တညင်ဖိုပင်နှင့် ကျန်းမာရေး

25/11/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

     အမြဲစိမ်းသည့် evergreen tree အပင်ငယ်တစ်မျိုးပါ။ ပျဥ်းတော်သိမ်အပင်နဲ့ဆင်ပါတယ်။ အရွက်တွေက ငှက်မွှေးရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၉ ခုကနေ ၁၅ အထိပါတယ်။ အရွက်တွေမှာ ဂလင်းအစက်များ gland-dots pellucid ပါတယ်။ ပန်းပွင့်လေးတွေက အဖြူရောင်လိင်စုံ အထက်တည်မ အချိုးညီကြတယ်။ ပွင့်ဖတ်အုံ Calyx က ခွက်ပုံ cupular ဖြစ်ပြီး အဝိုက် ၅ ခုပါတယ်၊ ပွင့်ချပ် ၅ ခုပါပြီးကွာနေတယ်။ ဝတ်ဆံဖို ၁၀ ခုပါတယ်၊ အစေ့အိမ်က ဆလင်ဒါပုံစံ အခန်း ၅ ခုပါတယ် အသီးလေးတွေက ဘယ်ရီသီးလေးတွေ ဖြစ်တယ်။ 

အသုံးဝင်ပုံ

     တိုင်းရင်ဆေးအတွက် တန်ဖိုးရှိသောအပင်ဖြစ်သည်။ သဘာဝအတိုင်းအရိုင်းပေါက်သည်။ အရွက်နုပါသော အကိုင်းငယ်များကို စားသုံးနိုင်တယ်။ အရွက်တွေကို အားတိုးဆေး general tonic အဖြစ်သုံးတယ်။ ထို့ပြင် အမျိုးသမီးများ  ရာသီသွေးမှန်ကန်စေရန် ထိန်းညှိပေးနိုင်တယ်။ အဖျားရောဂါကိုကုသနိုင်တယ်။ အကိုင်းနုလေးတွေကိုပြုတ်ပြီး ဆေးရည်အဖြစ် ကလေးငယ်လေးတွေမှာဖြစ်တတ်သည့်  infantile convulsions ကိုကုသနိုင်တယ်။ အရွက်ကရသောအရည်ကို လျှာပေါ်တွင်အဖြူအစက်များပေါ်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနဲ haemorrhoids ရောဂါတွေကုသနိုင်တယ်။

     အရွက်ပြုတ်ရည်က သွားကိုက်ခြင်းနှင့် ကလေးငယ်များမှာဖြစ်တတ်သည့် teething problems ကို ကုသနိုင်တယ်။ အရွက်မှုန့် များကို အနာအုံဆေး အဖြစ်သုံးနိုင်သလို အရေပြားယားယံတာတွေကိုကုနိုင်တယ်။ အရေပြားပေါ်ရှိသော ဝဲခြောက်တွေကို အရွက်ဖြင့်ပွတ်တိုက်ပြီးကုသနိုင်တယ်။ အရွက်နဲ့ အကိုင်းငယ်များရဲ့ အတွင်းဖက် အခေါက်တွေကို ခေါင်းကိုက်ရောဂါ၊ အစာအိမ်ရောဂါ၊ ချောင်းဆိုး၊ ရောဂါတွေကုသရာမှာ သုံးနိုင်တယ်။ အရွက်အမြစ်တွေကို ဖျားနာဆေး febrifuge အဖြစ်သုံးနိုင်တယ်။ အမြစ်ပြုတ်ရည်ကို ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောရာမှာ သုံးနိုင်သလို လေနိုင်ဆေးအဖြစ်လည်းသုံးနိုင်တယ်။

ကိုသက်နိုင်ဦး

ဟုမ္မလင်း


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်