ပျော်စရာ ပဟေဠိ(၄၆)

21/10/2020 18:49 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီတစ်ပတ်အတွက် မေးခွန်းအသစ်လေးနဲ့အတူ ပဟေဠိလေးလာပါပြီ။

ဆုတွေကံစမ်းနိုင်တဲ့နေရာက (၂)နေရာတောင်ဖြစ်နေပြီနော်..

၁။ ဆော့ဝဲထဲက စစ်တမ်းမှာ သွားဖြေမယ်

၂။ ဖေ့ဘုတ်ကပို့စ်ကို like and share လုပ်ထားတဲ့ ssနဲ့အတူ comment မှာဖြေမယ်

ဆုအမျိုးအစားတွေကတော့

✅အမြန်ဆုံးနဲ့ အမှန်ဆုံးဆု 4000ကျပ်

✅တိကျမှုဆု 3000ကျပ်

✅ကံထူးရှင်ဆု 2000ကျပ်

ရွေးချယ်စရာတွေလည်း ပေးထားတာမို့ ဆော့ဝဲထဲမှာမြန်မြန်နဲ့မှန်မှန်ဖြေပြီး ဆုအကြီးဆုံးကိုလည်း ယူနိုင်ပါတယ်။

အဲ.. တိကျမှုဆုဆိုတာ ရှိသေးတာမို့  ဒုတိယမေးခွန်းလေးကို သတိထားပါအုံးနော်

အစိမ်းရောင်လမ်းမှာ တင်ထားတဲ့ ဆောင်းပါးတွေထဲကနေ ပြန်မေးထားတာမို့ လုံးဝမခက်ပါဘူး...

ကဲ...၂ နေရာတောင်ကံစမ်းနိုင်တာမို့ ဆုတွေနဲ့ ပိုမိုနီးစပ်နိုင်ပါတယ်။

အဖြေမှန်တွေ ဆုရတဲ့သူတွေနဲ့အတူ နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ပြန်စုံကြမယ်နော်။

ဆော့ဝဲထဲက ဖြေဆိုရမယ့်နေရာကိုတန်းရောက်ဖို့ အောက်မှာပေးထားတဲ့လင့်ကိုနှိပ်ပါ။

ပျော်စရာ ပဟေဠိ (၄၆)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်