သက်ရင်းကြီး

23/04/2020 19:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“မင်းခါးနာနေရင် သက်ရင်းကြီးရွက်ကို အိပ်ယာအောက်ထားအိပ်လိုက်ပါ။ ကောင်းသွားပါမယ်" ဟူသော ပြောသံကို ကြားဖူးပေလိမ့်မည်။ ထိခိုက်မိလျှင်လည်း သက်ရင်းကြီး၊ မိဿလင်တို့နှင့် ရောပြီးစီထားပေးကြသည်။ ကြပ်ထုပ်ထိုးကြသည်။

သက်ရင်းကြီးဖြင့် အရက်ဖြတ်၍ရသည်။ ဝမ်းချုပ်လျှင်လည်း အရွက်နုကို တို့စား၊ သုပ်စားခြင်းဖြင့် ဝမ်းသက်သာစေသည်။ သက်ကြီးအသုံး ရေးမဆုံးအောင် များပြားလှသည်။

သက်ရင်းကြီး၏ မျိုးရင်းသည် ကြက်ဆူမျိုးရင်း (EUPHOR BIACEAE) ဖြစ်သည်။ ပင်စည်ဖြောင့်မတ်သည်။ အပင်လတ်မျိုးဖြစ်သည်။ အမြင့်ပင် ၃၀ အထိရှိသည်။ အပွေးအခေါက်များ အညိုရောင်ရှိသည်။ 

ရွက်လွှဲထွက်သည်။ ရွက်ထိပ်ပြားချွန်သည်။ အရွက်ရင်းသွယ်သည်။ အလယ်ပိုင်းကျယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ အရွက်မှာ တစ်ပေခန့်ထိ ရှည်တတ်သည်။ အနံမှာ ငါးလက်မခန့်ထိ ကျယ်သည်။ ရွက်ပြားပြောင်ချောသည်။ ရွက်နားပတ်လည်ခွေးသွားစိတ်ရှိသည်။

အကိုင်းထိပ်တွင် အပွင့်များ အခိုင်လိုက် ဖူးပွင့်ကြသည်။ အစိမ်းဖျော့ရောင်ရှိသည်။ နယုန်၊ ဝါဆိုလတွင် ပွင့်ကြသည်။ 

အမြောင်းပါ၍ ရှည်မျောမျောအသီး သီးသည်။ သုံးမြှောင့်ပုံဖြစ်သည်။ သီတင်းကျွတ်လတွင် သီးသည်။ နေရာဒေသမရွေး သဘာဝအလျောက် ပေါက်ရောက်သည်။

သက်ရင်းကြီးသည် ငါးမျိုးရှိသည်။

(၁) သက်ရင်းကြီး

(၂) သက်ရင်းသိမ်

(၃) သက်ရင်းဖြူ

(၄) သက်ရင်းကတိုး

(၅) သက်ရင်းပေပြတ် ဟူ၍ ဖြစ်ကြသည်။

အမြစ် အခေါက် အရွက်ကို ဆေးဖက်တွင် သုံးကြသည်။ မြန့်မာ့ဆေးကျမ်းများတွင် သက်ရင်းကြီးသည် ပူခါးသော အရသာရှိသည်။ ပူသက်ပွင့်ဖြစ်သည်။ ဝမ်းမှန်စေသည်။ သွေးကို ကြေစေသည်။ လေကို နိုင်၏။ ဝမ်းသွားသော ရောဂါ၊ သွေးစုခဲသော ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ ပြည်တည်နာတို့ကို ပျောက်ကင်းစေ၏။ အောက်အထက် ဖောက်ပြန်သော အနာ၊ နူနာတို့ကို နိုင်၏။ အဆိပ်ကို နိုင်၏။ သွေးကို ကြွစေ၏။ သွေးအထက်သို့ ဆန်တက်သောအနာ၊ ဒဏ်ရာဟောင်းနာတို့ကို နိုင်၏ဟု ဖွင့်ဆိုကြသည်။

အသုံးပြုပုံ

- အနာဆွေး၊ အနာဟောင်းများ မကျက်နိုင်ပဲ ပြည်ကတစိုစိုဖြစ်နေလျှင် သက်ရင်းကြီးရွက်ကို ညက်ညက်ကြိတ်ပြီး အုံပေးပါက အသားနုတက်ပြီး အမြန်ကျက်စေသည်။

- ဝမ်း လေ မမှန်လျှင် သက်ရင်းကြီး ရွက်နုကို ပြုတ်တို့စားကြသည်။ ဝမ်းကိုက်ခြင်း၊ ဝမ်းသွားခြင်း တို့ကိုလည်း ပျောက်ကင်းစေနိုင်၏။

- အစာကြေ ဝမ်းမှန် လေနိုင်စေရန် အမြစ်ကို ထန်းလျက်နှင့် စိမ်ပြီး စိမ်ဆေးအဖြစ် နေ့စဉ် သောက်ပေးနိုင်သည်။

- အရက်ဖြတ်လိုသူများ ထိုစိမ်ဆေးရည်ကို နေ့စဉ် မှန်မှန်သောက်ပေးခြင်းဖြင့် အရက်ပြတ်နိုင်သည်။ အရက်ပြတ်ပြီးနောက် ထိုစိမ်ဆေးရေကို မှန်မှန်သောက်ပေးလျှင် အခြားရောဂါများ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးသည်။

- ဒူလာ၊ လိပ်ခေါင်းရောဂါကို သံပုရာရည်ဖြင့် သွေး၍ သောက်အပ်၏။

- အဆုတ်၊ အသဲရောင်ခြင်း၊ ကြီးခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ ဖောရောင်ခြင်းရောဂါတို့၌ သက်ရင်းကြီးအမြစ်ခေါက်ကို အတွင်းဆေး အပြင်ဆေးအဖြစ် စားသုံးခြင်း၊ လိမ်းခြင်း၊ ကြပ်ထုပ်ထိုးခြင်းများ ပြုလုပ်ပေးပါက ပျောက်ကင်းနိုင်၏။

- ဖောရောင်ဖျားသော အဖျားရောဂါအတွက် သက်ရင်းကြီးခေါက်ကို ပြုတ်သောက်ခြင်းဖြင့် အဖောကျပြီး အဖျားပျောက်စေ၏။

- မြွေကိုက်ခံရသော လူနာများအတွက် သက်ရင်းကြီး အခေါက်ကို သွေးတိုက်ရ၏။

ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာနှင့် ဆေးဖက်ဝင်အပင်များ 

ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

ယခုဆောင်းပါးသည် ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်