ကျွဲကောသီးချဉ်ပြီး အသားကြပ်နေရင် ဒီလိုလုပ်ပါ
ကျွဲကောသီး မချိုဘူး၊ ချဉ်တယ်၊ ဒီထက်ဆိုးတာက အထဲမှာ အသားဟာ မာပြီးခဲနေတယ်၊ ကြပ်တယ်ဆိုတဲ့ဖြစ်စဉ်ဟာ ဒီနေ့ထိ ကျွဲကော သီးလောကမှာ တော်တော်လေး ပြဿနာဖြစ်နေတုန်းပါပဲ။ ကျွဲကောသီး ၁၀ လုံး ဝယ်ရင် ၅ လုံးက ဒီပြဿနာ နဖူးတွေ့၊ ဒူးတွေ့ ကြုံနေရတုန်းပါပဲ။
ကျွဲကောပင်၊ ကျွဲကောသီးက တခြား အပင်နဲ့မတူဘူး။ မြေဆီသြဇာ ထက်သန်မှု၊ မြေရဲ့ချဉ်ငန်ကိန်း အနိမ့်အမြင့်၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာကျွေးတဲ့နူန်း၊ ကျွေးတဲ့အချိန်၊ ရေပေးသွင်းမှု၊ ရေဖြတ်တောက်မှု အချိန်ကာလတွေဟာ ကျွဲကောသီးရဲ့ အရည်အသွေးပေါ်မှာ လွှမ်းမိုးနေပါတယ်။
အထူးသဖြင့် ကျွဲကောပင်ဟာ သဘာဝမြေသြဇာနဲ့ ကြက်ချေးပိုကြိုက်တယ်။ နွားချေးဆိုရင် နှစ်ချို့ထားပြီး ကောင်းကောင်းဆွေးမှ သုံးသင့်တယ်။ သဘာဝမြေသြဇာ အထည့်နည်းမယ်။ နိုက်ထရိုဂျင်ဓာတ်ထည့်တာ များနေမယ်။ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ဆာလ်ဖာ၊ ကယ်လ်စီယမ်ဓာတ်တွေထည့်တာ နည်းနေမယ်ဆိုရင် မြေဆီလွှာရဲ့ ချဉ်ငန်ကိန်းနိမ့်မယ်၊ မြေချဉ်မယ်ပေါ့၊ ဒါဆိုရင် ကျွဲကောသီး ချဉ်တတ်ပြီး အတွင်းသားတွေ ကြပ်တတ်ပါတယ်။
အဲ့ဒီတော့ ကျွဲကောပင်က အသက်ကြီးလာပြီဆိုတော့ အပင်ကို ကိုင်းဖြတ်ပြုပြင်တာ ဦးစွာလုပ်ရမယ်။ ကိုင်းအို၊ ကိုင်းရှုပ်၊ အပေါ်ထောင်နေတဲ့ ကိုင်းတွေကို မေလ မိုးဦးမကျခင် ဖြတ်တောက်ရှင်းလင်းရမည်။ ကိုင်းသစ်လည်းထွက်၊ လေဝင်လေထွက်လည်းကောင်း၊ အပင်လည်း ပြန်နုပျိုလာအောင်ပေါ့။ ပြီးရင် ပေါင်းမြက်ရှင်းလင်းပေးရမယ်။ သတိထားရမှာကတော့ ပေါင်းမြက်ရှင်းလင်းရင် ကျွဲကောမြစ်တွေက မြေအပေါ်ယံလွှာမှာပဲ ရှပ်ပြေးပြီး ပွားများနေတာဆိုတော့ အမြစ်တွေ ပြတ်မကုန်အောင် မြေကို အပေါ်ယံအသာရှပ်ပြီး ရှင်းပေးရမယ်။ ကိုင်းဖြတ်ရှင်းလင်း ပေါင်းမြက်သုတ်သင်ပြီးရင်တော့ အပင်ခြေနဲ့ ၁၂ ပေခွာပြီး တစ်ပေခွဲအကျယ် အနက်တစ်ပေရှိတဲ့ မြောင်းကို အပင်ဝိုက်ပြီး တူးရမည်။ ပြီးရင် အဲဒီမြောင်းထဲကို နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်၊ ပိုတက်စီယမ်(၁၆:၁၆:၁၆) အချိုးပါတဲ့ မြေသြဇာ ကွန်ပေါင်းပထမအကြိမ် တစ်ပင် သုည ဒသမ ၈ ကီလိုဂရမ်နှုန်းနဲ့ သဘာဝမြေသြဇာတစ်အိတ် ရောပြီး ထည့်ပါ။ ပြောင်းစာမြေကြီးကို ၎င်းအပေါ် ဖုံးပေးပါ။ အပင်ခြေကို ကောက်ရိုး၊ မြက်ခြောက် အမှိုက်များ ပြန်ဖုံးပေးပြီး ရေဝအောင် သွင်းပါ။
ဒုတိယအကြိမ် မြေသြဇာကို ဒီဇင်ဘာလမှာ နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်၊ ပိုတက် ၁၆:၁၆:၁၆ အချိုး မြေသြဇာ ကွန်ပေါင်းကို တစ်ပင် သုည ဒသမ ၈ ကီလိုဂရမ် နူန်းကို သဘာဝမြေသြဇာတစ်အိတ်နှုန်းနဲ့ ရောကျွေးပါ။ အသီးအရည်အသွေး ကောင်းစေရန်အတွက် အသီးမခူးမီ တစ်လအလိုတွင် နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်၊ ပိုတက်ဓာတ်မြေသြဇာကွန်ပေါင်း ၁၃:၁၃:၁၄ အချိုးကို တစ်ပင်လျှင် သုည ဒသမ ၈ ကီလိုဂရမ်နှုန်းနဲ့ သဘာဝမြေသြဇာတစ်အိတ်နဲ့ ရောကျွေးပါ။ မြေသြဇာကျွေးပြီးတိုင်း ကောက်ရိုး၊ မြက်ခြောက်၊ အမှိုက်ဖြင့်ဖုံးထားပြီး ရေဝအောင် သွင်းပေးပါ။
အဓိကကတော့ ကျွဲကောသီးချဉ်ပြီး ကြပ်မနေစေရန်အတွက် ကျွဲကောသီးဆွတ်ခူးပြီး အောက်တိုဘာလတွင် သစ်ရွက်ဆွေး၊ နွားချေး၊ ကြက်ချေး တစ်ပင်တစ်တင်းနှုန်း၊ မဖောက်ထုံးတစ်ပင် သုံးပေါင်နှုန်း၊ ဂျစ်ပဆန်ကျောက်မှုန့် ပြည် တစ်ဝက်၊ မဂ္ဂနီးစ်တို့ကို ရောစပ်ပြီး မြောင်းတူးထည့်ပါ။ ပြီးလျှင် မြက်ခြောက်၊ အမှိုက်များဖုံးထားပေးပါ။ မိုးပြတ်လျှင် ရေသွင်းပါ။ ပန်းပွင့်ကြွေမှုမှ ကာကွယ်ရန် ပန်းမပွင့်မီ၊ ပန်းစပွင့်ချိန်တွင် ရေကို သုံးရက်ခြာတစ်ကြိမ်သာ သွင်းပါ။ အသီးသံပုရာသီးအရွယ်တွင် ရေသွင်းရမည့် အကြိမ်ကို လျော့ချပါ။ ၁၅ ရက်မှ ၂၀ ရက်ခန့် ရေဖြတ်ပေးပါ။
သီးထွက်နှုန်း ပုံမှန်ယူမယ်ဆိုရင် အပင်ပိုင်းကြီးထွားမှုကာလမှာ ရေပိုမိုလိုအပ်ပါတယ်။ မိုးရွာရင် ရေသွင်းစရာ မလိုပါ။ ရေကို ချိန်ဆသွင်းပါ။ ဒါဆိုရင် ကျွဲကောသီးခင်း အသီးပြန်ဖြိုင်ဖြိုင်သီးလာပြီး ကျွဲကောသီးသည် ချို၊ အတွင်းသားကြပ်ဖြစ်တာလည်း ကင်းဝေးသွားပါလိမ့်မည်။
မောင်ငြိမ်းအောင် (တန့်ဆည်)
Source - ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။
ဦးထွန်းလှ
လွန်ခဲ့သော ၄ လ ကအသီးတွေတမ်းလန်းနဲ့အပင်ဘာကြောင့်ငြိုးတာလဲ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကွမ်းကသိပ်အတက်မကောင်းလို့ဗျဘာတွေလိုနေတာလဲပြောပေးပါဦးဆရာတို့
တောသားလေး • ဖြေကြားချက် 2 ခု
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 2 ခု
sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ
Htet Lin • ဖြေကြားချက် 3 ခု
3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့
ကိုဝေယံအောင် • ဖြေကြားချက် 1 ခု
စပါးနီမတုပ်ရောဂါဘာဆေးအသုံးပြုရမလည်းခင်ဗျာ
UTHATNINGOO • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....