ဒီတစ်ပတ်ရဲ့ ပဟေဠိလေးကတော့ အသစ်အဆန်းလေးပါဗျို့...
ပုံမှာပြထားတဲ့ ဆောင်းပါးလေးက ဘယ်ကဏ္ဍမှာပါသလဲခန့်မှန်းရမှာပါ
ဥပမာ- စိုက်ပျိုးနည်းပညာထဲက ပိုးမွှားမှာပါတာလား?
မွေးမြူနည်းပညာထဲမှာ ပါတာလား စသည်ဖြင့်ပေါ့နော်...
ဆော့ဝဲထဲက စစ်တမ်းမှာဖြေဆိုရမှာဖြစ်ပါတယ်နော်။
ဖြေဆိုရမယ့်နေရာ တိုက်ရိုက်ရောက်ချင်ရင်တော့ အောက်ကလင့်ကိုနှိပ်ပါ
ဦးကြီးတို့သိကြတယ်မလား ဒီအစီအစဉ်လေးက နေရာနှစ်ခုမှာ ကံစမ်းလို့ရတယ်ဆိုတာ...
ဖေ့ဘုတ်ပေ့ချ်မှာလည်း ဆုလက်ဆောင်တွေအတွက် ကံစမ်းချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးကို shareထားတဲ့ စခရင်ရှော့လေးနဲ့ တကွ အဖြေကို မန့်ခဲပါနော်။ (shareထားတဲ့ ပုံလေးမပါရင် ဆုရွေးတဲ့အခါ ထည့်သွင်းမစဉ်းစားပါဘူးနော်)
ဆုတွေကတော့
ပထမဆု ၄၀၀၀ ကျပ်
ဒုတိယဆု ၃၀၀၀ ကျပ်
တတိယဆု ၂၀၀၀ ကျပ် တို့ပဲဖြစ်ပါတယ်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more