အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဘူး၊ ဖရုံ၊ သခွားမျိုးနွယ်တွင် တွေ့ရများသော ပင်စည်စေးကပ်လောင်ရောဂါ

ဘူး၊ ဖရုံ၊ သခွားမျိုးနွယ်တွင် တွေ့ရများသော ပင်စည်စေးကပ်လောင်ရောဂါ

Green Way
Green Way • Greenovator • 30/01/2020

ရောဂါလက္ခဏာများ

အပင်၏ အမြစ်မှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံးတွင် ရောဂါဖြစ်ပွားစေပါသည်။ အရွက်ပေါ်တွင် အညိုဖျော့နှင့်အဝါရောင် အနားရစ် ပုံသဏ္ဍာန် မမှန်သည့် ရေစိုနာကွက်အနေဖြင့် ကွက်ပျောက်ကြားများ တွေ့ရှိရပါသည်။ ရောဂါရ တစ်ရှူး ခြောက်သွေ့ သွားပါက ကွဲအက်သွားပြီး အနက်ရောင် မှိုမျှင်လုံးများကို အလွယ်တကူ တွေ့မြင်နိုင်ပါသည်။ မိုးတွင်းကာလတွင် ရေစိုနာကွက်သည် အရွက်နှင့် ပင်စည်များတွင် လျင်မြန်စွာကူစက်ပျံနှံ့ရောက်ရှိကာ ပျက်ဆီးသွားသည်။ အများအားဖြင့် ပင်စည်အဆစ်နားတွင် ပယင်းရောင် စေးကပ်သောအလုံးလေးများ တွေ့ရှိရပြီး အကြောင်းလိုက် ကွဲအပ်သွားသည်။ ဆိုးဝါးပါက ပင်စည်အပေါ်လွှာ ခြောက်သွေ့ကွဲအပ်ပြီး အပင်သေးသည်။ ခြောက်ပြီးသေသွားသည်။ တစ်ရှူးနေရာတွင်အမဲရောင် မှိုလုံး (pycnidia) များတွေ့ရှိရပါသည်။ အစေ့ရွက်တွင် ကျရောက်မူ တွေ့ရခဲသော်လည်း အသီးညှာ သို့မဟုတ် ထိပ်ပိုင်းတွင် အစိမ်းနက်ရောင် အပျော့ပုတ်နှင့် ရှုံ့တွသော တစ်ရှူးများကို အသီးမခူးခင်နှင့် ခူးပြီနောက်တွေ့ရသည်။

ရောဂါဖြစ်စေသည့်သက်ရှိ

လိမ်မဲ့ Phoma spp

လိပ်ပေါင်းမှို Didymella bryoniae နှစ်မျိုးစလုံးကြောင့် ဖြစ်ပွားတတ်ပါသည်။ ရောဂါပြန့်နှံမှုမှာ ကမ္ဘာအနှံ့ အပူပိုင်းနှင့် သမပိုင်း ဒေသများတွင် ပျံနှံ့ကျရောက်ပါသည်။

ရောဂါကျရောက်သည့် လက်ခံသီးနှံပင်များ

လိင်မဲ့ Phoma spp မှိုကြောင့် ဖြစ်သော လက်ခံသီးနှံပင်များသည် အလွန်ကျယ်ပြန့်ပါသည်။ ဘူး ဖရုံ သခွားမျိုးနွယ်ဝင်ပင်များနှင့် ပဲ၊ ရုံးပတီ၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးရွက်ကြီးတို့တွင် ကျရောက်ဖြစ်ပွားတတ်ပါသည်။ လိင်ပေါင်းမှိုDidymella btyoniae အနေဖြင့် သခွားမွေး၊ သခွား၊ ဖရုံ၊ ဖရဲ၊ ဖရုံသခွား၊ ခဝဲနှင့် ဘူး တို့တွင်သာ ကျရောက် ဖြစ်ပွားတတ်ပါသည်။

ရောဂါဖြစ်ပွားစေရန် အားပေးသော အခြေအနေများ

ရောဂါဖြစ်ပွားစေရန် အကောင်းဆုံး အပူချိန်သည် ၂၅.၃၂ ဒီဂရီစင်တီဂရိတ် ဖြစ်သော်လည်း စွတ်စိုထိုင်းမှိုင်းသောအခြေအနေသည် ရောဂါဖြစ်ပွားစေရန် ပို၍အားပေးသည်။ အရွက်များ အစဉ်မပြတ် ရေအစိုဓာတ်ရှိပါက ရေစိုနာကွက် ပိုမိုကြီးမားကျယ်ပြန့်သွားနိုင်သည်။ ရောဂါဖြစ်စေသော လိင်မဲ့စပိုးများသည် မိုးစက် ရေပေါက် ထိမှန် ခြင်းကြောင့်လည်းကောင်း လိင်ပေါင်းစပိုးများသည် လေအားဖြင့်လည်းကောင်း ကူးစက်ပျံ့နှံရောက်ရှိစေပါသည်။ ရောဂါကျ အစိတ်အပိုင်းများ၊ သီးနှံပင်ကြွင်းပင်ကျန်များကြားတွင် ခိုအောင်းနေနိုင်ပြီး မျိုးစေ့ဆောင်အဖြစ် မကူးစက်နိုင်ပေ။

ကာကွယ်နှိမ်နင်းနည်း

ဓာတုဆေးများအနေဖြင့် ကာကွယ်ဆေးများမှာ

ပိုင်ရာကဘိုစရိုဘင် (Pryaclostrobin)

ကလိုရိုသာကိုနှေး (Chlorothalonil)

မန်ကိုဇက် (Mancozab)

သိုင်အိုဖီနိတ်မှသိုင်း (Thiophanate methyl)

ကတ်ပ်တန် (Captan ) နှင့်

ကုသဆေးများ အနေဖြင့်

အောက်ဇီစရိုဘင် (Azystrobin) သည် ပင်စည်စေးကပ်လောင်နှင့် မှဲ့ပျောက်စွန်း ရောဂါတို့တွင် အသုံးပြုနိုင်ပါသည်။ စိုက်ခင်းအတွင်း စီမံခန့်ခွဲမူအနေဖြင့် လုပ်ဆောင်ခြင်း၊ ရောဂါဆိုးဆိုးဝါးဝါး ကျရောက်သည့်အခင်းအား ဘူး၊ ဖရုံ၊ သခွား၊ ဖရဲ၊ မျိုးနွယ်ဝင်ပင်မှအပ အခြားသောသီးနှံပင်များနှင့် အနည်းဆုံး တစ်နှစ်ခွဲခန့်ကြာသည်အထိ သီးနှံ ပြောင်းလဲစိုက်ပျိုးရန်၊ ရေသွင်းရေထုတ်ကောင်းမွန်ရန်၊ ထယ်ရေးနက်နက်ထိုးရန် လိုအပ်ပါသည်။ ရောဂါမျိုး မူရင်းဇစ်မြစ်များ လျှော့နည်းစေရန် ရောဂါရပင်ကြွင်းပင်ကျန်များကို သီးနှံဆွတ်ခူးပြီးလျှင် ပြီးချင်း ဖယ်ရှားပါ။ ခံနိုင်ရည်ရှိသောမျိုးနှင့် အရည်အသွေး ကောင်းမွန်သော မျိုးစေ့များကိုအသုံးပြုပါ။

Source- East-West Seed International

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

အဲတာဘာဖြစ်တာလဲ ဘာရောဂါလဲ ဟိုမဟုတ်ဘာပိုးကျတာလဲ ကွမ်းရွက်အောက်တေမှား အဖြူဥလေတွေ အမဲဥလေတွေ အဲလိုတေဖြစ်နေတာဘာကြောင်​ဖြစ်တာ လဲ ဘာဆေးတေသုံးရင်အဆင်ပြေနိုင်မလဲ ဖြေခဲ့ပေပါအုံးဆရာတို🙏🙏🙏

Aung Ko Min • ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

fipronil profenofos beta.cypermethrin ဒီဆေးသုံးမျိုးအတွဲကမတ်ပဲမှာဘာပိုးတွေကိုနှိမ်နှင်းပေးပါသလဲဖြေပေးပါအုံးဆရာတို့

ဦးစိုး • ဖြေကြားချက် 1 ခု

profenofos beta.cypermethrin frpronil ဒီဆေး3မျိုးအတွဲကဘယ်လိုကာကွယ်ကုသပေးနိုင်ပါသလဲဖြေပေးပါအုံးဆရာတို့

myantthirikhet • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။