အဖြေမှန်လေးလာပါပြီဗျို့...
အမျိုးတို့ကို မေးခဲ့တဲ့ စိုက်ပျိုးရေးဆိုင်ရာ ဝေါဟာရလေးတစ်ခုကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွဲဖက်လုပ်ကိုင်တဲ့ ပေါင်းစည်လယ်ယာအကြောင်းလေးပဲဖြစ်ပါတယ်။
ဆုရရှိသွားသူတွေကတော့
နေပြည်တော် ဇေယျာသီရိက ကိုကျော်ဇေလင်း
ပခုက္ကူက ကိုသန်းလှိုင်
ဖေ့ဘုတ်ကံထူးရှင်U Lay Gyi
ပါဝင်ဖြေဆိုသူအားလုံးအတွက် ဗဟုသုတလေးလဲမျှဝေလိုက်ပါတယ်ရှင့်
ပေါင်းစည်းလယ်ယာ နည်းစနစ်လေးက အကုန်အကျသက်သာတဲ့အပြင် အကျိုးအမြတ်များစေတဲ့ လယ်ယာစနစ်လေးတစ်ခုဖြစ်ပါတယ်နော်
စပါးနဲ့ငါးပဲတွဲလုပ်လုပ် ၊ကျွဲနွားမွေးမြူရေးနဲ့ စိုက်ပျိုးရေးပဲတွဲလုပ်လုပ်၊ ငါးကန်နဲ့ပဲတွဲစိုက်စိုက် ပေါင်းစည်းလယ်ယာလို့ခေါ်ပါတယ် အမျိုးတို့ရေ…
မွေးမြူရေးကထွက်တာတွေကို စိုက်ပျိုးရေးမှပြန်သုံးတာမျိုးတွေပါမှာပေါ့နော်...ဒီနည်းစနစ်ရဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ဆော့ဝဲထဲမှာဖော်ပြထားပါတယ်နော်..
ဗဟုသုတတွေလည်းရ ဆုငွေတွေလည်းရမယ့် ဒီအစီအစဉ်မှာ ပါဝင်ဖို့ ဆော့ဝဲလေးသုံးပြီး အကျိုးအမြတ်တွေရယူပါ။
ည(၇)နာရီမှာ ပဟေဠိ အသစ်လေးနဲ့ ပြန်ဆုံကြမယ်နော်…
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more