ်သောရေချိုရရှိမှုမှာ ၃ ရာခိုင်နှုန်းသာ ရှိပါသည်။ ကမ္ဘာပေါ်ရှိလူဦးရေ၏ ၁.၁ ဘီလီလျံသည် ရေချိုရရှိနိုင်မှု ပြတ်လပ်လျက်ရှိပြီး ၂.၇ ဘီလီလျံသည် နှစ်စဉ်နှစ်တိုင်း တစ်လခန့် ရေချိုပြတ်လပ်လျက်ရှိပါသည်။ ၂.၄ ဘီလီလျံမှာ မသန့်ရှင်းသောရေများကို သုံးစွဲရသောကြောင့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားလျက်ရှိသည်ဟု ဆိုပါသည်။ ထိုသို့ လူသားတို့၏ကျန်းမာရေးနှင့် ဂေဟစနစ်အတွက် အရေးကြီးလှသော ရေချိုအရင်းမြစ်များသည် တဖြေးဖြေးခြောက်သွေ့လျက်ရှိကာ  အသုံးပြုရန်အတွက် အလွန်ညစ် ညမ်းလျက်ရှိသည်ဟု ဆိုပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများသည် ရေကိုများစွာလိုအပ်ပါသည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုအခြေအနေများ ပြောင်းလဲခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်းများ ဖြစ်ပေါ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေလျှံခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းနှင့် အပူချိန် မြင့်တက်ခြင်းစသော ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် ရေပြတ်လပ်မှုများ ကြုံတွေ့ရနိုင် သည်ဟု ခန့်မှန်းထားပါသည်။ 

ထိုသို့ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ စိုက်ပျိုးမှုစနစ်များ ပြောင်းလဲရန် လိုအပ်ပါသည်။  ကယ်လီဖိုးနီးယားနိုင် ငံတွင် လက်ရှိကြုံတွေ့နေရသော သမိုင်းတွင်သည့် ခြောက်သွေ့မှုကြောင့် တောင်သူများသည် ခြောက်သွေ့ရာသီကို ကျော်ဖြတ်နိုင်ရန်တွက် မြေအောက်ရေကိုသာ အားထားရလျှက်ရှိသည်။ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုအား လက်ရှိအခြေအနေတွင် ထိန်းချုပ်နိုင်မှုမရှိသေးသော်လည်း ရေရှည်တွင် ရေပြတ်လပ်နိုင်မည့် အခြေအနေအား တွက်ချက်ခန့်မှန်းလျှက် ရှိပါသည်။ ရေရှားပါးပြတ်လပ်မှုကို ရင်ဆိုင်ရန်အတွက် သစ်သီးခြံများတွင် အသုံးပြုလျက်ရှိသော ရေထိန်း သိမ်းနည်းနှင့် ခြောက်သွေ့စိုက်ပျိုးနည်းစနစ်များ၊ အကြံပြုတွေ့ရှိချက်များကို ဖော်ပြလိုက်ရပါသည်။

၁)  အစက်ချရေပေးသွင်းနည်းစနစ်

အစက်ချရေသွင်းစနစ်သည် အပင်၏အမြစ်ကို တိုက်ရိုက်ရေပေးသွင်းသော နည်းစနစ်ဖြစ်သည်။ အပေါ်မှဖျန်းပေးသော နည်းစနစ်နှင့်နှိုင်းယှဉ်ပါက အငွေ့ပျံမှုကို သက်သာစေသည်။ ရေကိုမလိုအပ်သောအချိန်များကို ထိန်းညှိနိုင်သည်။ ရေဆုံးရှုံးမှုကို သက်သာစေသည်။ ကောင်းမွန်စွာတပ်ဆင်ထားသော အစက်ချရေပေးသွင်းနည်းသည် ပုံမှန် ရေသွင်းနည်းများထက် ၈၀ရာခိုင်နှုန်းပို၍ လျှော့ချနိုင်သည်။ အထွက်နှုန်းကိုလည်း တိုးတက်စေသည်။

၂) ရေသိုလှောင် စုဆောင်ခြင်းနည်းလမ်း

ခြံအများစုသည် မြူနီစီပယ်ရေနှင့် တွင်းရေများကို အားကိုးနေကြသော်လည်း တချို့သော တောင်သူများသည် ကိုယ်ပိုင်ကန်များတည်ဆောက်ကာ တစ်နှစ်ပါတ်လုံးရွာသွန်းသော မိုးရေကို စုဆောင်းကြသည်။ သေချာစွာတည်ဆောက်ထားသော ကန်များသည် ဒေသရှိသက်ရှိများကိုလည်း နေထိုင်ရာဖြစ်စေသည်။ 

၃) ရေသွင်းချိန်များ သတ်မှတ်ခြင်း

သွင်းရေကို စီမံခန့်ခွဲခြင်းသည် ရေပေးသွင်းသည့် စနစ်သာမက ရေသွင်းချိန်၊ အကြိမ်အရေအတွက်နှင့် သွင်းရေပမာဏသည် အရေးပါသည်။ ရေအလွန်အကျွံသွင်းမှုကို ရှောင်ရှားနိုင်ရန်အတွက် တောင်သူသည် နေ့စဉ် ရာသီဥတုခန့်မှန်းချက်များကို သေချာစွာ စောင့်ကြည့်ရမည့်အပြင် မြေဆီလွှာနှင့် အပင် ၏အစိုဓါတ်တို့ကို သိရှိရန်လိုအပ်သည်။ ထို့ နောက် ရေပေးသွင်းရမည့် အချိန်ဇယားကို သတ်မှတ်နိုင်သည်။ ရေလွှမ်းစနစ်ကို အသုံးပြုသောခြံများတွင် ရေလွှမ်းခြင်းကို ညအချိန်တွင် ဆောင်ရွက်လေ့ရှိသည်။ ရေကို ညအချိန်တွင် ပေးသွင်းခြင်းဖြင့် ရေငွေ့ပျံခြင်းကို လျော့ချပေးနိုင်ကာ ရေကို မြေကြီး အတွင်းသို့ စိမ့်ဝင်စေခြင်းဖြင့် မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးစေသည်။

၄) ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း

ဒေသရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော အပင်များရွေးချယ်စိုက်ပျိုးခြင်းသည်လည်း တောင်သူများအတွက် အကျိုးများစေသော ရွေးချယ်မှုဖြစ်သည်။ ခြောက်သွေ့ရာသီဥတုအတွက် ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသော မျိုးများ၊ ရေလိုအပ်မှု နည်းသောမျိုးများကို ရွေးချယ်စိုက်ပျိုးရမည် ဖြစ်သည်။ 

၅) အခြောက်စိုက်ပျိုးခြင်း

ကယ်လီဖိုးနီးယားမှ အခြောက်စိုက်ပျိုးသောခြံများသည် ရေသွင်းခြင်းကို ခြောက်သွေ့ရာသီတွင်ပင် ဆောင်ရွက်လေ့မရှိပဲ မြေဆီလွှာအတွင်းရှိ အစိုဓါတ်နှင့်သာ စိုက်ပျိုးပါသည်။ ထွန်ယက်ခြင်းနှင့် ပါတ်ဝန်းကျင်ရာသီဥတုကို တွက်ချက် ခန့်မှန်းခြင်းသည်သာ အဓိကကျသည်။ ရေမသွင်းပဲစိုက်ပျိုးသော ခြံများသည် သီးနှံများ၏အနံ့ကိုပိုမို ကောင်းမွန်စေ သည်။ သို့သော် ရေသွင်းစိုက်ပျိုးသော ခြံများနှင့်နှိုင်းယှဉ်ပါက အထွက်နှုန်းကျဆင်းစေသည်။ ဒါ့တီးဂဲလ် ခြံမှထွက်သော အခြောက်စိုက် ခရမ်းချဉ်များသည် နာမည်ကျော် လူသိများသည်။

မေဖြိုးဝေ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်